နေ့တာတိုညတာရှည်တဲ့ ဆောင်းရာသီကာလ.. ကောင်းကင်မှာတော့ တောက်ပတဲ့
ကြယ်စင်ကြယ်တန်းတွေက နေရာယူထားတယ်။ညလေအေးက တဝေ့ဝေ့... ချမ်းအေးလွန်းတဲ့ ဒီဇင်ဘာဆောင်းညကို ချစ်ရသူရဲ့လက်ကလေး ဆုပ်ကိုင်ပြီး ဖြတ်သန်းရတာ ဘယ်လောက်တောင်မှ ကြည်နူးစရာကောင်းလိုက်သလဲ.။
" ပျော်လား ဒီနေ့ "
" ပျော်တာပေါ့လို့ ဒီလိုနှစ်ယောက်တည်းလျှောက်မလည်ရတာ ဘယ်လောက်တောင်ကြာပြီလဲ "
" မင်းသာပျော်ရင် ကိုယ်ကျေနပ်ပါတယ် နောက်ဆို ဒီလိုအမြဲလည်နိုင်အောင် ကိုယ်ကြိုးစားမယ်နော် "
ကိုယ်နဲ့တွေ့တိုင်း ကလေးတစ်ယောက်လို ပေါ့ပါးလွတ်လပ်စွာနေတတ်တဲ့ ချစ်ရသူ။
လက်ဆွဲထားရင်းနဲ့တောင် ဆံနွယ်တိုတိုလေးတွေ လေမှာဝဲသည့်တိုင် ယုန်လေးတစ်ကောင်လို ခုန်ဆွခုန်ဆွသွားနေသည်မှာ ကိုယ်နဲ့ဆို သူလေးဘယ်လောက်ပျော်ရွှင်ကြောင်း အားလုံးသိအောင် ဖော်ပြစရာလိုမယ်လို့တောင်မထင်ပါ။" ရောက်တောင်ရောက်လာပြီပဲ "
" အင်း မခွဲချင်သေးဘူး "
" ဒီလူကြီးကတော့.. နေ့တိုင်း တွေ့နေရတာကို"
" နေ့တိုင်းထက် အချိန်တိုင်းတွေ့လို့ရအောင် ဘယ်သွားသွား အိပ်ကပ်ထဲထည့်သိမ်းသွားချင်တာ သိမ်းလို့မရလို့ "
" ပြောတတ်လိုက်တာနော် ဟုတ်ပါပြီ ဒီနားတိုး"
သူလေး စိတ်ကျေနပ်အောင် အနားတိုးသွားလိုက်ဝောာ့..
ပြွတ်စ်!
" အာ.. မင်းတော့! "
ပါးပေါ်ကျရောက်လာတဲ့ အနမ်းတစ်ပွင့်က အေးစက်လှတဲ့ရာသီဥတုနဲ့ ဆန့်ကျင်စွာ ရင်ထဲနွေးထွေးသွားဖို့ အကောင်းဆုံးအရာ...
" ဘာလဲ မကျေနပ်ဘူးလား "
ထင်မထားခဲ့လို့ ရုတ်တရက်ထွက်သွားခဲ့တဲ့ စကားကြောင့် မင်းလေးက မကျေနပ်ဘူးထင်ရင် မှားသွားမယ် ကလေးငယ်။
တကယ်တမ်း မင်းရဲ့အနမ်းကြောင့် ကိုယ့်ရင်ဘတ်ပေါက်ထွက်မလိုဖြစ်သွားတာ မင်းမှမသိဘဲ။
YOU ARE READING
🌸ဆာကူရာရဲ့စကားသံ🌸 (Completed)
Short StorySuccess or Beautiful Heart~~🌸 အောင်မြင်ခြင်း (သို့) လှပသောနှလုံးသား~~🌸 Ministory 💛