* ဘာလုပ်နေလဲ ကလေး *
* ထမင်းရော သေချာစားရဲ့လား *
* အိပ်ပျော်နေပြီလား *
* ဟေး စာပြန်လေကွာ *
ညရောက်တိုင်း နှုတ်ဆက်နေကျ သူ့မှာစာပို့မိတော့ စာမပြန်လာတဲ့အခါ စိတ်ပူရတယ်။
ဖုန်းခေါ်မိတော့ ပထမတစ်ခါမကိုင်..
ဒုတိယတစ်ခါလည်း မကိုင်..
နောက်ဆုံး တတိယတစ်ခါကျမှ" ဟယ်လို " ဆိုတဲ့ အသဲဝဲဝဲလေးထွက်လာတော့တယ်
" မင်းလေး ဘယ်လိုဖြစ်တာလဲ "
" ကိုယ့်ကို စာလည်းမပြန် "
" ဖုန်းဆက်တော့လည်း အခုမှကိုင်တယ် "
" တော်သေးတာပေါ့ မကိုင်ဘဲမနေတာ "
စိတ်ပူလို့ လေသံမာသွားပြန်တော့ မလွန်ခင် အချိန်မီပြန်ထိန်းလိုက်ရတာလဲ Yoongiကိုယ်တိုင်ပါပဲ။
" ကျွန်တော် အိပ်ပျော်သွားတာ "
" တောင်းပန်ပါတယ် Yoongi "
" မင်းလေး တောင်းပန်စရာမလိုဘူး ကလေးငယ် "
" ဒါပေမဲ့ မင်းလေးအိပ်ချင်ပြီဆိုတာနဲ့ ကိုယ့်ကို ပြောပြသင့်တယ် "
" ကျွန်တော် မှတ်ထားပါ့မယ် Yoongi "
" အိပ်နေတာဆို ပြန်အိပ်တော့လေ ကိုယ်ဖုန်းချလိုက်တော့မယ် "
" ဟင့်အင်း "
" လူကြီးကို လွမ်းလို့ "
သူလေးစကားတွေကြား လမ်းပျောက်တာလဲ ခဏခဏ ။ တဖြည်းဖြည်းနဲ့ Jiminဆိုတဲ့ ဝင်္ကပါလေးထဲ ပိတ်မိနေပြီ။
တစ်ခဏချင်း တိတ်ဆိတ်သွားတဲ့ ဖုန်းလိုင်း..
Jimin အိပ်ချင်မူးတူးဖြင့် ဖုန်းကို စိုက်ကြည့်နေမိတယ်။ဘာဖြစ်သွားတာလဲ !
လူကြီးက စိတ်ဆိုးတာလား...
တောင်!
ဖုန်းထဲဝင်လာတဲ့စာက
* အိမ်ရှေ့ရောက်နေတယ် ထွက်ခဲ့! *
_🌸
" ဒီလောက်အေးစက်နေတာကို ရောက်လာသေးတယ် "
" လူကြီး တော်တော်ဆိုး "
အအေးဒဏ်ကို အံတုနေတဲ့ နှစ်ယောက်မှာ နှာခေါင်းနဲ့နှုတ်ခမ်းလေးတွေကတော့ နီရဲနေကြလေပြီ ။
YOU ARE READING
🌸ဆာကူရာရဲ့စကားသံ🌸 (Completed)
Short StorySuccess or Beautiful Heart~~🌸 အောင်မြင်ခြင်း (သို့) လှပသောနှလုံးသား~~🌸 Ministory 💛