Part 1(Unicode)

254 7 1
                                    

'မောင်...'

'အင်း' ဟု မင်းခန့်ဗညားက ထူးလိုက်သော်ငြား တစ်ဖက်က ဘာတုံ့ပြန်မှုမှ မပြုဘဲ ခဏ အကြာတွင်မှ

'သော်တာ အရမ်းမှားသွားပါတယ်. မောင့်အပေါ်ဒီလိုလုပ်ရပ်မျိုးကျူးလွန်မိတဲ့ အတွက် သော်တာ တကယ်ကို နောင်တ ရနေပါပြီ မောင်ရယ်.. သော်တာ နောက် ဒါမျိုးမဖြစ်စေရဘူးလို့ ရဲရဲကြီး အာမခံပါတယ်'

တစ်ဖက်က ဘာတုံ့ပြန်မှု မှ မပြုတော့ သော်တာက ပဲ

'နော် မောင် မောင်စိတ်ဆိုးပြေမယ်မလား ဟင်'
ထိုအခါ မင်းခန့်ဗညားက

'အင်းပါ မောင်စိတ်ဆိုးပြေပါတယ် မောင်ခွင့်လွှတ်တယ်နော် သော်တာ မငိုနဲ့တော့'

ထိုသို့ ပြောလိုက်တဲ့အခါမှ နှာတရှူံ့ရှူံ့ မျက်ရည် စက်လက်နဲ့ တစ်ယောက်က နည်းနည်းအငိုတိတ်သွားတော့သည်...

မင်းခန့် စိတ်ထဲတွင် နည်းနည်းတော့ နာကျည်းစိတ်ဝင်မိမှာအမှန်.. သော်တာ့ကိုမင်းခန့် အရမ်းချစ်သည် သူဘယ်လောက်ထိ ချစ်သလဲဆို ဘေးလူတွေဖြစ်တဲ့ သူငယ်ချင်းများကတောင်မှ 'အရမ်းချစ်တတ်သူကြီး'ဟုပင် နာမည်ပြောင်ပေးထားကြသေးသည်.သော်တာကတော့ ထိုသို့မဟုတ် အရမ်းချစ်ပေးတော့ တန်ဖိုးမထားတတ်တော့သလိုပင်...

'အဲ့ဒါဆို သော်တာ ပြန်တော့မယ်နော် မောင်'

သူတို့ ထိုင်နေကြတာက Canteenမှာ..သော်တာက အတန်းချိန်ရှိသေးလို့ ပြန်တော့မည်ဟု ပြောလိုက်ခြင်းပင်...

'အင်း ဟုတ်ပြီ အဲ့ဒါဆို မောင်လိုက်ပို့မယ်လေ'

'ရပါတယ် မောင်ရဲ့ မောင်လည်း အတန်းချိန်ရှိသေးတာပဲကို'

'အင်း အဲ့ဒါဆိုလည်း ဂရုစိုက်သွားနော် သော်တာ.. မောင်လည်း ခဏထိုင်ပြီးတာနဲ့ အတန်းသွားတက်တော့မယ်'

'ဟုတ်ပြီမောင် ဒါဆို ချစ်တယ်နော် စိတ်မဆိုးနဲ့တော့'

'အင်းပါ'

ထိုသို့ နှုတ်ဆက်ပြီးတာနဲ့ သော်တာ အတန်းတက်ရန် ထွက်လာခဲ့တော့သည်..

သော်တာနဲ့ မင်းခန့်က အသက်တစ်နှစ်သာကွာသည်... သော်တာက တတိယနှစ် economic ကျောင်းသူ. မင်းခန့်ကတော့ ဒုတိယနှစ် computer scienceကျောင်းသား..

Strawberries and Cigarettes Where stories live. Discover now