Part 8(Unicode)

54 4 0
                                    

စားသောက်ဆိုင်တစ်ခုအတွင်းတွင်ဖြစ်သည်...

'မောင်မလာသေးဘူးလား လမင်းသာ'

'ခုနကတော့ ထွက်လာပြီလို့ ပြောတယ် အစ်မ'

အနီရောင်ဂါဝန်တိုလေးကို ဝတ်ဆင်ကာ ဆံပင်ကိုလည်း တစ်ဝက်စည်းပြီး ကျနေတဲ့ ဆံပင်များကို ရှေ့နှစ်ဖက်ကိုနည်းနည်း အနောက်ကိုနည်းနည်းချထားသည့် စန်းသော်တာက လှချင်တိုင်းလှနေတော့သည်...

လက်မှာလည်း platinum hand chainတစ်ခု ဝတ်ဆင်ကာ ဒေါက်ဖိနပ် ရွှေအိုရောင်လေးကို စီးထားသည် မြင်သူတိုင်းငေးရမယ့် အလှပဂေးလေးပင်ဖြစ်သည်...

သော်တာကလည်း လူကုံထံ အသိုင်းအဝိုင်းကပဲ ဖြစ်သည် သော်တာက တစ်ဦးတည်းသော သမီး သူ့မိဘတွေဆို သည်းသည်းလှုပ်ကို ချစ်ကြတာ အလိုလည်းလိုက်သည် သူတို့သမီးမျက်နှာ တစ်ချက်အညှိုးမခံ ဥစ္စာပေါ ရုပ်ချော အမျိုးသမီးလေးပေါ့...

စန်းသော်တာနဲ့ မင်းခန့်ဗညားနဲ့က ဟိုကိစ္စဖြစ်ပြီးကတည်းက အခုထိ မတွေ့ဖြစ်တာဖြစ်သည် မင်းခန့်ကပဲ စန်းသော်တာကို ရှောင်နေသလား သော်တာကပဲ မင်းခန့်ကို မဝံ့မရဲဖြစ်လို့ တွေ့ဖို့မချိန်းဖြစ်တာလားကတော့ ကာယကံရှင်တွေပဲ သိပေလိမ့်မည်...

အခုလည်း သော်တာက အရဲစွန့်ပြီး ချိန်းလိုက်လေသည် ဒါကို မင်းခန့်က သူ့သူငယ်ချင်းတွေကိုပါ ခေါ်ထားမှန်း အခုမှသိလိုက်ရလေသည်...

'အင်း အဲ့ဒါဆိုလည်း စောင့်ကြတာပေါ့'

'ဟုတ်ကဲ့ အစ်မ'

.........................................................................
လဲကျသွားတဲ့အချိန် လက်ထောက်လျက် ထိုင်လျက် လဲကျသွားတာမို့ လက်ကလွဲ တခြားဘယ်နေရာမှ ထိခိုက်မသွားပေ...

မင်းခန့်လည်း လက်ကအတော်နာနေတာမို့ သူ့ဆီလက်ကမ်းလာသူက မည်သူမည်ဝါမှန်းမသိပေမယ့် ထိုလက်ကို ကိုင်ကာ ထဖို့ပဲ ရှိတော့သည်...

မင်းခန့်ထိုသူ့လက်ကို လှမ်းကိုင်လိုက်လေတော့...

အထိအတွေ့တစ်ခု...

မင်းခန့် ထိုအထိအတွေ့ကိုခံစားလိုက်ရတဲ့အတွက် နာမည်တပ်၍မရသော ခံစားမှုတစ်ခု ဖြစ်ပေါ်သွားသည်...

Strawberries and Cigarettes Where stories live. Discover now