💞💞Chapter-5💞💞

563 13 0
                                    

         ယွန်းဂျွန်ဆီဟင်းပို့ပြီး​တော့​ကျောင်းသွားဖို့ပြင်တယ်။ယွန်းထမင်းချိုင့်​လေးဆွဲပြီး​​busမှတ်တိုင်ကိုထွက်လာတယ်။busမှတ်တိုင်မှာဂျွန်နှင့်​တွေ့တယ်။  ဂျွန်ကcompanyသွားဖို့driverလာ​ခေါ်တာ​စောင့်​နေတာပဲဖြစ်တယ်။
ယွန်း"အကို၊ဆုံပြန်ပြီ​နော်။အလုပ်သွားမလို့လား။"
ဂျွန်"​အော်၊ဟုတ်တယ်ယွန်းရဲ့။ယွန်းလည်းအလုပ်သွားမလို့လား။"
ယွန်း"ဟုတ်တယ်။ညီမကhappy english schoolမှာအလုပ်၀င်​နေတာ​​​လေ။"
ဂျွန်"ဟုတ်လား။လုပ်သက်ဘယ်​ခေါက်ရှိ​နေပြီပဲ။"
ယွန်း"အင်း၊ဘွဲ့ရပြီးကတည်းကဆို​တော့၃နှစ်​လောက်​တော့ရှိပြီ။အကို​ရောဘယ်မှာအလုပ်၀င်​နေတာလဲ။"
ဂျွန်"ကျွန်​တော်က royal companyမှာအလုပ်၀င်​နေတာ။အလုပ်၀င်တာ​တော့ကြာ​ပါပြီ။တရာ၀င်၀န်ထမ်းဖြစ်တာ၁နှစ်ခွဲ​လောက်ပဲရှိ​သေးတယ်။"
ယွန်း"အဲ့ဒါဆိုယွန်းနှင့်လမ်းတူတာ​ပေါ့။အကို့companyနှင့်ယွန်း​ကျောင်းကတစ်မှတ်တိုင်ပဲကွာတယ်။အဲ့ဒါဆို​နေတိုင်းအတူတူသွားရ​အောင်။"
ဂျွန်"​ကောင်းပါပြီယွန်းသ​ဘောပါပဲ။"
သူတို့နှစ်​ယောက်အလုပ်ကိုအတူတူသွားကြတယ်။
         ဂျွန်နှင့်ယွန်းတို့အတူသွားအတူလာဆို​တော့ပိုပြီးရင်းနှီးလာတယ်။ယွန်းနှင့်အနှီးကပ်​​ပေါင်းကြည့်မှယွန်းဖြူစင်တာကိုဂျွန်ပိုပြီးသိလာတယ်။ယွန်းကိုပိုပိုပြီးသ​လဘာကျလာတယ်။
         ဒီ​နေ့က​တော့​နွေတက္ကသိုလ်စတက်ရမယ့်​နေ့​ပေါ့။​နွေကသူဖြစ်ချင်တဲ့အင်ဂျင်နီယာ​ကျောင်းသားကြီးဖြစ်​တော့မယ်ဆို​တော့အရမ်း​ပျော်​နေတယ်။သူuniထဲ၀င်တုန်းမှာအဖြူ​ရောင်ပြိုင်ကားတစ်စီးက​နွေ့ကိုပွတ်သွားတယ်။​နွေဘာမှာ​တော့မဖြစ်ပါဘူး။လက်နှင့်​ထောက်လိုက်​တော့လက်​တော့နည်းနည်းနာသွားတယ်။ကား​မောင်းတဲ့သူကမိန်းက​လေးပဲ။​နွေ့ကိုတစ်ချက်ကြည့်ပြီးကား​မောင်းပြီးထွက်သွားတယ်။​နွေ​ကသူ့ကိုမ​တောင်းပန်ဘဲထွက်သွား​တော့ဒေါသ​တော့ထွက်သွားတယ်။ဒါ​ပေမဲ့​ကျောင်းပထမဆုံးတက်ရတဲ့​နေ့ဆို​တော့စိတ်ထိန်းလိုက်တယ်။
            ​နွေမ​ကျေမနပ်ဖြစ်​နေတဲ့​ကောင်မ​လေးက​တော့သရဖူ​မေဘဲဖြစ်တယ်။သူ့မိဘ​တွေကသရဖူဆိုတဲ့ဟိုတယ်လုပ်ငန်းစုပိုင်ရှင်​တွေဘဲဖြစ်တယ်။သားသမီးဆိုလို့ဒီသမီး​လေးတစ်​ယောက်ပဲရှိတာ​ကြောင့်ငယ်ငယ်​လေးတည်းကအလိုတာခံရတယ်။သရဖူ​မေကလိုချင်တာရှိရင်မရရ​အောင်ယူတက်တဲ့အကျင့်ရှိတယ်။
          နွေသူတက်ရမယ့်အခန်းထဲ၀င်လိုက်​တော့​စောနကသူ့ကိုကားနှင့်ပွတ်သွားတဲ့​ကောင်မ​လေးကို​တွေ့လိုက်ရတယ်။​နွေ"ဘယ်လို​ရေစက်ဆိုး​ကြောင့်လာဆုံ​နေပြန်လည်းမသိဘူး။"လို့စိတ်ထဲက​နေ​တွေးလိုက်တယ်။ဖူ(သရဖူ​မေ)လည်း​နွေကိုမှတ်မိ​ပေမဲ့မသိချင်​အောင်ပဲ​ဆောင်​နေလိုက်တယ်။ဘယ်သူ့ကိုမှမ​တောင်းပန်တက်တာဖူ့ရဲ့ငယ်ငယ်ကတည်းကအကျင့်။
          ​နွေလည်းuniမှာသူငယ်ချင်းအသစ်​တွေထပ်ရတယ်။​အောင်လင်း၊ရဲသူတို့နှင့်​နွေကတစ်ဖွဲ့ဖြစ်သွားတာ​ပေါ့။သူတို့၃​ယောက်လုံးကရုပ်​ချော​တော့idolအဖွဲ့ဆိုပြီးနာမည်ကြီးသွားတယ်။​နွေက​တော့အဲ့ဒါ​တွေစိတ်ထဲမရှိပါဘူး။​ကျောင်းပြီးရင်အလုပ်လုပ်ပြီးမမနှင့်ညီမ​လေးကိုတိုက်နှင့်ကားနှင့်ထားချင်တာပဲရှိတယ်။
            ​နောက်၃ရက်​နေ​တော့​မောင်မယ်သစ်လွင်ကြိုဆိုပွဲလုပ်တယ်။faster welcome​ပေါ့။​နွေကတစ်​ကျောင်းလုံးရဲ့kingဘွဲ့ရသွားတယ်။queenက​တော့ဖူရသွားတယ်။ဖူနှင့်​နွေကတစ်​ကျောင်းလုံးရဲ့အလှဘုရင်နှင့်ဘုရင်မ​ပေါ့။​ဖူကဆုတက်ယူတဲ့အချိန်မှ​နွေ့မျက်နှာကိုအနီးကပ်မြင်ဖူးတယ်။​သေချာကြည့်မှ​နွေကအရမ်း​ချောတဲ့​ကောင်​လေးပဲလို့ဖူအမှတ်​ပေးလိုက်တယ်။​နွေက​တော့ဖူ့ကိုလှည့်​တောင်မကြည့်။

       ယွန်းမီရဲ့၀တ္ထု​လေးကိုဖတ်ရှု​ပေးတဲ့reader​လေးများကိုအထူး​ကျေးဇူးတင်ရှိပါတယ်။ယွန်းမီရဲ့၀တ္ထု​လေးကိုလည်းဆက်ပြီးအား​ပေးကြပါလို့​တောင်းဆိုချင်ပါတယ်။အမှားပါခဲ့လျှင်လည်း​တောင်းပန်ပါတယ်ရှင့်။

cinderella family(normal fic)Where stories live. Discover now