𝘋𝘰𝘯'𝘵 𝘵𝘰𝘶𝘤𝘩 𝘮𝘺 𝘣𝘢𝘣𝘺!

956 85 16
                                    

အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ အလွန်မှထက်မြတ်တဲ့ စီးပွားရေးလုပ်ငန်းရှင်ဖြစ်လာသူ ပတ်မျိုးနွယ်ရဲ့အငယ်ဆုံးသားဖြစ်သူ ပတ်ဆောင်းဟွန်း တစ်နည်းအားဖြင့် Benjamin park!
ကိုရီးယား‌တွင်သာမက အရှေ့တောင်အာရှနိုင်ငံတွေမှာပါ အငယ်ဆုံးစီးပွားရေးပညာရှင်တစ်ဦး။
လူတိုင်းက နှစ်သက်၊သဘောကျသည့်
အပြင် လူတိုင်းကလေးစားယုံတင်မက ယုံကြည်အားကိုးကြသည်။
ငွေရေးကြေးရေး စီးပွားရေးနဲ့ပတ်သက်လာရင် ပတ်ဆောင်းဟွန်းဆီ လာလာကမ်းလှမ်းနေကြသည့်လူတွေက ခပ်များများ
လူမှူးရေးတွေကို စိတ်မဝင်စားတဲ့ ပတ်ဆောင်းဟွန်းအတွက်တော့ ဒါတွေဟာ ဟားတိုက်စရာတစ်ခုလိုပါပဲ။
ငယ်ငယ်ကတည်းက အစ်ကိုနဲ့သာအနေများသည့် သူ့အတွက်တော့ မိဘတွေဆိုတာ သူစိမ်းသာသာလိုပါပဲ။
သို့ပေမဲ့...မိသားစုဆိုတာ သွေးကစကားပြောတတ်တဲ့အမျိုးမဟုတ်လော။
ဘယ်လောက်ပဲစိမ်းကားပါသည်ပြောပြော သွေးသားကိုတော့ဘယ်ညာလို့ရနိုင်ပါ့မလဲ။

///

"မင်း! မင်းဘယ်သူလဲ"

မောဟိုက်သံနဲ့ပြောလာတဲ့လူတစ်ဦး လူသူကင်းမဲ့‌တဲ့ အဆောက်အဦးတစ်ခု၊ All black ဝတ်ဆင်ထားတဲ့လူ ၄ယောက်က အရှေ့မှာရပ်နေခဲ့သည်။
သူတို့ထဲမှာ ခေါင်းဆောင်လို့ထင်ရတဲ့ suit အနက်ရောင်ကိုဝတ်ဆင်ထားပြီး Necktie ကိုပြေလျော့စွာစီးထာတဲ့လူတစ်ဦး ခြေထောက်ချိတ်ကာ ညာဘက်လက်တွင် သေနတ်တစ်လက်ကိုကိုင်ဆောင်ထားသည်။

"မင်းက ငါ့ကိုကျော်ပြီး ငါ့လူကိုထိပါးရဲလောက်အောင်ကို တော်တော်သတ္တိကောင်းနေပါလား"

"မင်း..ဘာတွေလာပြောနေတာလဲ!"

"ဟက်! အခုမှ ခွေးဇာတ်ခင်းမနေနဲ့၊ ငါ့ကောင်လေးရဲ့ ဝိုင်ခွက်ထဲကို ဆေးခတ်ခဲ့တာ မင်းမဟုတ်လား!"

"မ...မဟုတ်ဘူး!"

"ငါဘယ်သူလဲမသိပဲ ငါ့ကောင်လေးကိုလာငြိကတည်းက မင်းအသက်မလုံခြုံတော့ဘူးဆိုတာ အချိန်မနှောင်းခင်ကတည်းက သိသင့်တယ်"

ထိုင်ခုံပေါ်မှ ထကာ လက်ထဲမှာရှိတဲ့သေနတ်တစ်လက်ကိုဝှေ့ရမ်းရင်း ကြမ်းပြင်တွေထိုင်လျက်သားလေး လဲကျနေတဲ့သူရဲ့ ဦးခေါင်းကို သေနတ်ဖြင့် တေ့ထားလိုက်သည်။
ထိုသူကလဲ ပြာပြာသလဲဖြင့် ဒူးကိုဖက်ကာတောင်းပန်ရှာသည်။ သိက္ခာတရားတွေ၊အရှက်တရားတွေကို အကြောက်တရားက ဖုံးလွှမ်းသွားခဲ့ပြီး ထိုသူဟာ ခေါင်းဖော်မတတ် ခွင့်လွှတ်ပေးဖို့သာတောင်းပန်နေသည်။
သို့ပေမဲ့ သူ့ကိုတားနိုင်တဲ့လူက သူ့ရဲ့ကောင်လေးဖြစ်သူပဲရှိတယ်ဆိုတာကို ထိုသူက လုံးဝမသိခဲ့ပါဘူး။

𝘋𝘰𝘯'𝘵 𝘵𝘰𝘶𝘤𝘩 𝘮𝘺 𝘣𝘢𝘣𝘺! [One Short]Where stories live. Discover now