“𝐓𝐡𝐞 𝐎𝐥𝐝 𝐍𝐞𝐰𝐬𝐩𝐚𝐩𝐞𝐫”
#OneShot (နွေဦးကံ့ကော်)
________________________________________________အမှောင်အတိဖုံးလွှမ်းနေသော ဗလာပြင်ကြီးထဲမှာ အဖြူရောင်မြူခိုးငွေ့တို့က ရောယှက်ကာအုံ့ဆိုင်းရောထွေးနေလျက်ရှိသည် ။ အဖြူရောင်အခိုးအငွေ့တွေကြားမှာ သူ တစ်ယောက်တည်း
စမ်းတဝါးဝါးဖြစ်ကာ လမ်းပျောက်နေ၏။ဘယ်နေရာကိုပဲကြည့်ကြည့် အလင်းရောင်ကို သူ မတွေ့ပဲဖြစ်နေသည်။ သူ့စိတ်တွင် ကြောက်ရွံ့စိတ်နှင့်စိုးရိမ်စိတ်တို့က ကြီးစိုးထားသည်။ သူ့မှာ သတိ မရှိ။သူသိတာက သူ့ရဲ့ ခန္ဓာကိုယ်မှာ သွေးတွေအလိမ်းလိမ်းပေကျံနေပြီး တစ်စုံတစ်ခုစီကနေ ထွက်ပြေးလာရင်း ဒီနေရာကို သူ ရောက်လာခဲ့တာ အထူးသဖြင့် သူဘယ်လောက်ပဲ ကြိုးစားပြီးထွက်ပြေးထွက်ပြေး ဒီအမဲရောင်ဗလာပြင်
အမှောင်ထုကြီးထဲကိုပဲ သူ ပြန်ရောက်နေတယ် ။ ဒီဗလာပြင်ကြီးဟာ သူ့အတွက် ထွက်ရခက်တဲ့ ဝင်ကမ္ဘာကြီးလိုပဲ။သူဟာ ဝင်လာပြီးတော့ ပြန်မထွက်တက်ပေ။ဒီအမှောင်ထဲကို သူ ဘယ်လိုရောက်လာတာလဲ သူ လုံးဝမသိပေ။သေချာတာတစ်ခုက သူ ဒီထဲကနေ လွတ်မြောက်ဖို့ကြိုးစားနေတာပဲ သူသိတယ် ။ သူဟာ အမှောင်ထဲမှာ ပိတ်မိနေတဲ့ လူသားတစ်ယောက်လား ။ဒါမှမဟုတ် သူ ဘယ်နေရာမှာ ပိတ်မိနေတာလဲ ။ သူရောက်နေတဲ့ နေရာကို သူ သေချာမသိ ။ဇဝေဇဝါဖြစ်လျက်ရှိသည် ။သူဟာ အခန်းငယ်တစ်ခုထဲမှာလား ။ အိမ်တစ်အိမ်ထဲမှာလား ။လယ်ကွင်းပြင်ကြီးထဲမှာလား ။ သူ ဝေခွဲမရ ။ သေချာတာကတော့ ထိုနေရာတွင် အလင်းရောင်လုံးဝ
မရှိပေ။ပကတိ အမှောင်ထုသာ ရှိနေ၏. . . .။******************************************
"ထတော့.…ထတော့…ဆက်အိပ်နေရင် မင်းသေလိမ့်မယ်…ထတော့…" ဆိုသော ဂူထဲကနေထွက်လာသမျိုး ပဲ့တင်သံကြောင့် သူလန့်နိုးလာခဲ့
သည်။သူသည် ဒီအမှောင်ထုထဲကနေ ထွက်ဖို့ကြိုးစားရင်း ခဏအိပ်ပျော်သွားခဲ့ခြင်းဖြစ်သည် ။သူ့၏ တစ်ကိုယ်လုံးလည်း ဇောချွေးတွေဖြင့်စိုရွဲနေသည် ။ သူအရမ်းပင်ပန်းလှပြီ။ဒီထဲကနေ ဘယ်လောက်ပဲကြိုးစားကြိုးစား သူ ထွက်လို့မရပေ ။ ထွက်မရအောင်လို့ ဘာက သူ့ကို ကာစီးထားတာလဲ ။သူဟာ အခု ဒီထဲမှာပဲ ပိတ်မိနေတယ် သူ့ရင်ထဲမှာလည်း တစ်ခုခုက ပိတ်မိနေသလိုမျိုးလည်း ခံစားနေရတယ်။
YOU ARE READING
The Old Newspaper
Mystery / Thriller#နွေဦးကံ့ကော် #TheOldNewspaper #ONESONT #OwnCreation