ဂျယ်ယွန်းကလေးစိတ်ညစ်‌ေနပါပြီ Unicode

1.2K 101 36
                                    

ဟုတ်ပါတယ် title ကအတိုင်းပါပဲ

"ဂျယ်ယွန်းကလေး စိတ်ညစ်နေသည်"လေ

တစ်လောကလုံးမှာ ချစ်ဖို့အကောင်းဆုံး ဂျယ်ယွန်းလေးက ဘာကြောင့် စိတ်ညစ်နေတာလဲ သိချင်နေကြပြီမလား။

သိ‌ချင်နေကြပေမဲ့ ဂျယ်ယွန်းက‌ေတာ့ စိတ်ညစ်လွန်းလို့
ပြောကို~မပြောချင်ပါဘူး တကယ်

ခဏလေး မပြောချင်ဘူးဆိုတာ အာချောင်တာပါ
ပြောချင်လွန်းလို့ တစ်ပိုင်းတောင်သေနေပြီ။

အဲ့တော့ ဘာ့ကြောင့်စိတ်ညစ်နေရလဲဆိုတာ‌ေပြာရမယ်ဆိုရင် သေချာပေါက်ကို ဂျယ်ယွန်းရဲ့ချစ်သူကြောင့်ပေါ့

တကယ်တော့ဗျာ အန်တီကြီးတို့ပဲစဉ်းစားကြည့်ပါဦး။
အာ မေ့လို့ အန်တီကြီး‌တို့က ဂျယ်ယွန်းလိုရည်းစားရှ်ိလူတန်းစားမှမဟုတ်တာ ဘယ်နားလည်ပါ့မလဲ မစဉ်းစားနဲ့တော့ ဟောဒီက ဂျယ်ယွန်းလေးကပဲ သဘောထားကြီးစွာနဲ့ ပြောပြပါ့မယ်။

...

ဒီလိုဗျ ရှင်းမ်ဂျယ်ယွန်းမှာရည်းစားဆိုလို့ ဥစ္စာပေါ ရုပ်ချော သဘောကောင်း မနောကောင်း အဖိုးတန် မျိုးရိုးမှန်တဲ့ တစ်မိုးအောက် တစ်ယောက် ပတ်ဆောင်းဟွန်းပဲရှိတာပါ။
အဲ့ဒီ အကျင့်မကောင်းတဲ့ ပတ်ဆောင်းဟွန်းဆိုတဲ့ ရည်းစားကလေ အခုတော့ဖြင့် လေးဆယ့်ငါးမိနစ်ကြီးများတောင် ဂျယ်ယွန်းကို တစ်ယောက်ထဲပစ်ထားသတဲ့။

ဒါကြီးက ဖြစ်သင့်ရဲ့လားဗျာ။
လုံး၀မဖြစ်သင့်ဘူးလေ ဟုတ်တာပေါ့။

သေချာပါတယ် ပတ်ဆောင်းဟူးက ဂျယ်ယွန်းကို အချစ်တွေလျော့နေပါပြီ။ အရင်လိုမဟုတ်ပဲ အချိုးတွေပြောင်းနေပါပြီ ။

အခုတော့ ရည်းစားဖြစ်သူပစ်ထားတာခံရတဲ့ ဂျယ်ယွန်းလေးတစ်‌ေယာက်ထဲ‌ေကြကွဲလူငယ်ဖြစ်‌ေနပြီ‌ေလ အူးဝါး😭

ပြော‌ေနရင်းနဲ့ကို စိတ်မကောင်းလွန်းလို့ လက်ထဲကခွက်ကိုဟန်ပါပါကိုင်ကာ တစ်ကျိုက်ထဲမော့ချပစ်လိုက်သည်။...ဆောင်းဟွန်းခုနကဝယ်တိုက်ထားတဲ့ စတော်ဘယ်ရီမစ်ရှိတ်ကို

ဒါနဲ့တင်မ‌ေကျနပ်နိုင်‌ေသး‌ေပ။ ခွက်ထဲကျန်နေသေးတဲ့ ရေခဲတုံးတစ်တုံးကိုဆောင်းဟွန်းအမှတ်နဲ့ ကောက်ဝါးပစ်လိုက်သည်။

ဂျယ်ယွန်းကလေး စိတ်ညစ်နေသည် [𝖩𝖺𝗄𝖾𝖧𝗈𝗈𝗇]Where stories live. Discover now