I don't care (Edsheeran and Justin Bieber)

332 29 0
                                    


ငါ ဒီမှာဘာလုပ်ဖို့ရှိနေတာပါလိမ့်
ဟက်......ငါဒီမှာရှိမှန်းတောင်ဘယ်သူမှသိကြမယ်မထင်တာကို အမေတို့ကလည်းအလကားနေရင်းလိုက်လာခိုင်းရတယ်လို့ စိတ်ရှုပ်စရာတွေ မသွားချင်ပါဘူးမလိုက်ချင်ပါဘူးလို့ပြောရဲ့သားနဲ့ကို

"အဝတ်အစားကဘယ်လိုဖြစ်တာလဲ အဝတ်အစားဝတ်လာတာကိုက အသုံးမကျဘူး ဝတ်ဆုံပြည့်ဝတ်လာသင့်တယ်မထင်ဘူးလား ကိုယ်တိုင်က နာမည်ကြီးကုမ္ပဏီတခုရဲ့မန်နေဂျင်း
ဖြစ်နေပြီဟာကို နက်တိုင်တောင်တပ်မလာဘူး
မင်းကိုဆွေမျိုးတွေအကုန်လုံးနီးပါးကစောင့်ကြည့်ပြီးအတင်းတုပ်ချင်နေကြတာကိုသိရဲ့နဲ့ ကျစ်တကယ်အသုံးမကျဘူး"လို့ပြောပြီးထွက်
သွားတဲ့အဖေရယ်

"တကယ်ပါဂျောင်ဟိုဆော့ရယ် မင်းအဖေပြောလည်း
ပြောချင်စရာ အဝတ်အစားကိုတောင်သေချာ
ဝတ်လာရမယ်မှန်းမသိဘူးလားဟင် မိသားစုသိက္ခာက
မင်းကြောင့်ပဲကျရတယ် မင်းအကိုနဲ့မင်းညီမကိုကြည့်စမ်း ဟင်းးးးးး"လို့အမေကသက်ပြင်းချပြီးအဖေ့နောက်လိုက်ပြီးဆွေကြီးမျိုးကြီးတွေကိုသူတို့သားအကြီးနဲ့သမီးငယ်လေးဘယ်လောက်တော်ကြောင်းလိုက်ကြွားနေလေရဲ့

ဟက်......မိသားစုသိက္ခာကမင်းကြောင့်ပဲကျရတယ်တဲ့ အကြွေးတွေနစ်လို့အသိမ်းခံရတော့မယ့်ကုမ္ပဏီကို
ဒီလိုအောင်မြင်လာအောင်လုပ်ပေးခဲ့တာဘယ်သူလဲမသိ
ဟက်........တကယ်ပါတခါတလေတွေးမိပါရဲ့သားအ
ရင်းကောဟုတ်ရဲ့လားလို့ ဆွေမျိုးတွေဆိုတာကလည်း
ဒီလူကောင်းတာလုပ်ပေးရင်ဘယ်သူမှမတွေ့ကြဘူး
တခုခုလေးလွဲချော်ကြည့် $တင်းတုပ်ဖို့လောက်ပဲစောင့်နေကြတာ ကျစ် စိတ်ပျက်လိုက်တာ အိမ်ပြန်ချင်တယ် ဒီမှာနေရတာ အသက်ရှူကျပ်တယ် တိတ်တိတ်ကလေးပြန်ထွက်ရမယ်

"ဘယ်လိုလဲအိမ်ပြန်ချင်နေပြီလားသူငယ်ချင်း
ငါ့အထင်ဘယ်သူမှမင်းကို ကြည့်မနေဘူး မင်းပြန်ချင်အသာလေး လစ်ထွက်လို့ရတယ် "
"အင်း နမ်ဂျွန်းငါလည်းအဲ့လိုလုပ်မလို့ byebyeသူငယ်ချင်း"လို့ပြောပြီးပြန်ဖို့လက်ထဲကသောက်လက်စခွက်ကိုချဖို့ပြင်နေချိန် မလှမ်းမကမ်းက ကြားလိုက်ရတဲ့"Sorry"ဆိုတဲ့အသံလေးကြောင့်လက်ထဲကခွက်ကိုမချပဲဆက်ကိုင်ထားမိလိုက်တယ်
ရင်တွေအဆက်မပြတ်ခုန်လာပြီးတော့ခုနကစိတ်ရှုပ်နေတာတွေပါပျောက်သွားအောင်လုပ်နိုင်တဲ့အသံလာရာကိုလှည့်ကြည့်မိတော့အလိုလိုနေရင်းပြုံးမိသွားတယ် အဲ့လူကပဲ့ကိုင်ရှင်လူသားလေးပဲ

Vope oneshot collectionsWhere stories live. Discover now