Closer(the Chainsmokers ft. Halsey)

301 22 3
                                    

"ကဲ ကဲ အားလုံးပဲ ပင်ပန်းသွားကြပြီ
ဒီနေ့အလုပ်ကိစ္စကိုအဆင်ပြေပြေဖြစ်သွားအောင်
အဓိကဆောင်ရွက်ပေးခဲ့တဲ့ငါတို့ရဲ့ MDအသစ်စက်စက်လေး ကင်ထယ်ယောင်းကိုကျေးဇူးတင်ရင်း cheerလုပ်ပြီးဂုဏ်ပြုပေးလိုက်ကြရအောင်"
"ဟေးးးးးးcheer"
"ကမ်းပေ့......"အခုဟိုတယ်ဘားတခုမှာ ကုမ္ပဏီကလူ ‌‌တွေနဲ့အလုပ်ကိစ္စတခုအောင်မြင်သွားတာကြောင့် ဂုဏ်ပြူပွဲလုပ်နေကြတာပါ
"ထယ်ယောင်းး ငါ့ညီလေးကတကယ်တော်တာပဲ"လို့ကျွန်တော့်ရဲ့နှစ်‌ေယာက်မရှိတဲ့အကိုရင်းJin hyungကပြော လာတယ်
"ဟုတ် ကျွန်တော်သိပါတယ် ကျွန်တော်တော်တာကို"
"Awww apk🤣🤣🤣ငါ့ညီပဲ ဒီလောက်တော့ရှိ မှာပေါ့ကွ ဖေ‌ေဖကတော့မင်းကိုအရမ်းဂုဏ်ယူနေပြီနော်"
"အင်း ကျွန်တော်လည်း ဖေဖေစိတ်ချမ်းသာတာတွေ့တော့ဝမ်းသာပါတယ်"
"အေး အစကတည်းက အဲ့လိုလိမ်လိမ်မာမာလေးနေ ခဲ့ရင်ဘယ်လောက်တောင်ကောင်းမလဲ"
"ဟာ Jin hyungကလည်း အဟောင်းတွေပြန်အ‌စ ဖော်ဦးမယ် တကယ်ပါပဲ" တခါလာလည်းကျောင်းတုန်းကအသားကုန်ကဲခဲ့တာတွေပဲလာလာပြောနေတာJin Hyungက အဲ့လိုပြောတိုင်းဟိုလူကိုပိုပိုသတိရမိတယ် ပုံမှန်အတိုင်းဆိုအဆင်ပြေနေပေမယ့် မှတ်ဉာဏ်တွေကအတိတ်ကိုပြန်ရောက်သွားရင်လွမ်းမိတာဗျာ
"အေးပါကွာ ငါဘာမှတောင်မပြောရသေးပါဘူး"
"Jin hyungမပြောရ‌ေသးလည်း ဘာပြောတော့မယ်ဆိုတာ ကြိုသိနေပြီမလို့တော်ပါတော့ မပြောပါနဲ့တော့"
"အေးပါ အေးပါ တော်ရုံပဲသောက်နော် ဒီထပ်သိပ်မသောက်နဲ့တော့"Jin hyungပြော လည်းပြောချင်စရာဘာလို့ဆိုကိုယ်တိုင်တောင်သတိမထားမိပဲ အများကြီးသောက်နေမိတာ ဒါဟိုလူကြောင့်သူ့ကိုသတိရတိုင်းသောက်မိနေတာ
"ဟုတ်ကဲ့ပါ ကျွန်တော်သောက်နိုင်ပါသေးတယ် ဒါနဲ့Jin hyungသူတို့ကိုအဲ့blink-182ရဲ့ songကိုပိတ်ခိုင်းပြီးတခြားဟာ‌ေပြာင်းခိုင်းလိုက်စမ်းပါ"လို့ပြောမိလိုက်ပြန်တယ် အဲ့songကဟိုလူအကြိုက်ဆုံးsong အလိုလိုမှအတိတ်ကအကြောင်းတွေပြန်‌ေတွးမိလို့ဟိုလူကိုသတိရနေပါတယ်ဆိုနေမှ ဟိုလူနဲ့အတူရှိတုန်းကခနခနဖွင့်ခဲ့တဲ့သီချင်းကိုမှဖွင့်‌ေနရတယ်လို့

"ဟာ ဘာလို့လဲ သီချင်းကကောင်းရဲ့သားနဲ့ကို boss ကလည်း"
"ဟုတ်သားပဲ bossရယ်...blink-182ရဲ့ songကနာမည်ကြီးပဲဟာကို"တခြားဝန်ထမ်းတွေရဲ့စောဒကတက်သံတွေကြားလိုက်ရလို့ စိတ်ရှုပ်လာလို့ကိုယ်တိုင်သီချင်းဖွင့်ပေးတဲ့သူကို‌သီချင်းပြောင်းပေးဖို့သွားပြောမိတော့
"ဒီမှာ တခြားသီချင်းပြောင်းပေးပါ"
"နေ‌ နေ ဂျီမင်း မပြောင်းနဲ့ အဲ့blink-182ရဲ့song ကိုပဲဆက်ဖွင့်ထားလိုက်ပါ" ဒီအသံ ဒီအသံကဟိုလူရဲ့ အသံပဲ ဟုတ်မဟုတ်‌ေဘးနားကိုသေချာလှည့်ကြည့် မိတော့ ရုတ်တရက်ခုနက‌ေသာက်ထားလို့ရီဝေဝေဖြစ်နေတာတွေပါပျောက်သွားပြီး နှလုံခုန်နှုန်းတွေသာတရိပ်ရိပ်တိုးလာတယ်
ဘာစကားမှကိုမပြောနိုင်ပဲအသက်ရှူဖို့တောင်မေ့သွားတဲ့လူလိုမျိုး ကျောက်ရုပ်ကြီးအတိုင်းပဲရပ်နေမိတာ‌ ရှေ့ကဟိုလူကမျက်နှာရှေ့လက်ကာပြပြီး‌မေးမှသတိဝင်တော့တယ်
"ဟေးး အဆင်ပြေရဲ့လား အများကြီးသောက်ထားတယ်ထင်တယ်"
"အစအဆင်ကပြေတယ် အခုခင်ဗျားနဲ့တွေ့လိုက်ကတည်းကအဆင်မပြေတော့ဘူး"လို့ပြောလိုက်ချင်ပေမယ့်လည်း
"အများကြီးသောက်ထားလို့ထင်တယ် ဒါပေမယ့်ကိုယ်အဆင်ပြေပါတယ်"လို့ပဲပြန်ပြောလိုက်ပါတယ်
"အင်းး"လို့ဟိုလူကပြန်ပြောပြီးတော့ ဘာစကားမှပြောစရာမရှိတော့ပဲတိတ်ဆိတ်သွားကြတယ် တစ်မိနစ်
နှစ်မိနစ်
သုံးမိနစ်
လောက်ကြာမှ မနေတတ်လို့ထင်တယ်ဟိုလူကစကားစလာတယ်
ဘာလို့မနေတတ်တာလဲဆိုတော့ တိတ်ဆိတ်နေလို့မဟုတ်ပဲ ကျွန်တော်အကြာကြီးစိုက်ကြည့်မိနေလို့ထင်တယ် စိုက်ကြည့်မိ‌တာလဲမပြောနဲ့ မတွေ့ရတာ၄နှစ်ကြာတဲ့အတောအတွင်းပြန်တွေ့တဲ့အချိန်hotel barမှာအရမ်းလှနေတာလေ
"ထယ်ယောင်း မတွေ့တာကြာပြီနော် နေကောင်းတယ်အဆင်ပြေတယ်မလား အခုလိုပြန်တွေ့ရတာအရမ်းဝမ်းသာတာပဲ"
"အင်း ကျွန်တော်ရောအကိုဟိုဆော့နဲ့ပြန်တွေ့ရတာအရမ်းဝမ်းသာမိတာပဲ"
"အင်း"ဒီနားကရပ်ဝန်းလေးကထပ်မံတိတ်ဆိတ်သွားပြန်တယ် ဒီတခါတော့ဘာမှမပြောပဲ စိုက်ကြည့်နေတာဟိုလူ အဲ့လိုကြီးစိုက်ကြည့်နေတော့ကိုယ်လည်းမနေတတ်တာနဲ့မျက်နှာလွဲနေလိုက်တယ်

Vope oneshot collectionsWhere stories live. Discover now