Ep 18 (U)

55.6K 4.4K 735
                                    

"ထမင်းတော့ စားဦးမှပေါ့ ချယ်ရီရယ်... မပူနဲ့ ဒီကိစ္စကို ဘယ်သူမှမသိပါဘူး... ငြိမ်းပြန်လာရင် ကုမ္ပဏီကို ပြန်တက်ကို တက်ရမှာပဲ... သမီးဖေဖေ ဒီနေ့ပဲ ကုမ္ပဏီကို သွားလိမ့်မယ်"

"ကုမ္ပဏီသွားလဲ ဘာလုပ်လို့ရမှာလဲ မေမေရဲ့ ... ငြိမ်းမှ မရှိတာ... ပြီးတော့ ငြိမ်းက ကောင်လေးတစ်ယောက်နောက် လိုက်သွားတယ်ဆိုတာ ကုမ္ပဏီက သိလို့မဖြစ်ဘူး မေမေ... အားလုံး အရှက်ကွဲလိမ့်မယ်"

"မသိစေရပါဘူး... ငြိမ်း ခရီးထွက်သွားလို့ ငြိမ်းကိုယ်စား သမီးဖေဖေက ခဏသွားပြီး ကြည့်ပေးထားမှာ... ပြီးတော့ management အစည်းအဝေး တစ်ခါတည်း စီစဥ်ထားလိမ့်မယ်... ငြိမ်းရဲ့ ဖေဖေ ရှိစဉ်ကတည်းက သမီးဖေဖေက အဲ့ဒီကုမ္ပဏီမှာ ဩဇာညောင်းပြီးသားပါ"

ချယ်ရီက မနေ့ကတည်းက ထမင်းသေချာ မစားသေးသဖြင့် မေမေက ချော့ကျွေးနေခြင်းဖြစ်သည်... ချယ်ရီ တကယ်ကို ဘာမှစားချင်စိတ်မရှိပေ...

မနေ့က ငြိမ်းတို့အိမ်ရောက်တော့ ငြိမ်းကို မတွေ့ရ... ဖုန်းဆက်တော့လဲ မကိုင်... ကြီးမေ မေးတော့လဲ ဒီနားခဏထွက်သွားတယ်ဟုသာ ပြောသည်...

ရှေ့နေတွေ ဧည့်သည်တွေနှင့် တစ်နာရီလောက်စောင့်ပြီးမှ အာကာကြည်ညွှန်း ဆိုသည့် ကောင်လေးက ကြီးမေကို ဖုန်းဆက်လာသည်...

သူ ငြိမ်းကို ခိုးပြေးသွားပြီတဲ့...

ချယ်ရီ ဘယ်လိုမှ မယုံနိုင်ပေမဲ့ ငြိမ်းကိုယ်တိုင်လည်း ဟုတ်သည် ဆိုသည့်အကြောင်း ချယ်ရီ့ကို ဖုန်းဆက်လာခဲ့သည်... ချယ်ရီတို့ ထိုကောင်လေးအိမ်ကို လိုက်သွားခဲ့ပေမဲ့ တစ်မိသားစုလုံး ခရီးထွက်သွားကြသည်ဟု ဆိုကာ ခြံတံခါးပင်ဖွင့်မပေးခဲ့ပေ...

ပြီးတော့ နန္ဒာကြည်ညွှန်း လုပ်သွားသည့် အချိုးကို ချယ်ရီ သဘောပေါက်သည်... လူကို အနိုင်ပိုင်းသွားနှင့် ရုပ်နှင့်...

ချယ်ရီက ငြိမ်းအကြောင်းကို ကြိုပြောပြထားသဖြင့် ဖေဖေရော မေမေပါ အရမ်းကြီး ရှော့ခ်ရမသွားခဲ့သော်လည်း ဖေဖေကတော့ ငြိမ်းလုပ်ရပ်ကို တော်တော်လေး ဒေါသထွက်သွားခဲ့သည်...

"မဖြစ်သင့်တာတွေပါ ငြိမ်းရယ်"

ငြိမ်းက ဒီလိုမျိုးမဖြစ်ရဘူး....

Match Made In Clouds Where stories live. Discover now