အပိုင်း_၁ (စတင်တွေ့ဆုံခန်း)

9 3 2
                                    

'သွန်းနဒီ နင်စာသင်ချိန်ကြီးမုန့်ခိုးစားပြန်ပြီလား'
ဟုတ်ပါတယ် ကျမနာမည်က သွန်းနဒီပါ  စာတော်သလောက် စည်းကမ်းအဖောက်ဆုံးစာရင်းဝင်ကျောင်းသူတစ်ယောက်ပေါ့နော်။ ကျမရဲ့ကူညီတတ်တဲ့စိတ်ကလေးကြောင့်တော်တော်များများက ချစ်နိုးနဲ့ သွန်းလို့ခေါ်ကြပါတယ် (စကားမစပ် နဒီလို့ခေါ်ရင်‌ပိုလှသလားလို့)
   
    'တီချယ် သွန်းနည်းနည်းဗိုက်ဆာလို့..စားမိ..'

   "ဆင်ခြေတွေလာပြန်ပြီ နင် ငါစာသင်တဲ့အချိန် လေးစားသမှုလေးတော့ထားပါဦး ငါစာမေးမယ် မရရင် အခန်းပြင်ထွက်မတ်တပ်ရပ်နေ"
       *ဟိုက်ရှားဘား ငါတော့သေပါပြီ English မေဂျာက အစကတည်းက ငါ့အတွက် အားနည်းချက်ကြီးပါဆိုနေ တီချယ်မိုး အချိန်မှ စာမေးခံရတယ်လို့**
       "ဒီနေ့သင်လိုက်တဲ့ ‌passageရဲ့ ရည်ရွယ်ချက်ကိုပြော"
      
       'ehh....လူသားချင်း ဖိနှိပ်ချုပ်ချယ်....'
      "ဒါ ဘာအချိန်လဲ သွန်းနဒီ?"
      တီချယ်မိုးတော်တော်ဒေါကန်နေပြီ *မျက်လုံးအစုံက ဘီလူးလို မျက်ထောင့်တွေရဲနေပြီး ပါးစပ်မှ တစ်ရှဲရှဲဖြင့် နဂါးကြီးလိုမီးထမှုတ်တော့မည့်ပမာ;

'အင်္ဂလိပ်စာ အချိန်ပါတီချယ်'

"အေ အင်္ဂလိပ်စာအချိန်မှာ အင်္ဂလိပ်ပြောတာပဲ ငါကြားချင်တယ် သွန်းနဒီ၊ နင်မဖြေနိုင်တဲ့အတွက် အခုချက်ချင်းအခန်းပြင်ထွက် ဒီကိစ္စအတွက် ငါနင့်ကို လုံးဝအလွတ်မပေးဘူးအတန်းပြီးရင်း ဌာနလာခဲ့"
    
*ငါတော့ရူးချင်တာပဲ အခုချိန်ငါ့ကို စနှိုးဝှိုက်ပုံပြင်ထဲကလိုပဲ မင်းသားလေးလာကယ်ခဲ့ရင်ကောင်းမှာပဲ ဆုတောင်းပါတယ်လို့ * 

"Human rights and against humiliation,ပါ ခင်ဗျာ့"

ကျောပေးထားတဲ့ စာသင်ခန်း အနောက်ပေါက်ဖက်မှ ချိုသာပြီး ပြတ်သားလှသော အသံလေးတစ်ခု၊ ထိုဘယ်သူမှန်းမသိတဲ့ လူတစ်ယောက်ရဲ့အသံကြောင့် ခုနကကြောက်စိတ်တွေပျောက်သွားခဲ့ပြီ၊ ဒါ့အပြင် သွန်းကိုစိတ်တိုနေသော တီချယ်မိုးလည်း အသံလာရာနေရာကို မျက်တောင်မခတ် မျက်လုံးအဝန်း‌သားဖြင့်ငေးရင်း တစ်ခန်းလုံးရှိ အမြင်အစုံတို့လည်း ထိုအသံလာရာကို လည်ပြန်ကြည့်နေကြတဲ့အချိန်ပင်....

ကျွန်မ ဇာတ်လိုက်မဟုတ်သော ကျွန်မအကြောင်းWhere stories live. Discover now