Unicode
*အတိတ်နေ့စွဲများ-၁*
"ဟာ..မေမေကလည်း မသွားချင်ပါဘူးဆို"
"မသွားလို့ရမလားအေ့..ကောင်းတာစီစဉ်ပေးတာပဲကို"
"ဘယ်နားက ကောင်းတာလဲ မေမေရဲ့..မေမေတို့နဲ့ခွဲပြီးသွားနေရမှာကို၊ပြီးရင် သတိရလို့ပြန်လာဖို့နီးတယ်ဆိုလည်း တော်သေးတယ်..အခုက
ပြင်ဦးလွင်မှာတောင် သွားနေရမှာ"နံနက်စောစော နှစ်ထပ်အိမ်ကြီးထဲတွင် သားအမိနှစ်ယောက်စကားသံတွေက တကျက်ကျက်၊တညံညံ။
စောင်တွေ၊ခေါင်းအုံးတွေကိုတွန်းကန်နေတဲ့ သမီးဖြစ်သူကိုကြည့်ပြီး ဒေါ်ချယ်ရီအေး ခါးထောက်နေရာမှ ကုတင်းခြေရင်းတွင်ဝင်ထိုင်လိုက်သည်။
"ဒီသမီးတစ်ယောက်နဲ့တော့ ခက်ပါတယ်အေ၊ဘယ်သူနဲ့တူလို့ ဒီလောက်ခေါင်းမာနေရတာလဲ ဟမ်..အဖေ၊အမေလည်း ညဉ်းလောက်တစ်ယောက်မှခေါင်းမမာပါဘူး"
"မေမေကလည်း..သမီးက ခေါင်းမာတာမဟုတ်ပါဘူး၊မေမေတိုနဲ့ မခွဲချင်လို့ပြောနေတာကို"
"တော်ပါ..အဲ့လိုပြောပြီး အချိန်တန်လို့ ချစ်တဲ့ကြိုက်တဲ့သူတွေ့ရင် ဒီအမေကိုလှည့်တောင်မကြည့်တော့ဘဲ ကောက်ကောက်ပါအောင်လိုက်ကြမယ့်သူတွေချည်းပဲ"
"သမီးက အဲ့လိုလူမျိုးမဟုတ်ပါဘူးနော်..မေမေတို့ ဖေဖေတို့နဲ့ပဲနေမှာ"
သူမ ရင်ခွင်ထဲတိုးဝင်ကာ ၅နှစ်ကလေးတစ်ယောက်လိုပြုမူနေတဲ့ သမီးကို ခေါင်းတစ်ချက်ဖွဖွပုတ်ပေးလိုက်ပြီး..
"အင်း..အဲ့လို အဖေ၊အမေကိုချစ်တယ်ဆိုရင် အခုပြောတာကိုလည်းလက်ခံလိုက်"
"ဟာ..မေမေကလည်း ဒီဘူတာပဲဆိုက်ပြန်ပြီ၊မသွားပါဘူးဆိုနေ"
"မသွားလို့မရဘူး..ဒီကိစ္စက အမေတစ်ယောက်တည်းစီစဉ်ထားတာလည်းမဟုတ်ဘူး၊ညဉ်းအဖေ ကိုယ်တိုင်ပါ သဘောတူဆုံးဖြတ်ထားတဲ့ကိစ္စ..သွားကိုသွားရမယ်"
"မေမေကလည်း အဲ့လိုကျောင်းပြောင်းမယ်ဆိုရင်တောင် ရန်ကုန်မြို့တွင်းကကျောင်းပဲစီစဉ်ပေါ့လို့၊ပြီးတော့ အခုတက်နေတဲ့ကျောင်းကလည်း အဆင်ပြေနေတာပဲကို..ဘယ့်နှယ့် ပြင်ဦးလွင်အထိသွားတက်ရမယ်တဲ့"
YOU ARE READING
𝗧𝗵𝗲 𝗙𝗼𝗿𝗺𝘂𝗹𝗮 𝗢𝗳 𝗙𝗼𝗿𝗲𝘃𝗲𝗿
Teen Fictionထာဝရဆိုတဲ့ ပုံသေနည်းလေးကို မင်းနဲ့မှကိုယ်စတင်ရှာဖွေတွေ့ရှိခဲ့တာ...