ညစာသည် အဆင်မပြေစွာဖြင့် ပြီးဆုံးသွားသည်။ အိမ် အပြန်လမ်းမှာ ယဲ့စူးက ချန်းရှုကို စကားမပြောဝံ့ပေ။
ယဲ့စူးရဲ့နောက်နေ့လုပ်ရတဲ့အလုပ်မှာအားကစားအမှတ်တံဆိပ်တစ်ခုအတွက် ကြော်ငြာရိုက်ကူးရန်ဖြစ်သည်။ အဆောက်အဦးကအလွန်အိုဟောင်းနေပြီလို့သူမဖတ်မိ တာမို့မသွားခင်ထဲကအနည်းငယ်ကြောက်ရွံ့နေမိသည်။
ထိုအဆောက်အအုံကနှစ်တစ်ရာနီးပါးသက်တမ်းရှိပြီးအနု ပညာလောကကယခုလက်ရှိနာမည်ကြီးနေဆဲ..တစ်ခတ် တစ်ခါကနာမည်ကြီးခဲ့သူများအားလုံးဒီနေရာကဓါတ်ပုံစတူ ဒီယိုမှာလာရောက်ရိုက်ကူးဘူးကြသည်။အဆောက်ဦးရဲ့ သက်တမ်းကကြာပေမယ့်ပြန်လည်ပြင်ဆင်ထားမှုတွေနဲ့အသစ်နီးပါးခတ်မှီဆန်းသစ်သောစတူဒီယိုကြီးဖြစ်ကာရုပ် ရှင်၊ဂီတ၊ပြဇာတ်နာမည်ကျော်များလာရောက်ပြီးဓါတ်ပုံ ရိုက်ကူးလေ့ရှိတာမို့ထိုအဆောက်အဦးနားမှာပရိတ်သတ် များစွာလာစောင့်နေလေ့ရှိကာအရူးအမူးဝါသနာရှင်သရဲ ပရိတ်သတ်များနှင့်လဲ ပြည့်နေမယ်လို့သူမတွေးမိတယ်။
ကားရပ်လိုက်တော့ယဲ့စူးကကားပေါ်ကဆင်းလိုက်ပေမယ့်အဆောက်အဦးထဲကိုမဝင်ဖြစ်ဘူး..အေးစက်မှုကသူမခြေ လက်တွေဆီကိုတိုးဝင်လာကာစိတ်မသက်မသာခံစားရ သည်။
ယဲ့စူးကသူမ၏လက်ထောက်ရှောင်လုနှင့်အတူ အဆောက်အဦးထဲသို့ ဝင်လိုက်ရာ ဧည့်ကြိုဧည့်ခန်း နေရာမှာဇာတ်လိမ်နေတဲ့ fun girl သရဲတစ်ယောက် ကိုတွေ့လိုက်ရသည်။
သရဲကသွေးစွန်းနေတဲ့ကျောင်းအဝတ်အစားကိုဝတ်ဆင် ထားပီးသူမဇာတ်ကလိမ်နေပေမယ့်သူမရဲ့ခပ်မှိုင်းမှိုင်း မျက်ဝန်းများကသူမလက်ထဲကအားပေးတဲ့ light stick ချောင်းလေးကိုစိတ်အားထက်သန်စွာကြည့်နေသည်။
ခန်းမမှာဓါတ်ပုံကြော်ငြာလာရိုက်တဲ့တခြားလူများနဲ့လဲ စည်ကားရှုပ်ထွေးနေသည်။ဒါ့အပြင်တခြားအရာများလဲရှိ နေ၏
ဓါတ်ပုံဒါရိုက်တာအချို့အပါအဝင် ခန်းမထဲတွင်အခြား သောသရဲများစွာ ရှိသည်။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်က နာမည်ကြီးခဲ့ပြီးကြော်ငြာဓါတ်ပုံရိုက်နေတုန်းမီးစတန်းပြုတ် ကျလို့သေခဲ့ရတဲ့ကြယ်ပွင့်တစ်ယောက်ကိုလဲသရဲအဖြစ် တွေ့ရသည်။
YOU ARE READING
Former Wife of Invisible Man
General Fiction*** Please note no copyright infringement is intended, and I do not own nor claim to own this novel. The original novel/content belongs to its rightful author.If you are the original author and would like to remove the content in this site, please d...