One short

1.2K 22 9
                                    

--------------"အရင်းနှီးဆုံး သူစိမ်း "-------------

'ထန်တဲ့အကြောင်းတွေ '
wp ထဲက ကိုယ့် follower တွေရဲ့ acc ထဲ
ကိုယ်လျောက်ကြည့်နေရင်း
reading list မှာ ဒီ ခေါင်းစဉ်လေးတွေ့လိုက်တော့
မျက်မှောင်ကြုတ်မိသွားတယ်။ ဝင်ဖတ်ကြည့်လိုက်တော့ authorက သူ့ကိုယ်သူ လွှာ' လို့ သုံးလေ့ရှိတယ်။

'ဟင် .....'
ကိုယ် အဲ့နာမည် ကြားဖူးတယ်။ ကိုယ်ရုတ်တရက် ဝေခွဲမရ။ ဒါနဲ့ အဲ့ author acc ထဲ ဝင်ကြည့်လိုက်တော့ ရေးထားတဲ့ story က ၄ ခု။

ခေါင်းစဉ်တွေ ဖတ်ကြည့်တော့မှ ကိုယ်မှတ်မိသွားတယ်။ လွန်ခဲ့တဲ့ ၂ လ လောက်က သူမ ရေးတဲ့
'အမှောင်ဆုံးဘက်ခြမ်း ' ဆိုတဲ့ story ကိုယ်ဖတ်ဖူးတယ်။

အဲ့တုန်းကလည်း wpထဲ ဝင်ကြည့်ရင်း မြင်လိုက်ရာကနေ ဖတ်ဖြစ်တာ။ စာတွေက တော်တော့်ကို ရာဂ ပြင်းပြတဲ့
စာတွေလေ။ ၂,၃ ရက်ဆက်တိုက်လောက် သူ တင်တဲ့ စာလေးတွေ ဝင်ဖတ်မိတယ်။ သူ့ စာတွေ ဖတ်ရတာ ကိုယ်သဘောကျခဲ့တယ်။ သူ့ရဲ့ အရေးအသားကြမ်းကြမ်းနဲ့ စာတွေက ကိုယ့်ရဲ့ အမှောင်ဘက်ခြမ်းကို ပြုစားနိုင်တယ်။

၃ ရက်လောက် ကြာတော့ သူရေးတဲ့ စာတွေလည်း ဖတ်စရာ မကျန်တော့တာမလို့ ထပ်ဝင်မကြည့်ဖြစ်တော့ဘူး။ ကိုယ်လည်း အဲ့ wp acc လေးကို မေ့တေ့တေ့ ဖြစ်သွားပြီး အခုမှသာ
ပြန်တွေ့မိလိုက်ခြင်း။

ကိုယ်လည်း သူတင်တဲ့ ရာဂစာတွေ ဖတ်ရင်း
တဏှာတောထဲ မျောနေမိတယ်။ ၂ ရက်လောက်ကြာတော့ ကိုယ်အရမ်းမွန်းကြပ်နေတဲ့ အချိန် သူမ ကိုစကားသွားပြောလိုက်တယ်။

' ကိုယ် ရင်ဖွင့်ချင်တာ ရှိလို့ လွှာ '

'ဟုတ်ကဲ့ '
အဲ့လိုနဲ့ ကိုယ် မွန်းကြပ်နေတဲ့ Dark side တစ်ခုအကြောင်း ပြောပြမိတယ် ။ ကိုယ် သူမကို
မသိဘူး။ ဒါပေမယ့် ရင်းနှီးနေတယ်လို့ ခံစားရတယ်။ ဒီလိုကနေ wp မှာ စကားပြောရင်း telegram acc အပြန်အလှန်ပေးရင်
telegram မှာပါ စကားပြောဖြစ်ကြတယ်။

ပြောကြတာက မျိုးစုံပါပဲ။
သူမနဲ့ကိုယ် sexting ကျတာတွေက စလို့
အချစ်အကြောင်း , အတွေးအခေါ် အကြောင်းတွေ အလယ် ,
တယောက်နဲ့တယောက် အကြံပေး, ရင်ဖွင့် ဖြစ်ခဲ့ကြတယ်။

အရင်းနှီးဆုံး သူစိမ်းWhere stories live. Discover now