Part 1

220 16 0
                                    

" ဘာကြီး K hyungနဲ့ EuiJoo Hyung ပြတ်သွား-- "

အလိုက်ကန်းဆိုးမသိထအော်တဲ့ Joကို Yumaကမန်းကတန်း ပါးစပ်လှမ်းအုပ်ပေမယ့် မမှီလိုက် ။ မလှမ်းမကန်းမှာထိုင်နေတဲ့ EuiJoo Hyungက ရှုတည်တည်ကြည့်လာတာမို့ Yumaက ဂလုခနဲ တံတွေးမျိုချရုံပဲတတ်နိုင်သည် ။ အမြဲပြုံးနေတတ်တဲ့ EuiJoo Hyungအခုလိုမျက်နှာတည်နေတာ ​ပထမဆုံးမို့ သူတို့လဲကြောက်ပါသည် ။

" JoYuma စကားများနေနိုင်တယ်ဆိုတာတော့ အရမ်းအားနေတာပေါ့နော် ။ သွား ကွင်းတစ်ပတ်ပတ်ပြေး "

" ဟ ဘာမှမဆိုင် - "

" ငါအတန်းခေါင်းဆောင် ငါ့စကားနားမထောင်ချင် အခန်းပြောင်း "

ပြောရင်းနဲ့ကိုဒေါသထွက်လာတဲ့ EuiJooက ခုံကိုလက်သီးနဲ့ထုလာတာမို့ ရှေ့ခုံမှာထိုင်နေတဲ့ Nicholasက အိပ်ငိုက်နေရာက ခေါင်းထောင်လာပြီး EuiJooကိုလှည့်ကြည့်သည် ။

" ဘာဖြစ်နေတာလဲ EuiJoo "

" လူသတ်ချင်နေတာ အဲ့ဒီ့လူကို ဆံပင်မွှေးတစ်ချောင်းမှမကျန်အောင်ဆွဲနှုတ်ချင်နေတာလေ "

" ဘယ်သူတုန်း "

" ဘယ်သူရှိရမလဲ Kပေါ့ K ...အား သူ့နာမည်ပါမကြားချင်ဘူး  ။ အဲ့လိုလူမျိုးနဲ့ ၁၀ခါပြန်ပါပြတ်သေးတယ် "

အားတဲ့ဘုရားတစ်ပါး ဆင်းကယ်ပါ ။ Nicholasက  သူနားကြားမမှားတာဖြစ်စေဖို့ မနည်းဆုတောင်းမိသည် ။

EuiJooဟာ Kနဲ့ပတ်သတ်ရင် နည်းနည်းတုံးသည်ပြောရမလား ၊ သူတို့ အပျော်သပ်သပ် Werewolf gameဆော့တုန်းကလဲ သရုပ်ဆောင်တာ နည်းနည်းမှအချိုးမပြေသည့် K ကို အဆုံးထိ ယုံပေးခဲ့သည်လေ ။

Kကျတော့ရော တစ်ခြားအချိန်မှာ ဥာဏ်ကောင်းပေမယ့် EuiJooနဲ့ပတ်သတ်ရင် အူလည်လည် ။ EuiJooက သူ့Messageတွေ Replyမပြန်တာကို ပျင်းတယ်လို့ အကြောင်းပြရင်လဲ အံ့သြနေတတ်သလို ၊ သူ့ရေဘူးတွေ စားလက်စမုန့်တွေအားလုံးကို မျက်စိနောက်သည်ဆိုတဲ့အကြောင်းပြချက်နဲ့ EuiJooက လွှင့်ပစ်တာကိုလဲ စိတ်ဆိုးရမည့်အစား Kက ပါးစပ်အဟောင်းသားဖြစ်နေခဲ့ပြန်သည် ။

ဒီကတည်းက သူတို့အားလုံး အနည်းနဲ့အများတော့ ရိပ်မိခဲ့သည်ပြောရမလား ။ ဒါပေမယ့် ပြောခဲ့သည့်အတိုင်း Kရော EuiJooရောက သူတို့ချင်းချင်းဆို ငတုံးလေးတွေဖြစ်ကြတာမို့ တွဲနေကြမှန်းတောင် သတိထားမိသည့်လူက ခပ်ရှားရှား ။ အင်း .. အခုလိုပြတ်သွားပြန်တော့လဲ ဘယ်သူမှသိဦးမည်မထင်ပါ ။

Fool (KeiJoo)Where stories live. Discover now