FOOL

118 14 0
                                    

" ကြည့်ပြီလား "

" မကြည့်သေးဘူး "

" အခုရော ကြည့်ပြီလား "

" မကြည့်သေးဘူး "

" ကြည့်ပြီလား "

" ကြည့်သွားပြီ "

Kက အသံကျယ်ကြီးနဲ့အော်ရင်း Fumaဘေးကို ကမန်းကတန်းရောက်ချလာသည် ။ Fumaဖုန်းကို ဆွဲလုရင်း Story viewerရဲ့ထိပ်ဆုံးမှာပေါ်နေသည့် Euijooooo__02 ဆိုတဲ့ Accountကို မြင်တော့ ပြုံးနေမိတာများ ... ။

ဟားဟား ငါ့ကိုထားခဲ့တဲ့ Byun EuiJoo
ကြည့်နေ ငါပျော်ပြမယ် ။

၁၀နာရီ ၃၅မိနစ် ... ။
၁၁နာရီမထိုးခင် EuiJoo ရောက်လာစေဖို့ပဲ မျှော်လင့်ပါတယ် ။ သူ ဒီမဟုတ်ကဟုတ်က ဘီယာတွေသောက်မနေနိုင်တော့ဘူး ၊ အိပ်ချင်လှပြီ ။

" အောဟော် ... "

" ချွတ် အခုချွတ် ... "

Kက ၁၀မိနစ်တောင်မပြည့်ခင် ရောက်ချလာတဲ့ EuiJooကြောင့်ပဲအံ့သြရမလား ၊ ဘာမဆိုင် ညာမဆိုင် ပြောလာတဲ့ EuiJooစကားကြောင့်ပဲ လန့်ရမလား မဝေခွဲနိုင် ။

" ဘာရယ် .. ဘာကိုချွတ်ရမှာလဲ "

" အခုဝတ်ထားတဲ့ အင်္ကျီ ။ အဲ့တာ ၃လပြည့်တုန်းက ကျွန်တော်ဝယ်ပေးထားတာ ။ ချွတ် .. ကျွန်တော်လွှင့်ပစ်မို့ "

Byun EuiJoo ကပ်တီးကတ်ဖဲ့နိုင်လွန်းတဲ့ကောင်စား ။ Kကလဲ နဂိုတည်းက Alcoholလေး နည်းနည်းဝင်ထားတာမို့ သွေးက ဆိုးချင်လာသည် ။

" ဟေ့ကောင် မင်းမညစ်နဲ့ ။ ပြတ်သွားပြီဆိုတိုင်း အဲ့လိုတောင်းလို့ရလား ။ ပေးပြီးသားပစ္စည်းပြန်မယူရဘူးလေ ။မျက်စိစွန်ချင်လို့လား "

" စွန်ရုံမကလို့ ကန်းကန်း ။ ချွတ်စမ်းပါ ၊ ခင်ဗျားကိုယ်ပေါ် ကျွန်တော့်ပစ္စည်းတွေမြင်နေရတာကို မသတီလို့ "

" အေး ရတယ်ကွာ ရတယ် "

Kက နဂိုတည်းက အကြောတင်းသည့်လူ ။ အပေါ်က ထပ်ဝတ်လာသည့် Leather Jacket ကို ချွတ်ပြီး EuiJooပခုံးတည့်တည့်ကို ကောက်ပေါက်လိုက်သည် ။ သို့ပေမယ့် EuiJooမျက်နှာကိုမထိအောင်တော့ သူအနည်းငယ်မူးချင်နေသည့်ကြားက သတိထားဖို့ မမေ့ပါ ။ Kက ဘယ်လိုအခြေအနေပဲရောက်ရောက် EuiJooကို နာကျင်အောင်မလုပ်နိုင်ခဲ့ ။ အရင်ကရော အခုရော .. ။

You've reached the end of published parts.

⏰ Last updated: Jan 05, 2023 ⏰

Add this story to your Library to get notified about new parts!

Fool (KeiJoo)Where stories live. Discover now