ဖူကူအိုကာမြို့ ၂၀၂၁ ခုနှစ်
ဆောင်းဦးရာသီ
My...ဘယ်အချိန်ကစပြီး ချစ်မိသွားခဲ့လဲ ကိုယ်မသိဘူး...
ကိုယ်တိုင်တောင် သတိမထားလိုက်မိဘဲ ကိုယ့်နေ့ရက်တိုင်းရဲ့ ရာနှုန်းပြည့်နီးပါးကို မင်းကနေရာယူထားလေတယ်..."အစ်ကို ဂယူ....စောင့်နေရတာကြာပြီလား"
ခပ်တိုးတိုးအသံငယ်လေးနဲ့အတူ ချယ်ရီပင်အောက်ရပ်စောင့်နေသည့် အရိပ်ကလေးအနီးသို့တိုးကပ်လာတဲ့ ကောင်ငယ်လေး...
ပန်းရောင်ဟူဒီခေါင်းစွပ်နှင့် လက်နှစ်ဖက်ကို အိတ်ကပ်ထဲထည့်ရင်း ခေါင်းငိုက်စိုက်ကျကာ ရပ်နေသည့် 'အစ်ကို' ဆိုသူမှ အသံလာရာကို မော့ကြည့်လာသည်။
ကော့ညွတ်နေသည့် မျက်တောင်ရှည်လေးတွေအထက် နှင်းမှုန်စလေးများ တင်ကျန်လျက်။"ရူတို...."
လက်ထဲမှာ ထီးတစ်ချောင်းဖြင့် ဂျွန်ဂယူရှိရာဆီ အပြေးလာရလို့ထင် မောဟိုက်နေဟန်...
အသက်ရှူပြီးတိုင်း မှုတ်ချလိုက်သည့် ထွက်လေတချို့က ဆောင်းညတစ်ည၏ လမ်းမီးရောင်တို့ထက် အငွေ့အဖြစ်ပြောင်းလဲအသက်ဝင်လျက်ရှိသည်။"အစ်ကို ဂယူ...အေးနေမှာပေါ့
ဘာလို့ကျွန်တော့ကို စောင့်နေတာလဲ ထီးလည်းမပါဘဲနဲ့...
အရင်သွားနှင့်မှပေါ့"ဟာရူတိုမှ နှစ်ယောက်စလုံးထီးအောက်ရောက်လျက်အနေအထားဖြစ်တဲ့အထိ မျက်နှာချင်းဆိုင် ဂျွန်ဂယူနားတိုးကပ်သွားလိုက်သည်။
ဟာရူတို နောက်ကျမှရောက်လာမိသည့် ကိုယ့်ကိုကိုယ် စိတ်တိုမိတယ်...
အစ်ကို ဂယူကရော.. ဘာလို့ အခုလိုနေရာမျိုးမှာစောင့်နေရတာလဲ...
ဒီလောက် နှင်းတဖွဲဖွဲ ကျနေခဲ့တာကို..."ငါ...မင်းနဲ့အတူ...
သွားချင်လို့..."ပြောပြီးတာနဲ့တစ်ဖက်ကို မျက်နှာလွှဲသွားသည်။ ဂျွန်ဂယူ့စကား အဆုံးပိုင်းမှာ အသံ တိမ်ဝင်သွားခဲ့သော်လည်း ဟာရူတို ကြားဖြစ်အောင်ကိုကြားလိုက်ပါသေးသည်။
သူပဲစိတ်ထင်လို့လားမပြောတတ်...အစ်ကို့အသံမှာ အနည်းငယ်ရှိုက်သံပေါက်နေသည်။"အစ်ကို ဂယူ...ကျွန်တော့ကိုကြည့်"
ပန်းရောင်ဟူဒီခေါင်းစွပ်ဖြင့် ဖုံးအုပ်ထားသည့် ခေါင်းလုံးလုံးလေးကို သူ့ဘက်လှည့်စေလိုက်သည်။
ပါးဖောင်းလေးတစ်ဖက်ကို လက်ဖြင့်အုပ်ကိုင်ကာထိန်းထားရင်း မျက်လုံးချင်းဆုံစေသည်။