1

411 47 9
                                    

Unicode:

ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့။

လူနေအိမ်ခြေတွေနဲ့အလှမ်းဝေးတဲ့တစ်နေရာမှာ အလွန်ကျယ်ဝန်းတဲ့ခြံဝန်းကြီးတစ်ခုနဲ့အဲ့ခြံဝန်းထဲမှာတည်ဆောက်ထားတဲ့နန်းတော်တမျှခမ်းနားလှတဲ့အိမ်ကြီးတစ်လုံးဟာထီးထီးမားမားတည်ရှိနေသည်။ ဒါပေမယ့်မြို့ပေါ်ကလူတွေကတော့ အဲ့အိမ်ကြီးကဘာလဲဆိုတာမစပ်စုကြသလို သူတို့နဲ့မဆိုင်ဘူးလို့ပဲမှတ်ယူထားတယ်တဲ့။

တကယ်လည်းအဲ့အိမ်ကြီးကဘာမှထူးထူးခြားခြားမဟုတ်ပါ၊ အထူးအဆန်းဆိုလို့ကြီးကျယ်ခမ်းနားတာတစ်ခုပဲရှိသည်။ အဲ ဒါပေမယ့် နောက်ထပ်ထူးဆန်းတာတစ်ခုထပ်ရှိသေးသည်။ အဲ့ဒီနန်းတော်သမျှကြီးမားတဲ့အိမ်ကြီးမှာ ခွေးလေးတွေအများကြီးစုပြီးနေထိုင်ကြခြင်းဖြစ်သည်။

အများစုက Samyoedနဲ့ Golden Retriverမျိုးစိတ်တွေဖြစ်ပြီး Samyoedတွေကဖြူဖြူဖွေးဖွေးနဲ့ကြည့်ကောင်းလှသလို Golden Retriverတွေကတော့ ညိုညိုလုံးလုံးလေးတွေနဲ့ချစ်စရာလေးတွေဖြစ်သည်။

ခုလည်းအိမ်ကြီးထဲမှာ ခွေးပေါက်လေးတွေပြေးလွှားဆော့ကစားသံတွေကြောင့်ဆူညံနေသလို အရွယ်ရောက်ပြီးသား Samyoedတွေနဲ့ Golden Retriverတွေကလည်း သူတို့တာဝန်ကျရာကိုလုပ်ရင်း အလုပ်ရှုပ်နေကြသည်။

ဒါပေမယ့် တစ်ခြားကောင်တွေနဲ့မတူပဲ တစ်နေရာမှာငြိမ်ငြိမ်လေးလှဲပြီး ဆော့ကစားနေတဲ့ခွေးပေါက်လေးတွေကိုကြည့်နေတဲ့ Golden Retriverလေးတစ်ကောင်လည်းရှိသေးသည်။
သူဟာပျော်ပျော်ရွှင်ရွှင်ကစားနေတဲ့ခွေးပေါက်လေးတွေကိုအားကျတဲ့မျက်လုံးလေးတွေနဲ့ကြည့်နေတာဖြစ်သည်။ ဒါပေမယ့်သူကိုယ်တိုင်ကတော့ဝင်ကစားလို့မရပါဘူး။ ဘာလို့လဲဆိုတော့ သူ့ကိုအကောင်သေးလို့ဆိုပြီး ဘယ်သူကမှခေါ်မဆော့ပါ။ တကယ်တော့သူကမသေးပါဘူး သူ့ထက်တစ်လက်မနှစ်လက်မလောက်အရပ်ပိုရှည်တဲ့သူတွေကိုတောင်ခေါ်ဆော့ပြီး သူ့ကြမှ သေးလို့ဆိုတဲ့အကြောင်းပြချက်နဲ့ဘယ်သူမှအတူမဆော့ကြခြင်းဖြစ်သည်။

ဂျယ်ယွန်းလေးကတွေးရင်းသက်ပြင်းချလိုက်ပြီး သူ့လက်တိုတိုလေးတွေကိုလည်းငုံ့ကြည့်လိုက်သေးသည်။ သူ့နာမည်ကရှင်းမ်ဂျယ်ယွန်း၊ Golden Retriverမျိုးစိတ်နွယ်ဝင်ဖြစ်ပြီး သူ့မှာကသူအပါအဝင်မိသားစုလေးယောက်ရှိသည်။ ဖေဖေရယ်၊ မေမေရယ်၊ ကိုကိုရယ်၊ သူရယ်ပေါ့။
ကိုကိုကအရင်ကသူနဲ့အတူကစားပေးပေမယ့်ခုအရွယ်ရောက်လာတော့ သူတို့တိုင်းပြည်ကချမှတ်ပေးတဲ့တာဝန်ကိုထမ်းဆောင်ရသည်။ ဒါကြောင့်နားရက်မှသာသူနဲ့အတူကစားပေးလို့ရတော့သည်။ ဖေဖေနဲ့မေမေကလည်းအလုပ်လုပ်ရန်သွားရသည်မို့သူတစ်ယောက်တည်းအထီးကျန်နေခြင်းဖြစ်သည်။

Love Between 2 PuppiesWhere stories live. Discover now