Unicode
ဆောင်းဟွန်းသူ့ဘေးကနေစကားများနေတဲ့ Golden Retriverကောင်ကြောင့်လှည့်ထွက်လာလိုက်သည်။ အကောင်ကြည့်တော့ သေးသေးလေးနဲ့စကားကတော့သေအောင်ပြောနိုင်သည်။
သူကိုက်ချီလိုက်ရင်တောင် တစ်ချက်ထဲနဲ့ပါလာမယ့်ကောင်ကများ သူ့ကိုလာပြီးကိုကိုခေါ်ခိုင်းနေသေးသည်။ ပြီးတော့ဘယ်သူကများရင်းနှီးချင်နေလို့လဲ သူနဲ့။ အဲ့ကောင်နာမည်က ရှင်းမ်ဂျယ်ယွန်းဆိုတာတောင်သူမှတ်ထားတာမဟုတ်ဘူး။ ရှုပ်ရှုပ်ယှက်ယှက်တွေ။ ခုလည်းစောင့်နေမယ်တဲ့ စောင့်ပေါ့ သူ့ဟာသူတစ်ဖက်သတ် ဆောင်းဟွန်းကမသိတဲ့သူစောင့်တာသွားစရာလား အားအားယားယား။တကယ်တော့ဆောင်းဟွန်းကရုပ်တည်ကြီးနဲ့နေပေမယ့် သူငယ်ချင်းတော့လိုချင်ပါတယ်။ ဒီကိုမနေ့ကမှရောက်တော့သူငယ်ချင်းကမရှိသေးဘူး။ သူ့အရွယ်တွေတွေ့ပေမယ့် သူနဲ့တစ်ယောက်မှကီးမကိုက်လို့စကားမပြောဖြစ်ဘူး။ ခုနကကောင်ကသူ့ကိုပထမဆုံးစကားစလာပြောတာပဲ။ ဒါပေမယ့် အဲ့လိုစကားများတဲ့ကောင်တွေကိုလည်းသူကသဘောမကျပြန်ဘူး။ ကိုရီးယားမှာတော့သူသူငယ်ချင်းမရနိုင်တော့ဘူးထင်တယ် ဒီလိုပုံနဲ့ဆို။
အမေရိကမှာတုန်းကတော့ သူ့မှာသူငယ်ချင်းတွေအများကြီးရှိသည်။ ဒါပေမယ့် သူနဲ့ကီးကိုက်တဲ့သူတစ်ယောက်မှမပါ။ ဒါပေမယ့်ပေါင်းတော့ပေါင်းမိနေတာပဲ။ ငယ်ငယ်ထဲကပေါင်းလာတဲ့သူငယ်ချင်းကတော့ ပတ်ဂျေးလို့ခေါ်တဲ့ ပတ်ဂျုံဆောင်းပင်ဖြစ်သည်။ သူတို့နှစ်ယောက်ကမျိုးနွယ်မတူပါ။ ဒါပေမယ့် သူတို့တိုင်းပြည်မှာက မျိုးနွယ်တူတူမတူတူ မိတ်ဆွေဖွဲ့လို့ရသည်မို့ပေါင်းလို့ရခြင်းဖြစ်သည်။
ပတ်ဂျေးဆိုတဲ့ကောင်က Meow Countryရဲ့အိမ်ရှေ့စံ။ အိမ်ရှေ့စံသာပြောတာ အိမ်ရှေ့စံနဲ့တူတာတစ်နေရာမှမရှိ အိမ်ရှေ့စံဆိုတဲ့ဂုဏ်ပုဒ်သာရှိသည်။ ဒေါသကလည်းကြီး တစ်ခုခုဆို ထထအော်လို့ ဆောင်းဟွန်းလို့မလန့်တတ်တဲ့သူတောင်လန့်သည်။ ပြီးတော့သူ့skin colourက blackလေ စိတ်တိုရင်မချောတဲ့ရုပ်ပိုပိုဆိုးသည်မို့ ဆောင်းဟွန်းခင်မျာ ကျိတ်ကျိတ်ရယ်ရတာအမော။ အဲ ဒါပေမယ့် ပတ်ဂျေးမှာက ရည်းစားရှိသည် သူ့မှာကမရှိ။ တကယ်တော့ပတ်ဂျေးကလည်းသူ့မျိုးနွယ်က ကြောင်ပျိုမဒီတွေကြားမှာစန်းတော့ပွင့်သည်။ ဆောင်းဟွန်းနဲ့ကငယ်ငယ်ထဲကပေါင်းလာလို့သာ ပတ်ဂျေးကိုထူးကဲပြီးမမြင်နိုင်သာဖြစ်သည်။