Unicode
"ဒိုင်း....ဒိုင်း....ဒိုင်....."
မှောင်မိုက်နေတဲ့တောအုပ်ထဲကထွက်လာတဲ့ သေနတ်သံသည်
အရမ်းကိုမှကျယ်လောင်လှသည်။ညဘက်ခြမ်းဖြစ်တာရယ်၊
လူသူကင်းမဲ့တဲ့နေရာဖြစ်တာကြောင့်ပင်ဖြစ်သည်။သက်တမ်းရင့်သစ်ပင်များစွာပတ်လည်ဝိုင်းထားတဲ့ အလယ်
မှာကြီးမားလှတဲ့ဂိုဒေါင်....ဂိုဒေါင်ကိုကြည့်ရုံနဲ့တင် ကြက်သိမ်းတစ်ဖျမ်းဖျမ်း ထသွားလောက်တဲ့ထိ ကြောက်
စရာကောင်းလှသည်။ထိုထက်ကြောက်စရာကောင်းတဲ့အရာမှာတော့ 'Wang' ဂိုဏ်းခေါင်းဆောင်ဖြစ်တဲ့'ဝမ်ရိပေါ် 'ပင်။
"ဒီသစ္စာဖောက်ကောင်တွေကို ပင်လယ်ထဲငါးစာကျွေးလိုက်
တော့ 'လုဘင်'!""ဟုတ်ကဲ့ 'wang' ခေါင်းဆောင်"
'ဘင်' လည်းသူဘေးရှိ အဖွဲ့သားတစ်ချို့ကို Yi boရှေ့ရှိ
သွေးအိုင်ထဲလူးနေတဲ့ သုံးကောင်ကိုလာယူရန် မျက်စိပစ်ပြ
လိုက်သည်။ထို့နောက်'ဘင်'သည်'ရိပေါ် 'ကိုကြည့်တော့ ကိုယ်ပေါ်၌သွေး
တွေပေကျန်ကာ ကျားတစ်ကောင်သာရှေ့မှာရှိရင် အဲ့ဒီကျား
ကို အစိမ်းလိုက်သတ်ဖြတ်စားသောက်ချင်နေတဲ့ 'ရိပေါ်'ရဲ့
အကြည့်၊ ဆေးလိပ်သောက်နေသည့် ပုံမှာလည်း အထက်တန်း/စီး ဆန်လှသည်။Wang Yi Boဆိုတဲ့ငါတို့ရဲ့ ခေါင်းဆောင်က သြဇာ၊အာဏာ အပြည့်ရှိတဲ့သူပဲလေ။
"ခေါင်းဆောင် သူတို့ကိုလွှတ်လိုက်တဲ့ 'Huang'ဂိုဏ်း
ကိုဘယ်လိုလုပ်မှာလဲဗျ"'ရိပေါ် ' လည်း'ဘင်' ဘက်ခြမ်းလှည့်ပြီး ဆေးလိပ်ဖွာကာ....
"ငါပြောစရာ လိုသေးလို့လား"
"ဟုတ်ကဲ့ခေါင်းဆောင် အရင်ကတိုင်းလုပ်လိုက်ပါမယ်"
'ဘင်' ပြောအပြီး 'ရိပေါ်' လည်းဂိုဒေါင် အပြင်ဘက်ခြမ်း
ထွက်လိုက်ပြီး ဆေးလိပ်ကိုအောက်ပစ်ချကာ တက်နင်းလိုက်
ပြီး လေကို တစ်ဝကြီးရှူရှိူက်လိုက်သည်။နောက်တော့ ကားတံခါးဖွင့်ပြီး စောင့်ရပ်နေတဲ့ 'ဘင်'
ကိုကြည့်ပြီး 'ရိပေါ်' ကားထဲဝင်ထိုင်လိုက်သည်။'ရိပေါ် '
ကားထဲဝင်လိုက်တော့ 'ဘင်' လည်း ကားတံခါးပိတ်ပြီး
ကားအရှေ့ခေါင်းမှာ ကားမောင်းရန် ဝင်ထိုင်လိုက်သည်။