အခန်း (၅)

727 67 4
                                    

Unicode

မနက်အစောကြီး ရှိနေသေးပေမဲ့ နိုးနှုင့်နေတဲ့ ရှောင်ကျန့်။
အိပ်ယာပေါ်မှာ မျက်လုံးလေးကို ညင်သာစွာဖွင့်ပြီး
ဘေးဘီကို လိုက်ကြည့်နေမိသည်။သူ့၏ ဘေးနားတွင်
ကပ်လျက်တိုးအိပ်နေတဲ့ တစ်ဦးတည်းသော၊ သူ့ကို
အကြွေးနှုင့် သိမ်းခဲ့သူအား အနီးကပ်ပြီးသေချာစွာ
ကြည့်နေမိ၏။

ရိပေါ်ရဲ့မျက်နှာဟာ ညတုန်းကလို ဂုဏ်မောက်နေပြီး
အာဏာပြချင်နေသည့် မျက်နှာထားမဟုတ်တော့ပေ။
ဆန့်ကျင်ဖက် အနေအထား၌ ရှိနှင့်နေသည်။မျက်နှာဟာ
ဖြူလျော့နေပြီး ပကာသန ကင်းရှင်းလှသည်။

'လူကြီးက အနီးကပ်ကြည့်တော့ ပိုချောတာဘဲ ငါသူ့
မျက်နှာလေးကို ကိုင်ကြည့်ချင်တယ်...မဟုတ်ဘူး
မကိုင်ဘူး...ငါ့ကိုမိသွားမှ ဒုက္ခ။ ညတုန်းက အပြေးသွား
တာဘာဖြစ်လို့ပါလဲ'

ရှောင်းကျန့် သူမကိုင်ဘူးဟု တွေးနေသော်လည်း
သူ့ရဲ့လက်ကတော့ ဆန့်ကျင်ဘက်ပင်။​ရှောင်းကျန့် လက်
လေးကို အသာထုတ်ပြီး ရိပေါ်ရဲ့မျက်နှာ ကိုကြည့်ပြီး
နှတ်ခမ်းလေးကို အသာလေးတို့လိုက်သည်။

ရိပေါ်ရဲ့ ကိုယ်လေးလုပ်သွားတာကြောင့် လက်ကို
အမြန်ပင်အနောက်သို့ ဖွက်သော်လည်း မမှိီလိုက်ပေ။
ရိပေါ်မှ ရှောင်းကျန့် လက်ကို ဖမ်းယူလိုက်သောကြောင့်
ပင်။

ရိပေါ် မျက်လုံးတစ်ဖြည်းဖြည်းချင်း ဖွင့်ပြီး
ရှောင်းကျန့်ကို ကြည့်ကာ.....

"ကိုယ်အိပ်နေတုန်း ကိုယ့်ကိုအသားယူနေတာဘဲ"

ရိပေါ်ပြောတော့ ရှောင်းကျန့်လည်း ရှက်ယမ်းယမ်းနှင့်
ရိပေါ်ကို ခြေထောက်ဖြင့် ဗိုက်ကိုကန်လိုက်တော့သည်။
ညက သေနတ်ဖြင့် ရှပ်ထိထားတာကြောင့် အနည်းငယ်
တော့ နာကျင်နေတုန်းပင်။

"အ.."

ရှောင်းကျန့်လည်း သူကန်လိုက်တာဖြည်းဖြည်းဘဲ
အရမ်းနာကျင်နေတဲ့ပုံပေါက်နေတဲ့ ရိပေါ်ကို
ကြည့်ပြီး အနားကိုတိုးကပ်သွားပြီး.....

"ခင်ဗျာ...ရရဲ့လား"

သူ့အနားကို တိုးလာပြီး လာမေးသော ရှောင်းကျန့်ကို
ရိပေါ်ကြည့်ပြီး အိပ်ယာကနေ ထထိုင်လိုက်တော့သည်။
ထထိုင်လိုက်တော့ ဒဏ်ရာစီးထားတဲ့ ပတ်တီးက
အနည်းငယ်ပြယ်နေပြီး သွေးစများ စို့နေသည်။

မာဖီးယား ရဲ့ အချစ်ရိုင်း(ongoing)Where stories live. Discover now