တိုက်ဆိုင်မှုတွေရှိတိုင်း သတိရတတ်တဲ့ ကိုယ့်ဦးနှောက်တွေရယ်...အတိတ်ဆီကို ပြန်တွေးမိတိုင်း တဆစ်ဆစ်နဲ့ နာကျင်လာတတ်တဲ့ ကိုယ့်ရင်ဘတ်တစ်စုံရယ်...
ဖြစ်နိုင်ရင် ကိုယ့်မှတ်ဉာဏ်တွေထဲကနေ ဒီအစိတ်အပိုင်းအားလုံးကို ဖြတ်ထုတ်ပစ်ချင်လိုက်တာ....
တကယ်ဆို မင်း ငါ့ဘဝထဲကို ဝင်မလာခဲ့သင့်ဘူး မောင်ရယ်....
နှစ်တွေကြာခဲ့ပြီဆိုပေမယ့် နှင်းတွေဖုံးလွှမ်းနေတတ်တဲ့ December လကို ရောက်တိုင်း...
Christmas ရဲ့အငွေ့အသက်တွေကို ခံစားရတိုင်း အဲ့ဒီ့နာကျင်စရာအတိတ်တို့ဆီပဲ ရောက်ရောက်သွားတတ်တဲ့ ကိုယ့်စိတ်တွေကိုလဲ စိတ်တိုင်းမကျတာ အမှန်ပါ...
ခုလဲ... ခုလဲ အမှတ်မရှိစွာ ငါ့ခြေထောက်တွေက ဒီနေရာကို လှမ်းလာမိနေတုန်းပဲ....
လူတွေစည်ကားနေတဲ့ ဒီလမ်းမကြီးက ကိုယ့်အတွက်တော့ ခြောက်ကပ်ကပ်ပါပဲ....
ပြုံးပျော်နေတဲ့ လူတွေရဲ့ မျက်နှာတွေဟာလဲ ကိုယ်တစ်ယောက်ထဲဆိုပြီး လှောင်ပြောင်နေသလို....
ငါတို့ ~ ဒီနေရာမှာစပြီးတွေ့ခဲ့တယ် ....
ငါတို့ ~ ဒီနေရာမှာစပြီး ချစ်ခဲ့ကြတယ်........
အဲ့ဒီနေ့ကသာ အငယ်လေး ခေါ်တဲ့နောက်ကို ငါ လိုက်မလာမိခဲ့ရင်....
မဟုတ်ဘူး....
အငယ်လေး ကားသာ မပျက်ခဲ့ရင်....
ဟင့်အင် ဒါလဲမဟုတ်ပြန်ဘူး...
အငယ်လေး ကားပျက်လို့ ကျောင်းနောက်ကျနေတာကို ငါသာ လိုက်မပို့မိခဲ့ရင် ငါတို့ ဒီလို ရင်နာစရာ အတိတ်တွေ ရှိမလာနိုင်ဘူး ထင်တယ်နော်။
အို...ဒါလဲ မဟုတ်ပြန်ဘူး ထင်ပါရဲ့ကွယ်.....
တွေ့ကြုံရမယ့် ရေစက်တွေဆိုတာ ဘယ်လိုအကြောင်းတွေပဲရှိရှိ ဘယ်လိုတွေပဲ ရှောင်ပုန်းနေပါစေ တစ်နေ့မဟုတ် တစ်နေ့ တွေ့ဖို့ဖန်လာရတာ သဘာဝပဲ မဟုတ်လားလေ.....
.
.
.အဲ့ဒီနေ့က
"ကိုလေးရေ...ကိုလေး... အခန်းထဲမှာလား"
YOU ARE READING
နှောင်းအတိတ်ဆီက မောင် ( SUNSUN ) ( SEASON 1)
Fanfictionငါ့ အရှုံးတွေနဲ့ ထိုက်တန်အောင် မင်း ပျော်နေပါ မောင်...