(Unicode)
အပိုင်း (၁၉)
ပထမအကြိမ်ထွက်ပြေးခြင်း
အဲ့နေ့က မာမီနဲ့ ဒယ်ဒီ အော်ကြီးဟစ်ကျယ် စကားများကြတယ်။ ကြောက်လွန်းလို့ စားပွဲခုံအောက် ဝင်ပုန်းနေမိတဲ့ သူ့မျက်လုံးရှေ့တည့်တည့်ကို မာမီလဲကျလာချိန် အစ်ခနဲအသံထွက်သွားမိတဲ့အခါ ဒေါသကြောင့် နီရဲနေတဲ့ ဒယ်ဒီ့မျက်လုံးတွေက ခိုးကြည့်နေတဲ့ သူ့ဆီ ရောက်လာတယ်။
ဒယ်ဒီက သူ့ကိုပါ ရိုက်တော့မှာလား..
စားပွဲအောက်ကနေ ကြောက်လန့်တကြား ထွက်ပြေးခဲ့မိတယ်။ အဲဒီ့အချိန်တုန်းက သူ့ အသက် ၅ နှစ်။ ဒယ်ဒီမမြင်အောင် ခြံထောင့်က သစ်ပင်ကြီးနောက်မှာ ထိုင်ရင်းငုတ်တုပ်ကလေး အိပ်ပျော်သွားတာ နိုးတော့ သူ့အိပ်ခန်းလေးထဲမယ်။ သူ့ဆီလှမ်းလာတဲ့ ဒယ်ဒီ့လက်ကို မြင်တော့ အော်ငိုမိတယ်။
''အားယွီလေး.. သားလေး ဘာလို့ငိုရသလဲကွယ်''
''ရိုက်မှာ.. ဒယ်ဒီက သားကို ရိုက်တော့မှာ''
''ဒယ်ဒီက ဘာလို့ရိုက်ရမှာလဲ။ သားကို သိပ်ချစ်တာ''
ဒယ်ဒီညာတယ်။
ပြောတော့ ကမ္ဘာပေါ်မှာ မာမီနဲ့ သားကို အချစ်ဆုံးတဲ့။ မာမီ့ကိုတောင်ရိုက်တာ သားကိုလည်း ရိုက်မှာပေါ့။ဒုတိယအကြိမ် ထွက်ပြေးခြင်း
''မင်းမှာ မာမီအသစ်လေးတွေ အများကြီးပဲ အားယွီ'' တဲ့။ မာမီက ပြောရင်း ရယ်တယ်။
''မင်းဒယ်ဒီက ငါ့ကို မချစ်တော့ဘူး''
ရယ်နေတဲ့ မာမီ့မျက်ဝန်းမှာ မျက်ရည်တွေ။
နေ့နေ့ညည ပြဿနာတွေထဲမှာ မာမီ့အတွက်ရော ဒယ်ဒီ့အတွက်ပါ သူ့စကားတွေက အရေးတယူလုပ်စရာ မဟုတ်ခဲ့။
''သားက မာမီချော့သိပ်မှ အိပ်ပျော်တာ''
''ဒယ်ဒီ့ လက်မောင်းကြီးခေါင်းအုံးပြီး အိပ်ပါရစေနော်''ကြားအောင်လည်း အော်မပြောရဲခဲ့ဘူး။
တစ်ချိန်ကျ အမှတ်တရဖြစ်စေဖို့ ရည်ရွယ်ပြီး အသံသွင်းပေးခဲ့တာအတွက်တော့ မာမီ့ကို ကျေးဇူးတင်ပါတယ်။ recording လေးကို ဖွင့်ပြီး ဒယ်ဒီ ဝယ်ပေးထားတဲ့ Pooh ရုပ်ကြီး ဖက်ပြီးအိပ်တော့ အိပ်ပျော်ပါတယ်။
YOU ARE READING
PHOTOGRAPH
FanfictionCollaboration with @Ryeo_27 Loving can hurt, loving can hurt sometimes ... But it's the only thing that I know. When it gets hard, you know it can get hard sometimes... It is the only thing makes us feel alive.