BODY LANGUAGE (Unicode)

4.1K 308 39
                                    

Unicode

လှပသည် ။ စွဲမက်ဖို့ကောင်းသည် ။ ငြိ
တွယ်ဖို့ လွယ်ကူသည် ။ နားလည်ဖို့ရန် ခက် ခဲသည် ။ သွေးအေးအေးဖြင့် ရက်စက်သည် ။ ပြတ်သားတတ်သယောင်နဲ့ ညှို့ယူဖို့လည်း မမေ့လျော့တဲ့လူ။ သူကဆွဲမထားရင်တောင်ကိုယ်က ကုပ်ဖက်တွယ်ထားချင်စရာကောင်းတဲ့ အလှတရားအပြည့်နဲ့ဖမ်းစားတတ်သည်။သူ ချစ်တာလည်း မူမမှန်တဲ့ ရှောင်းကျန့် ၊ အစီအစဥ်မကျတဲ့ အိပ်မက်တစ်ခုနဲ့ တူတဲ့
ယောကျ်ားကိုပဲ ။

လူတစ်ယောက်ကို ချစ်ဖို့ဆိုတာဟာ ဝမ်ရိပေါ်အတွက် စိတ်ကူးနှင့်ပင် တွေးကြည့်ဖူး
သည့်အရာမဟုတ်ခဲ့ဘူး ။ ချိုသလား ၊ ခါးသလားလည်း သူမသိခဲ့တဲ့အထိ ရိပေါ်ကအဲ့ဒီလိုလူမျိုးဖြစ်သည် ။ ရှောင်းကျန့်ကို ပထမဆုံး အကြိမ်မြင်တွေ့ဖူးခဲ့တုန်းက ရိပေါ် အ သက်ကနှစ်ဆယ်စွန်းစွန်းသာ ။ ဝေဟင်ဆီခြေဆန့်တော့မည့် သင်တန်းဆင်း ဗိုလ်ကလေး ။

သင်တန်းကျောင်း၏အတော်ဆုံးဆိုတဲ့ဂုဏ် ပုဒ် ၊ ဂုဏ်ပြုစာလွှာတစ်စီတစ်တန်းနှင့် ပန်း စည်းတစ်ပွေ့တပိုက်ဖြင့် ရိပေါ်က ရှောင်း
ကျန့်ကိုမြင်မြင်ချင်းခလုတ်တောင်တိုက်၏ ။

တိုက်လေယာဥ်တွေသာ ဖြတ်သန်းခွင့်ရှိသောလေယာဥ်ကွင်းထဲမှာ ဒီလရဲ့ ဖက်ရှင်မဂ္ဂဇင်း အတွက်လာရောက်ရိုက်ကူးနေသော ရိုက်ကွင်းအဖွဲ့ ။ ဒါကပုံမှန်ပါပဲ ။ ရုပ်ရှင်သ မားတွေဟာ လေတပ်ထဲကိုလာလေ့ရှိပြီးသူ
တို့ရဲ့ စီးပ္ပါးရေးကိုချဲ့ထွင်ကြသည် ။ လေသူ
ရဲတွေနဲ့ ပတ်သတ်သည့် ဇာတ်ကားတချို့နဲ့
ဇာတ်လမ်းတိုတွေကိုလည်း မကြာခဏလာရိုက်တတ်ကြသည် ။

ထူခြားသည်ကလေယာဥ်လမ်းကြောင်း
ကတ္တရာအမာသားပေါ်မှာပက်လက်ပစ်လှန်လို့ ပိုစ့်အမျိုးမျိုး ပေးနေတဲ့ ရိုက်ကွင်းရဲ့အ ဓိက ဖက်ရှင်စတား ။ အပေါ်စီးကနေ ချိန်ထားသည့် ကင်မရာထံအကြည့်မပို့ဘဲ ခပ်လှမ်းလှမ်းက ဖိုက်တာတိုက်လေယာဥ်တွေနားမှာ ဓာတ်ပုံစုရိုက်နေသည့် အငယ်တန်းဗိုလ်လေးတွေအုပ်စုဘက်သို့ လှဲချထားသည့်ခေါင်းကိုစောင်း၍ မျက်နှာလှလှကလေးက လှည့်လာ၏ ။ အယောက်နှစ်ဆယ်လောက်ရပ်နေတဲ့ထဲမှာမှရိပေါ်ထံသို့ ခံစားချက်ကင်းမဲ့နေသည့် မျက်လုံးလှလှလေးတွေက ကူး ပြောင်းလာတာကြောင့် လူပျိုပေါက်လေးခမျာ အယောင်ယောင်အမှားမှားဖြင့်တံတွေး တောင်မျိုချမိသွားသည် ။

You've reached the end of published parts.

⏰ Last updated: Jan 30, 2023 ⏰

Add this story to your Library to get notified about new parts!

𝐁𝐎𝐃𝐘 𝐋𝐀𝐍𝐆𝐔𝐀𝐆𝐄Where stories live. Discover now