Part 3

25 2 0
                                    

Lavender ဆိုသောသူမနှင့် မမLapleတို့တွေ့ဆုံခဲ့ကြပုံမှာလည်းအတော်လေးကတိုက်ကရိုက်ဆန်ခဲ့သည်

ရန်ညှိုးတွေကြောင့်သွေးမြေခခဲ့ကြတဲ့တစ်ညမှာပေါ့

Past...

မှောင်ရိပ်ထဲမှအမြန်ပြေးလာသောသူတစ်ယောက်သည်
ပန်းနွယ်၏အိမ်‌‌နားသို့ချည်းကပ်လာနေလေသည်

အနောက်မှာလည်းလူတွေအများကြီးပြေးလိုက်လာကြသည်
လိုက်လာသူတို့မှာလည်းလူကောင်းများဖြစ်ပုံမရ သေနတ်များကိုကိုင်ဆောင်ကာရှေ့မှပြေးလာသူနောက်ကိုအသည်းအသန်လိုက်နေကြလေသည်

ပန်းနွယ်မှာမနက်အစောဘုရားကိုစံပယ်ပန်းလေးများကပ်ရန်
ခြံထဲရှိစံပယ်ရုံတွင်ခူးဆွတ်နေစဉ်ထိုအဖြစ်အပျက်များကိုမြင်နေရခြင်းဖြစ်သည်

ရှေ့မှပြေးလာသူမှာလက်ထဲရှိဓားကိုအနောက်မှ‌လိုက်နေသောလူအုပ်၏ခေါင်းဆောင်ဖြစ်ပုံရသည့်သူတစ်ယောက်ကိုလှမ်းကာပစ်ပေါက်လိုက်လေသည် မည်မျှပင်လက်တည့်သည်မှာ
ထိုလူ၏လည်ပင်းတည့်တည့်သို့မှန်ကာသွေးများဖြာထွက်ကုန်လေသည်

လပြည့်ညရောက်ကာနီး၂ရက်အလိုလောက်တွင်ဖြစ်ရာ လမင်းကြီးမှာလည်းလင်းထိန်နေပြီးသူတို့၏အဖြစ်အပျက်များကို
ပန်းနွယ်ရှင်းရှင်းလင်းလင်းမြင်တွေ့နေရပေသည်

အာရုံပြောင်းသွားသောလူအုပ်မှာဆက်မလိုက်နိုင်တော့ဘဲ
တစ်ခဏတာငြိမ်သက်သွားလေသည် သေနတ်များအသုံးပြုလိုက်ပါကသူတို့၏ဖြစ်တည်မှုကိုပတ်ဝန်းကျင်အိမ်များမှသတိထားမိသွားမှာစိုးရိမ်ကြသည့်ပုံပင်

ထိုစဉ် ရှေ့မှပြေးလာသူမှာတံခါးမပိတ်ထားမိသောပန်းနွယ်၏
ခြံထဲသို့ပြေးဝင်လာပြီးစံပယ်ရုံအောက်ခြေတွင်ဝင်ရောက်
ပုန်းခိုလေသည် ပန်းနွယ်လဲထိတ်လန့်သွားမိပြီးအော်ဟစ်မိမလို
ဖြစ်သွားလေသည် ထိုလူမှာပန်းနွယ်၏လက်ကိုဖမ်းဆွဲကာကိုယ်ကိုနှိမ့်ချပြီးသူနှင့်မျက်နှာချင်းဆိုင်စေလိုက်သည် ထို့နောက် မောပန်းကာ တစ်ခုခုအတွက်ကြေကွဲဆို့နင့်နေသောအသံဖြင့်

"ငါ့ကို ကယ် ပါ ကျေးဇူး ပြု ပြီး တော့ "

ထိုအခါမှပန်းနွယ်လည်း အသေအချာကြည့်မိသည့်အခါမိန်းကလေးငယ်တစ်ယောက်ဖြစ်နေလေသည် မျက်နှာမှာလည်းဒဏ်ရာဒဏ်ချက်များရှိနေကာမျက်ရည်တို့ဖြင့်ပေပွနေလေသည်
လူမှာလည်းအသက်အလွန်ငယ်သေးပုံပေါ်နေသည့်ကလေးမပင်

နာကျင်သော်လည်းဆက်၍ချစ်မည်Where stories live. Discover now