💝💝ကျားဘုရင်ခံတွင်းထဲကသမင်ပျို💝💝
အပိုင်း(၁၀)
နေမီးလျှံ ဆိုင်အရှေ့တွင် car parking ထိုးကာ
ကားပေါ်မှ ဆင်းလာပြီး လေတချွန်ချွန်ဖြင့်
ဆိုင်ထဲသို့ ဝင်လာသည်ဒွန်း နေ့ကို ကြည့်ကာ
"အမယ် လေလေးတချွန်ချွန်နဲ့ မျက်ခွက်က
မှိုရတဲ့မျက်နှာနဲ့ပါလားနေ.....ဒွန်းကိုပြုံးပြရင်း
"မှိုတောင် သေးသေးမွှားမွှားမဟုတ်ဘူး
အကြီးကြီးကိုရမှာ"အန်..ငါကရတောင်ရလာတယ်ထင်တာ
မင်းက ရမှာပဲရှိသေးတာကိုးနေမီးလျှံ ဒွန်းအား ရယ်ပြလိုက်ကာ
"ငါ့ဘဝမှာ ငါလိုချင်တာ မရဘူးဆိုတာ
ရှိဖူးလို့လား ??? တုံးခုလို့မှ လှမ်းမရရင်
ခုန်ပြီးတော့ခူးမယ် ခုန်လို့မှမရသေးရင်
တန်ချူနဲ့ချူမယ်ကွာနေမီးလျှံ အောက်နှုတ်ခမ်းအား
သွားဖြင့်ကိုက်ကာ
ဒွန်းကို မျက်စိတဖက်မှတ်
လက်မထောင်ပြလိုက်သည်"ဘုရင်က ဘာတွေများချူချင်နေတာတုန်း
နေ ...နောက်လှည့်ကြည့်လိုက်တော့
ထင်ထားတဲ့အတိုင်းပင် ကေသရီ" ကေသရီ ရောက်နေတာလား
"ဟုတ်တယ် ဘုရင့်ကိုတွေ့ချင်လို့
နှစ်ယောက်ထဲ စကားတွေပြောချင်တယ်
ဘုရင်အားမလား"ကေသရီတို့ကလဲနော် နေ..တစ်ယောက်တည်းကိုပဲ
ကွက်ပြီးခေါ်တာလား ကျွန်တော်တို့ရော
မပါဘူးလားဒွန်းမေးတော့ ကေသရီပြုံးပြကာ
"ကေသရီက ဘုရင်နဲ့နှစ်ယောက်ထဲ
စကားပြောစရာရှိလို့ပါ ဒွန်းရဲ့
ဒီလိုလုပ်လေ ကေသရီပြီးတာနဲ့ ဒွန်းကို
ဖုန်းဆက်လိုက်မယ် ဒွန်းတို့တွေထွက်လာကြပေါ့"ရပါတယ်ဗျာ ကျွန်တော်တို့ဆိုင်ပစ်ပြီး
မလာတော့ပါဘူး ညကျမှ ဒီကောင် နေ..ကို့
ဘားမှာတဝိုင်း တကာခံခိုင်းတော့မယ်ဒွန်းစကားကြားတော့ နေ..ဒွန်းဘက်လှည့်လာကာ
"မင်းတို့ ဘားသွားချင်ရင်သွား.
ငါ ကဒ်ပေးလိုက်မယ် ကြိုက်သလောက်စား
ကျသလောက်ရှင်းလာခဲ့
ငါတော့မလိုက်ဘူး
YOU ARE READING
💝💝 ကျားဘုရင်ခံတွင်းထဲက သမင်ပျို💝💝
Romance21+ အရမ်းကိုမှောင်လွန်းတဲ့ ဂျောက်နက်ကြီးပါရှင့် အဆင်ပြေမှဖတ်ပါ