Unicode

840 82 9
                                    

[ song recommend - HEATHER by Conan Gray ]

အဖြူ​ရောင် နှင်းဆီပန်းတွေရယ်..

ထိုင်ခုံ​နေရာအပြည့်တွင် ထိုင်ခင်း​နေကြ​သောလူတစ်ချို့​တွေရယ်..

သာယာဖွယ်​ကောင်းလှတဲ့ piano အသံငြိမ့်ငြိမ့်​တွေရယ်..

သူ့​ရှေ့​မှောက်၌ရှိ​နေ​သော ဒီ​နေ့ရဲ့အဓိကဇာတ်​ကောင်နှစ်​ဦးရယ်။

တစ်​ယောက်က သူ၏အဖြူ​ရောင်၀တ်စုံတို့တွင်နှင်းဆီအဖြူတို့အားရင်ဘတ်၍ထိုးညှပ်ထားလျက် ၊
တစ်​ယောက်မှာ​တော့ လှပ​သောဂါ၀န်အဖြူတို့နှင့်အတူ သူမ၏လက်ထဲတွင်​တော့ ပန်းစည်းတစ်ခုတို့ကနေရာယူထား​လေသည်။

ထိုလူနှစ်​​ယောက်ရဲ့ တစ်ခြားတစ်ဖက်တွင်​တော့ ဖာသာတစ်ဦးရှိ​နေခဲ့ပြီး ၊ ကျမ်းစာအချို့တို့အားဖတ်ရွတ်​နေသည်။

သူတို့နှစ်​ယောက်ပြုံး​နေကြတယ်။
တစ်​ယောက်ကိုတစ်​ယောက်ကြည့်ရင်း ပြုံး​နေခဲ့ကြတယ်။

တစ်​ယောက်လက်ကိုတစ်​ယောက်ယူကာ လက်စွပ်တို့ကိုအပြန်အလှန်၀တ်ဆင်​ပေး​နေကြတယ်..။

ထပ်ပြုံးကြသည်။

ပြီး​နောက် အနမ်း​ခြွေကြသည်..။

သိပ်ကိုလှပပါသည်။

ကြည်နူးစရာလည်း သိပ်ကို​ကောင်းလှပါတယ်...

သူ မျက်ရည်​တွေကျ​နေခဲ့တယ်။

ပါးပြင်ထက်ကစိုစွတ်မှုကိုခံစားမိ​နေတာ​တောင် သူဒီ​နေရာက​နေ နည်းနည်း​လေးမှမ​ရွေ့ခဲ့ပါ။

သူချစ်ရတဲ့လူက တစ်ခြားတစ်​ယောက်ရဲ့အပိုင်ဖြစ်သွားခဲ့တာကို သူဆက်ပြီး​စောင့်ကြည့်​နေတုန်းပဲ။

သူ သိပ်ကို​သွေး​အေးလွန်းလှပါတယ်။

ထွက်လာတဲ့ violin သံစဥ်​တွေဟာ တစ်ချိန်တုန်းက​တော့ သိပ်ကိုနား​ထောင်​ကောင်း ၊ နား၀င်ချိုလှပါတယ်လို့ သူ​ပြောခဲ့​ပေမယ့် ယခုတွင်​တော့ သူ့အတွက်နားခါးလွန်းလှသည်။

violin တီး​နေ​တဲ့သူကို​ရော ၊ တစ်ဖက်တစ်ချပ်၌ရှိ​နေပြီး ကြည်နူးဖို့​ကောင်း​​လောက်​အောင်ကြည့်​ပေး​နေ​သောသူကို​ရောပါ မတူညီတဲ့ချစ်ခြင်း​တွေနဲ့ တစ်ချိန်က သူအရမ်းချစ်​ပေးခဲ့မိပါတယ်။

~ H E A T H E R ~ √ ʸᵉᵒⁿᵇⁱⁿWhere stories live. Discover now