ရာသီဥတုကတအုံနွေးနွေးလေး၊ လေပြေတွေက လည်း
ပူနွေးနွေးလေးတိုက်ခတ်နေသည်။ပတ်ဝန်းကျင်က
တိတ်ဆိတ်နေသလိုရှိနေပြီးဆိုင်အတွင်းဖွင့်ထားတဲ့
Spring dayဆိုတဲ့သီချင်းငြိမ့်ငြိမ့်လေးက
တစ်စုံတစ်ယောက်ကိုလွမ်းဖို့တိုက်တွန်းနေသည်။
သို့သော်သူမလွမ်းနိုင်ပါ။လွမ်းရမယ့်သူလေးဟာ
သူ့ရှေ့မှာထိုင်နေ၍ဖြစ်သည်။ကော်ဖီတစ်ခွက်ကိုဇိမ်ကျကျသောက်ကာ မျက်မှန်ကလေးကို
တစ်ချက်တစ်ချက်ပင့်တင်တတ်ပြီး စာအုပ်တစ်အုပ်ကို
စိတ်ဝင်တစားဖတ်နေတဲ့ကော်ဖီဆိုင်ရဲ့ထောင့်စွန်းဝိုင်း
လေးကကောင်လေးကို ကောင်တာပန်းအိုးမှာနှင်းဆီပန်းဖြူတွေထိုးစိုက်ရင်း jiminခိုးခိုးကြည့်နေမိသည်။ထိုကောင်လေးဒီဆိုင်ကိုလာတာတစ်ခါနှစ်ခါမဟုတ်တနင်္ဂနွေနေ့တိုင်းလာတတ်သည်။လာတိုင်းလည်းစာအုပ်တစ်အုပ်ကို
အေးဆေးဖတ်ပြီးမှပြန်တတ်လေ့ရှိသည်။စာရွက်ကလေးတွေကိုလက်ချောင်းလှလှလေးတွေနဲ့
တစ်ခါလှန်လိုက်တိုင်းလှန်လိုက်တဲ့စာရွက်ကလေးတွေနဲ့အတူ
ဂျီမင်ရဲ့နှလုံးသားဟာလည်းသိပ်ကိုခုန်နေခဲ့သည်။
မင်းသိပ်ကိုပြုစားလွန်းပါတယ်ကောင်လေးရယ်။ကောင်လေးကိုခိုးကြည့်နေတာထိုကောင်လေးကမသိပေမယ့်
ဂျီမင်ကိုယ့်အဖြစ်ကိုယ်တွေးပြီးရှက်သွေးကြွယ်ရသည်။
ရှက်ရမ်းကလေးရမ်းကာ နှင်းဆီတွေကိုကောက်ကိုင်မိစဉ်
နှင်းဆီဆူးကလေးဆူးသွားရသည်။"အ!"
အသံကလေးထွက်သည်ထိပင်သူနာကျင်သွားရသည်။
ဆူးသွားတဲ့လက်ညိုးကလေးကိုအာခံတွင်းထဲငုံထားလိုက်ရသည်။တစ်ဖက်ကလည်းရှက်စိတ်လေးကြောင့်ပြုံးမိပြန်သည်။"ဟင်"
သူ့အရှေ့ကိုထိုးပေးလာတဲ့အနာကပ်ပလာစတာပန်းရောင်ကလေးကြောင့်မျက်လုံးပြူးကာအပေါ်ကိုမော့ကြည့်လိုက်တေ့
ရင်ခုန်သံတွေဝုန်းဒိုင်းကြဲကုန်သည်။
OMG!အခုသူကြိုက်နေတဲ့ကောင်လေးက
သူ့ကပ်ဖို့ပလာစတာလာပေးတယ်တဲ့လား။
ဂျီမင်ပျော်လွန်းလို့စိတ်ကူးထဲပင်ဆယ်ခါပြန်လောက်
ဂျွန်းထိုးပစ်လိုက်ပြီ။အဝေးကနေကြည့်တာတောင်
အရမ်းချောတဲ့ကောင်လေးကခုအနီးကပ်မြင်ရတော့
ပိုပိုပြီးချောသည်။ရင်ခုန်သံတွေကလည်းထိန်းမရသိမ်းမရပါပဲ။