Chapter-2

13 1 3
                                    

(Unicode)

တိတ်‌ဆိတ်နေသောအမျိုးသားသန့်စင်
ခန်း၏ဘေစင်ရှေ့တွင်ဒီရေကိုတစ်
ယောက်မတ်တပ်ရပ်နေသည်။ကြီးမားသော မျက်မှန်ကိုင်းကြီးအားချွတ်ကာ ဘေးဘက်သို့ချထားပြီးရေအေးအေးဖြင့်မျက်နှာသစ်ချလိုက်သည်။
ရေတစက်စက်ကျနေသော ဆံပင်တို့က နဖူးထက်ကပ်နေကာ မျက်မှန်
မပါသောမျက်နှာက ချောမောကြည့်
ကောင်းနေလျက်။သို့သော်အနီးရော၊
အဝေးပါမှုန်သည့်သူကထိုအချင်းအရာကိုမသိသလို၊ကြီးမားတဲ့မျက်မှန်ကိုင်းနဲ့ ကာရံထားသောကြောင့် အခြားလူတွေလည်း မသိ၊မမြင်နိုင်။

မျက်နှာထက်ကရေတို့ကို ခြောက်အောင်
သုတ်ပစ်ပြီး မျက်မှန်ကိုယူကာ ပြန်တပ်
လိုက်သည်။မှန်ထဲတွင် မြင်နေရသည့်
မိမိကိုယ်ကိုကြည့်ကာ သက်ပြင်းတစ်ချက်
ရှိုက်လိုက်သည်။မကြာသေးခင်ကအဖြစ်
အပျက်ကြောင့် သူ့ရင်ထဲဆိုးဆိုးရွားရွား
တုန်လှုပ်နေသေးသည်။

'ဟူးးးးးးမင်းလုပ်နိုင်ပါတယ် ဒီရေကို...။
အရင်ကလည်း ဒီ့ထက်ဆိုးတာတွေတောင်
ကြုံခဲ့ရသေးတာပဲ...ဒီလောက်က ဘာမှမ
ဟုတ်ပါဘူး...။'

ကိုယ့်ကိုကိုယ်အားပေးစကား အထပ်ထပ်
အခါခါပြောကာ အောက်ကျနေသော
နှုတ်ခမ်းထောင့်စွန်းတွေကို အထက်သို့
ကြိုးစားကာပင့်တင်လိုက်တော့ အောင့်အီးသည်းခံနေရပုံအပြုံးတစ်ခုက မျက်နှာထက်‌ပေါ်လာသည်။
ဘေးလွယ်အိတ်အနက်ရောင်
ရဲ့ ကိုင်းကိုတင်းတင်းကျပ်ကျပ်ကိုင်ပြီး
အသက်ကို၀၀ရှူနေမိသည်မှာလည်း အကြိမ်ကြိမ်အခါခါ။နောက်ဆုံးအဆင်ပြေလောက်ပြီဆိုမှသန့်စင်ခန်းထဲမှ
ခပ်သွက်သွက်ထွက်လာလိုက်သည်။
အချိန်ဆွဲနေလို့မဖြစ်ပါ...
ကျောင်းမတက်ခင် စာသင်ခန်းရှာပြီး
ခုံနေရာဦးရဦးမည်...။

‌သန့်ရှင်းပြောင်လက်နေတဲ့ ကော်ရစ်ဒါလမ်းဆီကနေ လျှောက်လာနေရင်း သူ့အကြည့်များက စာသင်ခန်းတို့၏ထပ်ဘက်တွင်ရေး
ထားသော အတန်းနံပါတ်များဆီသို့...။
အတော်ကြာအောင် လျှောက်လာပြီး
သည့်တိုင်မတွေ့သေး။
အဆင့်အတန်းမြင့်သည့်
စာသင်ကျောင်းဖြစ်သည့်အလျှောက် အတော်လေးကျယ်ပြန့်ကာ အထက်တန်း
ကျသည်။မြင်မြင်ရသမျှ နေရာတိုင်းက
သန့်ရှင်းသပ်ရပ်နေကာ တန်ဖိုးကြီးမား
သည့် ကျောင်းအသုံးအဆောင်ပစ္စည်း
တို့က နေရာယူထားသည်။ဒီလိုကျောင်း
မျိုးမှာ တက်ခွင့်ရအောင် သူအများကြီး
ကြိုးစားအားထု‌တ်ခဲ့ရသည်။
ကိုယ့်ကိုကိုယ်ဂုဏ်ယူမိသလို တစ်ချိန်တည်းမှာလည်းစိမ်းသက်လှ
သည့် လူချမ်းသာအငွေ့အသက်
တို့ကြား နေသားမကျဖြစ်နေသည်။

Beauty Loves To Bully MeWhere stories live. Discover now