ထူးထူးဆန်းဆန်းယနေ့မှမိုးသားများဟာမှောင်မဲလို့နေလေသည်။ကောင်းကင်ဟာတိမ်ညိုတိမ်မဲများဖြင့်သာဖုံးအုပ်လို့နေသည်။မိုးရာသီကိုခွန်းတစ်ယောက်မကြိုက်ဘူးမည်လော။ထိုစဉ်မိုးများရုန်းရင်းဆန်ခတ်ဖြင့်အလုအယက်ကျဆင်းလို့လာလေသည်။
'အရေးကြီးကိစ္စရှိပါတယ်ဆိုမှ ဒီမိုးကတော့ကွာ'ခွန်းငြီးငြူနေတာကိုတွေ့တော့ ဘေးမှာထိုင်နေတဲ့ချစ်လှစွာသောသူငယ်ချင်းကြီးထူးထူးကနေ
'ဘာတွေများအရေးတကြီးလောနေရတာတုန်း ခွန်းရဲ့'
'အလုပ်ကဒီနေ့ interview ခေါ်ထားတာလေ မိုးကလဲဒီနေ့မှကွာအငြိုးနဲ့ကိုရွာချနေတာဘဲ'
ခွန်းပြောလိုက်တဲ့စကားကိုကြားရတဲ့အချိန်ထူးထူးဟာဟက်ဟက်ပတ်ပတ်ရီပြီး
'မင်းက မင်းလိုသူဌေးသားကအလုပ်လုပ်မယ် ဟုတ်လား'
ထူးထူးပြောလိုက်တဲ့စကားကြောင့်ခွန်းရဲ့ခေါင်းထဲကိုလွန်ခဲ့တဲ့၁နှစ်လောက်ကအဖြစ်အပျက်တွေဟာအစီအရီဝင်လာခဲ့လေသည်။
ဒီနေ့ဟာမေမေဆုံးပြီး၁နှစ်ပြည့်တဲ့နေ့ မိုးတွေလဲရွာနေတယ် ခြေထောက်တွေကိုရေစိုတာမကြိုက်တဲ့ခွန်းကတော့မိုးရာသီကိုမုန်းနေဆဲဘဲ။မိုးပေါက်တွေအောက်မှာဘဲမေမေသေခဲ့ရတယ် အဲ့ဒီမိုးပေါက်ေတွကျနေတဲ့အောက်မှာဘဲ ဖေဖေဟာသူ့ရဲ့နောက်မိန်းမကိုအိမ်ပေါ်ခေါ်တင်လာခဲ့တယ်။အဲ့ဒီနောက်ပိုင်းခွန်းဟာအိမ်ပေါ်ကဆင်းလာပြီးသူငယ်ချင်းနဲ့တူတူနေနေခဲ့တာဘဲ။
'ခွန်း မင်းဘိုးတော်ကအသုံးစရိတ်လုံလုံလောက်လောက်ပေးထားတာကိုကွာ မင်းမို့အလုပ်လုပ်ချင်နေတယ်'
'ကိုယ့်အရည်အချင်းနဲ့ ကိုယ်ခြေထောက်ပေါ်ကိုယ် ရပ်တည်ကြည့်ချင်သေးတယ်'
'သွားပြီ ငမိုက်သားရေ'
ထူးထူးကိုနှုတ်ဆက်ပြီး အိမ်ကထွက်လာခဲ့တယ် အိမ်ပေါ်ကဆင်းလာတော့ခွန်းရဲ့မာနကြောင့်ခွန်းရဲ့ကားကိုလဲထားပစ်ခဲ့တယ်။ဒီလိုမိုးရွာတဲ့ရက်တွေဆိုရင်မေမေကိုသိပ်လွမ်းတယ်မေမေ.....
YOU ARE READING
ပန်းခင်းလမ်းတော့မဟုတ်ခဲ့ပါ
Randomလွမ်းမလား ဆွေးမလား မင်းနဲ့သာဆိုဘာမဆိုဖြစ်နိုင်တယ်💔