Dec-5

2.9K 133 2
                                    

Dec-5

      ဒီနေ့က သာမန် နေ့တနေ့ မဟုတ်ပဲ လောကကြီးထဲက အချစ်ရဆုံး သူစိမ်းလေးရဲ့မွေးနေ့ ။  ရက်နဲ့ဆိုရင် ဒီဇင်ဘာလ ၅ ရက်နေ့ ။

"ဒီနေ့ ကမောင့်မွေးနေ့ မောင်ရေ ။ Good Morning ပါ ချစ်ရတဲ့မောင်" လို့ပြောရင်း နဖူးလေး နမ်းလိုက်မိတယ် ။ မောင်က အိပ်ချင်မူးတူး လေးတောင် ကျွန်မအတွက် ချစ်စရာ ။ ဒါနဲ့ပဲ
မောင်အိပ်နေတဲ့ကုတင်ရဲ့ဘေး မလှမ်းမကမ်း မှာရှိတဲ့ ခုံပေါ်မှာ တင်ထားတဲ့ မောင် ကြိုက်တဲ့ ကျူးလစ်နဲ့ နေကြာပန်းလေးတွေ တွေ့လား မောင်။ ဒါက  သာမန်ဆိုပေမဲ့ မောင့်အတွက်တော့ အကြိုက်ဆုံး ဖြစ်နေမှာပေါ့  ။ ဘာလို့ဆို မောင်က ကျူးလစ်နဲ့နေကြာ ဆို သိပ်ကြိုက်တဲ့ သူကိုး ။မွေးနေ့လေးမှာ မျက်လုံး ဖွင့်ဖွင့်ချင်း မောင် ကြိုက်တဲ့ပန်းလေးတွေ ကိုပြင်ပေးဖို့ မေဟာ ရောမအင်ပါယာ တစ်ခု ထူထောင်လုနီးနီး အချိန်တွေရော နှလုံးသားတွေပါ ပေးဆပ်ခဲ့ရတာတွေ မောင့်ကိုသိစေချင်တယ် မောင် ။ ကဲ ထ ပါ ၊ ရိုးရိုးရှင်းရှင်း မနက်စာလေး ပြင်ထားတယ် ။ မောင် သဘောတွေ့မယ် မျှော်လင့်ရတာပါပဲ ။ မောင့် အကြိုက် croissant လေးရယ် မောင့်အကြိုက် espresso လေးရယ် ။ရိုးရိုးရှင်းရှင်းပါပဲ ဘာဂုဏ်ပကာသနမှမပါဝင်နေဘူး ။ရော့ မောင် ဖတ်ဖို့ မနက်စောစော သတင်းစာ ။ ပြောပါဦး သတင်းထူး သတင်းဦးတွေ မေ မနက်စာ စားရင်း နားထောင်ချင်လို့ ။ ဟော တံခါး ဘဲလ်တီးသံပါလား ၊ နေ နေ မေ သွားဖွင့်လိုက်မယ် ။ ဘာလို့လဲဆို မေ မောင့်အတွက် ပစ္စည်းလေးမှာထားလို့လေ ။  ဟော ထင်တဲ့အတိုင်း မှာထားတဲ့ ပစ္စည်းလေးပဲ မောင်ရေ ။ မေ တော့ ရင်တွေခုန်လှပြီ ။  မောင်က ထမင်းစားပွဲကနေ ကြောင်တောင်တောင်လေးကြည့်နေတာများ ချစ်စရာ ။ ပြေးဖက်နမ်းလိုက်ချင်စရာ ။

"ကဲ မောင် ....မွေးနေ့မှာပျော်ရွင်ပါစေ " လို့ပြောရင်း မောင့်လက်ထဲကို လက်ဆောင်လေးထည့်ပေးလိုက်တယ် ။ ဘာမှတော့ မဟုတ်ပါဘူး ၊မောင့်ရဲ့ ပုံပါ ။ မောင် က ဘယ်လိုနေနေ စွဲလမ်းဖို့ကောင်းပေမဲ့ မောင့်မှာ အများတကာနဲ့ မတူတဲ့ စွဲလမ်းမှုဖြစ်ပေါ်စေတဲ့ နွံလေး ရှိတယ် ။ အဲ့ဒါကတော့ မောင့် အလုပ် လုပ်နေချိန်ပဲ ။ မောင်က အရယ်အပြုံးနည်းတယ် ။ ဒါကြောင့်လည်း မောင် တစ်ခါတစ်ခါ ရယ်ရင် ကျွန်မဟာ အကြိမ်ကြိမ် သေသည် ။ မောင်က သိပ်လှသည့် ပန်းဆို ထိုပန်းရဲ့ ဥယျာဉ်မှူးဟာ ကျွန်မပဲ ဖြစ်ချင်သည် ။ မောင့်ကို ကျွန်မ ချစ်သည် ဟု အကြိမ်ကြိမ် ပြောမိသည့်အတွက် မောင် ငြီးငွေ့မှာလည်းဆိုးသည် ။ သို့သော် မောင့်ကို ချစ်သည် ။ မောင်ရေ အသက်တစ်နှစ်တောင် ကြီးလာပြီ ။ ခက်သည်က မောင်နှင့်ပတ်သတ်လျှင် အသေးအမွှားကစလို့ မောင့်ရဲ့ မကောင်းသည့် အချက်က ချစ်မိသည့် ကျွန်မအဖို့ မောင့်ကို မည်သည့် အချက် ပြင်ပါဆိုပြီး ပြောဖို့ ကျွန်မမယ် ခွန်အားမရှိ ။ ကိစ္စတိုင်းရဲ့ ပြုသူဟာ မောင်သာဆို ထိုကိစ္စတိုင်းဟာ ကောင်းသည့် အချက်ဖြစ်လိမ့်မည်ဟု ကျွန်မ ယုံကြည်သည် ။ ထို့ကြောင့်လည်း မောင့်ကို ချစ်သည် ။ ဒါပေမဲ့ မောင် စီးကရက်သောက်တာကိုတော့ အနည်းငယ်လျော့စေချင်တယ် ၊ ဘာလို့လဲဆိုတော့ ကျွန်မ မြတ်နိုးရင်ခုန်
ရတဲ့ မောင့်ရဲ့ နှုတ်ခမ်းပါးလေး ညိုမည်းကုန်မှာစိုးထိတ်သည် ။ ဘယ်လောက်ပင် ညိုနေစေကာမှု မောင့် နှုတ်ခမ်းပါးကို အနမ်းပေးမည် ။ ဒါတွေဟာ မောင့်ကို ချစ်သည် အချက်များထဲမှာ အချက်တစ်ခုပင် ။စကားပြန်ဆက်ရမယ်ဆိုရင် မောင့်ကို ပေးတဲ့ ကျွန်မလက်ဆောင်လေးက သာမန်ပါပဲ ။ မောင် အလုပ်လုပ်နေချိန် /စိတ်ဝင်တစားနဲ့ အလုပ်လုပ်နေချိန်မှာ ရိုက်ထားတဲ့ပုံလေးလေ ။ အခြားလူတွေအတွက်တော့ မသိပေမဲ့ မောင်က အဲ့အချိန်မှာဆို တည်ကြည်သည်ထက်ပိုပြီး တည်ကြည်တယ် ။

"သဘောတွေ့ရဲ့လား မောင် " လို့ ကျွန်မမေးတော့ မောင်က ပြုံးပြတယ် ။ ထိုအပြုံးကို အရိပ်တကြည့်ကြည့် နဲ့ ကြည့်ရင်း ချစ်လာတဲ့ ကျွန်မ ကောင်းစွာ သိတယ် ။

"စကားလုံးတောင်ရှာမရပါဘူး ကလေးရယ်" တဲ့။

​ကျွန်မက မောင့်ထက် အငယ်လည်း ဖြစ်တော့ တစ်ခါတစ်ရံ မောင်က ကျွန်မ ကို ချစ်စနိုးနဲ့ ကလေး လို့ခေါ်သလို အသေးလေး လို့လည်း ခေါ်သတဲ့ ။ သူက ကလေးလေး တို့ အသေးလေးတို့ ခေါ်တာက သဘာဝကျရဲ့ ၊ ဘာဆိုတော့ ကျွန်မဟာ သူ့ထက် လူကောင်အရလည်း သေးပြီး အသက်ကလည်း ငယ်သကိုး ။ ကျွန်မ ရဲ့ ရူရှိုက်နေတဲ့လေထဲက အချစ်ရဲ့ လေထုတွေ များပြားသွားတဲ့အချိန်ဆို ကျွန်မဟာ ကျွန်မထက် ကြီးတဲ့မောင့်ကို အသဲလေးပိစိ ၊သဲသဲပိစိ တို့ဆိုပြီး ခေါ်တော့ မောင်က ရယ်တယ် ။ ဒါပေမဲ့ နှုတ်သည်ကျိုးလာတော့ သဲသဲပိစိ လို့ပဲ မောင့်ကို ခေါ်နေမိတယ် ။ သိပ်ချစ်တယ် မောင် လို့ ပြောရမည့်အစား ကျွန်မဟာ သိပ်ချစ်တယ် သဲသဲပိစိရယ် လို့ဆိုမိသည့်အထိ မောင်ဟာ ကျွန်မအတွက် ကလေးသေးသေးလေးနှင့်တူသည် ။

You've reached the end of published parts.

⏰ Last updated: Dec 24, 2022 ⏰

Add this story to your Library to get notified about new parts!

-မောင်-Where stories live. Discover now