Unicode
"လက်ထပ်ရမယ်?"
ခပ်ကျယ်ကျယ်ပြောလိုက်တဲ့ Jeff အသံကြောင့် Barcode ခြေလှမ်းတို့ တုန့်ခနဲနေအောင်ရပ်တန့်သွားသည်။ ပြီးနောက် အသံလာရာကိုလှမ်းကြည့်လိုက်တော့ ကိုကိုနဲ့ အန်တီ May တို့ ဧည့်ခန်းထဲစကားပြောနေကြတာတွေ့ရသည်။ အသာလေးနောက်ကိုလျှိုပြီး ပုန်းကွယ်နေလိုက်သည်။
"အမေက Jeff ဆန္ဒကိုမမေးပဲနဲ့ဘာလို့ ဒီလိုတွေစီစဉ်တာလဲ"
"ဒါအခုမှ စီစဉ်ထားတဲ့ကိစ္စမဟုတ်ဘူး Jeff....အမေတို့မိဘချင်း သဘောတူထားတာကြာပြီ၊ ဒါပေမယ့်အခုနောက်ပိုင်း သားရဲ့ပုံစံက ဆိုးသထက်ဆိုးလာနေတာ အမေမသိဘူးများထင်နေလား"
"အမေမသိပါဘူး၊ အချစ်မပါတဲ့ အိမ်ထောင်ရေးကို Jeff စိတ်မ၀င်စားဘူး၊ ဒီကိစ္စ Jeff သဘောမတူနိုင်ဘူး"
နံရံအကွယ်ကနေ ခိုးနားထောင်နေတဲ့ Barcode ခေါင်းလေးငိုက်ကျသွားသည်။ အချစ်မပါတဲ့အိမ်ထောင်ရေးတဲ့လား......
"Barcode က Jeff ကိုသိပ်ချစ်တာ၊ အဲ့လိုပဲ Jeff ကလည်းသူ့ကိုချစ်တယ်ဆိုတာ အမေသိပါတယ်"
"အဲ့ဒါက ငယ်ငယ်ကလေ၊ အဲ့တုန်းက အိမ်ထောင်ရေးဆိုတာဘာမှန်းတောင်မသိသေးတဲ့အရွယ်၊ ပြီးတော့ ကျွန်တော်သူ့ကို......"
Jeff ရဲ့ဆက်ပြောမယ့်စကားကို Barcode ကအရှေ့တိုးကာ ပို၍ အာရုံစိုက်နားထောင်သည်။
"သူ့ကိုက ညီလေးတစ်ယောက်လိုပဲ ချစ်တာ၊ အိမ်ထောင်ဖက်လို့ တွေးလို့မရဘူး၊ ဘာပဲဖြစ်ဖြစ် ဒီလက်ထပ်ပွဲကိုကျွန်တော်တော့ သဘောမတူဘူး"
စကားကိုခပ်ပြတ်ပြတ်ပြောပစ်လိုက်ပြီးနောက် အမေဖြစ်သူရဲ့တုန့်ပြန်စကားတို့ကိုတောင် နားမထောင်တော့ပဲ အပြင်ကို ထွက်သွားလေတော့သည်။
~~~~~~~~~~~~~~"Ai Jeff, ရုတ်တရတ်ကြီး သောက်ဖို့လှမ်းခေါ်တာ ဘာဖြစ်ပြန်ပြီလဲကွာ"
"အေး မနေ့ကလည်း မင်းတရားလွန်သောက်ပြီး ရစ်နေလို့ ငါပဲအိမ်ပြန်ပို့ရသေးတယ်နော်၊ အော်ဒါနဲ့ မင်းအိမ်မှာဧည့်သည်ရောက်နေတာလား"
Bas ရဲ့စကားကို Bible က ၀င်ထောက်ခံရင်း မနေ့ညက Jeff အိမ်မှာတွေ့ခဲ့တဲ့ Barcode ကိုရည်ညွှန်းပြီ မေးလိုက်ခြင်းဖြစ်သည်။
YOU ARE READING
Crush On My Husband
FanfictionBarcode has crush on Jeff who will soon be his husband.