Unicode

1.3K 124 31
                                    

ငယ်ချစ်ဉီး  ( Jikook Oneshot )

ဘ၀ရဲ့ရည်မှန်းချက်ပန်းတိုင်ရောက်ခါနီး
အစပျိုးချိန် ဆယ်တန်းကျောင်းသားဘ၀
သည် အပင်ပန်းဆုံးနဲ့အခက်ခဲဆုံးဖြစ်
သည် ။

ကျွန်တော်ဆယ်တန်းအောင်ပြီးရင် ငယ်
ငယ်တည်းကအရမ်းတက်ချင်တဲ့နိုင်ငံခြား
ဘာသာပြန် တက္ကသိုလ်တက်ခွင့်ရတော့
မယ် ။ ဒါကြောင့် ဆယ်တန်းတတ်နေတဲ့
တစ်နှစ်အတွင်းမှာ နေ့နေ့ညညစာအုပ်နဲ့
မျက်နှာမခွာ စာကြိုးစားနေရတယ် ... ။

ကျွန်တော့်ရဲ့နာမည်က Jeon Jungkook ။
စာတော်တဲ့လူမဟုတ်ပါဘူး ။ သူများတွေ
ထက် စာလေ့လာတဲ့နေရာမှာ ညာဏ်သိပ်
မကောင်းတဲ့သူမို့ ဇွဲ ၊ လုံ့လ ၊ ၀ီရိယနဲ့ကြိုး
စားနေရတဲ့သူပါ ။ အရင်က စာကြိုးစား
ချင်စိတ် သိပ်မရှိပါဘူး ။ တစုံတယောက်
နဲ့ တွေ့ပြီးနောက်မှာတော့ စာမှစာဖြစ်နေ
ရလောက်အောင် အဲ့အမျိုးသားလေးကို
ကျွန်တော် သိပ်ချစ်ခဲ့မိသည် .... ။

ကျွန်တော်က တကယ့်ကိုရူးမိုက်တဲ့လူပဲ ။
ကိုယ့်ကိုစာသင်ပေးတဲ့ကျူရှင်ဆရာလေး
ကိုမှ နှလုံးသားက ချစ်ကျွမ်းဝင်နေမိတယ်
။ တစ်ဖက်သတ်အချစ်က နေမင်းကြီးရဲ့
အပူလိုပဲ အရမ်းပူလောင်တယ် ။

ကျွန်တော့်ကိုစာသင်ပေးတဲ့ ကျူရှင်ဆရာ
လေးကိုချစ်ကျွမ်းဝင်နေတာတစ်နှစ်ရှိသွား
ပြီ ။ တချို့သူငယ်ချင်းတွေက ကျွန်တော်
ဆရာလေးကို ချစ်မိနေတာ ဝေဖန်ရှုံ့ချကြ
တယ် ။ ကျွန်တော်လည်းလူပဲ ချစ်တတ်တဲ့
နှလုံးသားရှိတယ် ။ ကိုယ့်ကိုစာသင်ပေးတဲ့
ဆရာကို နှလုံးသားကမချစ်ရဘူးလို့ ဘယ်
ဥပဒေမှာ အမိန့်ပြငှာန်းထားလို့လဲ ။

ဆရာ့ကိုပြစ်မှားပြီးဆရာဂိုဏ်းသင့်တယ်
လို့ပြောတဲ့သူငယ်ချင်းများလည်းရှိသည်
။ ဆရာဆိုတဲ့ ဂုဏ်ပုဒ်ကိုဘေးချိတ်ထား
လိုက်ရင် ဆရာကလည်းသာမန်ယောကျာ်း
တစ်ယောက်ပါပဲ ။ ကိုယ်သဘောကျတဲ့လူ
ကို လွတ်လပ်စွာချစ်ခွင့်ရှိတယ်မလား ။ လူ
လူချင်း ချစ်ကြိုက်မိတာ ကျွန်တော်အပြစ်
ကြီးတစ်ခုဖြစ်သွားသလား ။ ကျွန်တော်နဲ့
ဆရာနဲ့ကလည်း အသက်ကမတိမ်းမယွင်း
လောက်ပဲရှိတော့ ရင်ခုန်သံတွေထိန်းချုပ်
လို့မရတော့တဲ့အထိ ချစ်ကျွမ်းဝင်နေပြီ ။

ငယ်ချစ်ဦး Where stories live. Discover now