လမ်းတစ်လျှောက်လုံး ငြိမ်သက်စွာလိုက်ပါလာတဲ့ ကလေးက ဆူပုတ်ပုတ်ရယ်မလို့ Omma ဖြစ်သူကခေါင်းအသာယာပုတ်ပြီး
"KimJun ဟိုရောက်ရင်သားပျော်ရမှာပါ သူငယ်ချင်းအသစ်တွေလည်းရပြီး အိမ်နားမှာသားနဲ့ရွယ်တူကစားဖော်တွေလည်းရှိနိုင်တယ်''
"မလိုချင်ဘူး Seoul ကအိမ်ပဲကြိုက်တယ်''
"Aigooo သားမရောက်သေးလို့ပါကွယ် ဘူဆန် ကဘယ်လောက် Seoul ထက်ပိုပြီး...''
"Omma နားညီးတယ် ဘာပဲပြောပြော Seoul ကအိမ်ပဲ ကြိုက်တယ် ''
"ဟင်းး ''
Omma သက်ပြင်းပဲချနိုင်တော့သည်။ ၇နှစ်နှစ်အရွယ်ကလေးတစ်ယောက်အနေနဲ့ငယ်ငယ်ကတည်းကနေခဲ့တဲ့အိမ်လေးကိုစွဲလန်းတာသဘာဝလို့ပြောရမလား။ အချိန်တန်ရင် နေသားကျသွားဖို့ပဲမျှော်လင့်မိပါတယ်။
Kyu ဘေးပတ်ဝန်းကျင်ကိုကားမှန်မှတဆင့်ကြည့်ရင်းငိုမိတော့မည်ထင်သည်။ အဖိုးကိုယ်တိုင်ပြင်ဆင်ပေးခဲ့တဲ့ Kyu ရဲ့အခန်းလေးကို စွန့်ခဲ့ရတဲ့ ခံစားချက်ကြီးက Kyu ကိုဝမ်းနည်းစေသည်။ အခြေနေတစ်ခုကြောင့် Busan ကိုပြောင်းခဲ့ရတာ ၇နှစ်အရွယ်အနေနဲ့ Kyu နားမလည်နိုင်တာတော့မဟုတ်။ မိဘတွေကိုကောင်းကောင်းနားလည်ပေမယ့် စိတ်ကတော့ Kyu ရဲ့ အခန်းလေးကိုစွန့်လွှတ်ဖို့ အသင့်မဖြစ်သေးပေ။ အခန်းသစ် အိမ်သစ်မှာ Kyu ဘယ်လိုပျော်အောင်နေရမလဲလေ။
Kyu အတွေးနစ်နေတုန်း ကားရပ်သွားတာကြောင့် ရှေ့ကိုကြည့်လိုက်မိသည်။
"ရောက်ပြီ KimJun... ''
"Omm''
Kyu ကားပေါ်ကဆင်းပြီး အိမ်ကိုမော့ကြည့်လိုက်မိသည်။
နှစ်ထပ်အိမ် မီးခိုးရောင်လေး သပ်သပ်ရပ်ရပ်ရှိပြီး နေချင်စရာပေမယ့် Kyu သဘောမကျပါ။ Kyu စိတ်ထဲ Seoul ကအိမ်လေးသာရှိလို့ဖြစ်မည်။
"KimJun အထဲဝင်နှင့်လေ Omma တို့ပစ္စည်းတွေချရဦးမှာ ''
Kyu ခေါင်းရမ်းရင်း ပတ်ဝန်းကျင်သာလေ့လာနေမိသည်။
ခြံမရှိဘဲ တအိမ်နဲ့တအိမ်က နီးကပ်လွန်းသည်မလို့ Kyu မျက်မှောင်ကြုတ်မိသည်။ ပတ်ဝန်းကျင်က မဆူနေဖို့ မျှော်လင့်ပါသည်။