Unicode
A thousand Cranes
တစ်စုံတစ်ယောက်ကို တိတ်တခိုးချစ်ရတာ ဘယ်လိုခံစားချက်မျိုးလို့ သင်ထင်ပါသလဲ။
ကျွန်မအတွက်တော့ အတန်းထဲစာအုပ်ဝေချိန်မှာ သူ့စာအုပ်တွေကို နောက်ဆုံးမှဝေတာမျိုး။
သူနဲ့သူ့သူငယ်ချင်းတွေဆော့နေတာကို ငေးကြည့်တာမျိုး။
အိမ်တွင်းမှုအချိန်မှာပေးလိုက်တဲ့ သင်ခန်းစာတွေအကြောင်းပြပြီး သူ့ကို ကိုယ်တိုင်လုပ်ထားတဲ့ ကောင်းမလားမကောင်းမလား အာမမခံနိုင်တဲ့ ကြက်ဥပူတင်းပေးတာမျိုး။
မတော်တဆထိမိတဲ့ အသားချင်းထိတွေ့မှုလေးတွေကနေ တစ်ညလုံး အိပ်မပျော်နိုင်အောင် ဖြစ်တာမျိုး။
တစ်ယောက်ယောက်ကို တိတ်တခိုးချစ်ရတာက ပျော်စရာကောင်းသလား…။
လူတစ်ယောက်ကိုချစ်ရတာ ပျော်စရာတွေချည်းမဟုတ်ပါဘူး။
ဒါပေမဲ့…
ပျော်စရာတွေက ပိုများပါတယ်။
သူ့ရဲ့မသိခြင်းတွေကြောင့် အားငယ်ရသလို။ အမှတ်တမဲ့ ဆုံတွေ့ခြင်းတွေကနေလည်း ပျော်ရွှင်ရပါတယ်။
ကြိုးကြာတစ်ထောင်နဲ့ ကျွန်မဟာ ဆုတောင်းခဲ့ဖူးတယ်။
လွဲချော်ခဲ့ခြင်းတွေဟာ ဒီကြိုးကြာတစ်ထောင်ကြောင့်ပဲ ဆုတောင်းတွေပြည့်ပါစေသား။1000 Cranes
AnnaLynn~မိုးရာသီ~
“တကယ်ပဲ ဒီနှစ်ထဲမှာ နင့်ကို သူ သတိထားမိအောင်နေမယ်လို့ မစဉ်းစားတော့ဘူးလား”
သူငယ်ချင်းဆိုတာက ကျွန်မတို့ငယ်ဘဝမှာ မဟုတ်တာလုပ်ဖို့မြှောက်ပေးကြပြီး နာကျင်မှုတွေကို အတူတူဝိုင်းပြီး ရင်စည်းခံပေးကြတဲ့ လူတွေလည်းဖြစ်ပါတယ်။ အနည်းဆုံးတော့ ကျွန်မရဲ့သူငယ်ချင်းဆိုတာတွေက ဒီလိုလူမျိုးတွေပါ။
“အမလေး အဲ့ငကြောက်မကိုများ”
အလယ်တန်းကျောင်းသူတွေ၊ အတိအကျပြောရရင် ရှစ်တန်းကျောင်းသူတွေက ရင်ခုန်စိတ်လှုပ်ရှားတတ်တဲ့ အရွယ်တွေရောက်နေပါပြီ။ ကျွန်မတို့ဟာ အမှတ်တမဲ့ အကြည့်ချင်းဆုံတာလေးတစ်ခုနဲ့တင် တက္ကသိုလ်အထိ အတူတူလက်တွဲပြီး ဆံဖြူသွားကျိုးတဲ့ထိ နေသွားဖို့ စိတ်ကူးယဉ်ဖို့လည်း ဝန်မလေးတတ်ကြပါဘူး။
YOU ARE READING
Whistle (Short Stories)
Short Storyတကယ်လို့ Rumble က မှောင်မိုက်ခြင်းတွေနဲ့ ထစ်ချုန်းညံနေတယ်ဆိုရင် Whistle က ငြင်သာခြင်း၊ မျှော်လင့်ခြင်းတွေနဲ့ ပြည့်နေမဲ့ နေရာလေးတစ်ခုပေါ့