Fall in love with the scum boyfriend little sister

155 9 0
                                    

Unicode

မကောင်းတဲ့ရည်းစားရဲ့ညီမလေးနှင့်ချစ်ကျွမ်းဝင်ခြင်း

(၁)

ငါ့ရဲ့ရည်းစားက မကောင်းတဲ့ကောင်တစ်ကောင်ပဲ။ ဒါပေမဲ့ ဒီ sociopath လို ကောင်က သူ့ကိုယ်သူ ကောင်းပါတယ်၊ ကောင်မလေးတွေက သူ့ကိုကပ်နေတာ သူက အားနာတတ်လို့ပါဆိုပြီး ရွံစရာစကားတွေ ပြောတတ်တယ်။ သူ့ကိုငါ ဘယ်လိုစိတ်ကူးနဲ့များ တွဲလိုက်မိလဲဆိုတာကို တွေးကြည့်လေ နားကိုမလည်နိုင်ဘူး။ ဖြစ်နိုင်တာတစ်ခုက အဲဒီညမှာ ငါမူးနေပြီး ဒီကောင်က ချောလွန်းနေလို့ပဲ ဖြစ်ပါလိမ့်မယ်။ ချောလွန်းတဲ့ မကောင်းတဲ့ကောင် တွေနဲ့ အရက်သေစာဟာ လူ့စိတ်ကို ထွေပြားစေနိုင်တယ်ဆိုတာ အမှန်ပဲ။ ပိုဆိုးတာက နှစ်ခု ရောသွားရင် ငါ့လိုအမှားမျိုး ကျူးလွန်မိနိုင်တယ်။ ဒီမကောင်းတဲ့ကောင်ကို မျက်နှာလေးပဲ ကြည့်ပဲ ရွေးလိုက်မိတဲ့ အမှားမျိုးပေါ့။

တကယ်တော့ ဒီကောင့်ကိုငါဖြတ်ဖို့ ကြံနေတာပါ။ စဉ်းစားကြည့်ပါအုံးကွယ် ကိုယ့်မှာ ရည်းစားတစ်ယောက်လုံး ရှိပါရဲ့နဲ့ တခြားမိန်းကလေးတွေ ခေါ်တာနဲ့ ငေါက်ခနဲထထွက်ပြီး ပရဟိတသွားလုပ်နေတတ်တဲ့ အကောင်ကို ငါဘယ်လိုစိတ်ကူးနဲ့များ မေတ္တာတွေပွားများနိုင် ရမှာလဲ။

"ကိုယ်ခဏသွားလိုက်အုံးမယ်နော်... သူ တစ်ယောက်တည်းဖြစ်နေတာ..."

ခုလဲကြည့်... ငါနဲ့ကော်ဖီဆိုင်ထိုင်နေရင်းကနေ သူ့ကောင်မတွေထဲက အဲ... သူ့စကား အရတော့ သူငယ်ချင်းပေါ့လေ၊ အဲ့ထဲကတစ်ကောင်မက သင်တန်းဆင်းတာ အိမ်ကလာမကြို နိုင်လို့ လာကြိုပေးပါအုံးလို့ ဖုန်းဆက်ခေါ်လို့ မိန်းကလေးတစ်ယောက်တည်းမို့လို့ သွားကြို ပေးလိုက်အုံးမယ်တဲ့လေ။ ငါပြောတာ ဒီကောင်မတွေရဲ့ စနိုက်ကြော်ချင်တဲ့ စိတ်တွေက မြင် တောင်မြင်ဖို့မလိုဘဲ သိသာလွန်းနေတဲ့ဟာကို ဒီခွေးကောင်က သာယာနေလို့ပဲ မမြင်သလို တွေ မေတ္တာရှင်ကြီးလုပ်နေတာပေါ့။

"သွားလေ..."

ငါပြုံးပြုံးလေးပဲ ပြန်ပြောလိုက်ပါတယ်။ အစပိုင်းတစ်ခေါက်နှစ်ခေါက်တော့ ဒီမျက်နှာ နဲ့ နောက်ကောင်မလေးတွေကိုပါ စိတ်သောကပေးလို့မရအောင် ကော်ဖီပူနဲ့ပက်ဖျန်းလိုက်ပြီး လောကကောင်းကျိုးပြုပေးချင်ပေမဲ့ ငါမပြုခဲ့ဖြစ်ပါဘူး။ ဒီတိုင်း နွားမကြီးအဖြစ်ပဲ နေပေး လိုက်ပါတော့တယ်။ ခုတော့ အတက်တွေထွက်လာတာများလွန်းလို့ သမင်ဖိုဘဝအဖြစ်များ ငါပြောင်းနေခဲ့ပြီလားဆိုတာတောင် တွေးကြည့်ချင်စရာပဲ။ ထားလိုက်ပါတော့ အတိတ်ဘဝရဲ့ ကုသိုလ်ဝဋ်ကြွေးများရယ်ပေါ့။ ထားလိုက်ပါတော့လေ ငါ့ကိုယ်ငါ လှပတဲ့ သမင်ဖိုတစ်ကောင် အဖြစ်နဲ့ပဲငါဟန်ရေးပြနေလိုက် ပါတော့မယ်။ ခွေးသူတောင်းစားနဲ့တူတဲ့ကောင်ကို စိတ်ရှိ တိုင်းကျိန်ဆဲနေရင်းပေါ့။

You've reached the end of published parts.

⏰ Last updated: Nov 19, 2023 ⏰

Add this story to your Library to get notified about new parts!

Whistle (Short Stories)Where stories live. Discover now