တီ!!! တီ!!!
"ပါဆယ်လာပို့တာဗျ"
တစ်ခဏအကြာစောင့်ဆိုင်းပီးနောက် ပွင့်ဟလာတဲ့ တံခါးချပ်နောက်ဝယ် မျက်နှာထားတင်းတင်းနဲ့ လူငယ်တစ်ယောက်ထွက်လာခဲ့ ခန္ဓာကိုယ်အနေအထားအရ သူနဲ့မတိမ်းမယိမ်းနဲ့မလို့ အိမ်ကြီးကိုတောင် တစ်ချက်ပြန်ကြည့်မိသေးတယ် တော်တော်လေး အနေအထားကွာတာပဲ
ဂင်ဆော့ဂျင်းရယ်လို့တောင် တွေးမိသေးတယ်"ကျွန်တော် ပါဆယ်မမှာထားပါဘူး"
ခပ်တင်းတင်းပြောဆိုလာတဲ့လူကြောင့်
တံတွေးတစ်ချက်မြိုချလိုက်ရသေးတယ် လူငယ်ပေမယ့် ကြောက်ဖို့ကောင်းလိုက်တာ မျက်မှာဝိုင်းတစ်လက်ကို တပ်လားပီး နီညိုရောင် ဆွယ်တာဝတ်ထားတဲ့သူက လူကြီးနဲနဲတော့ဆန်နေတယ်"ဟို..ဟိုလေ....ကင်ထယ်ယောင်းဆိုတဲ့ နာမည်နဲ့ပါဗျ
လိပ်စာကလည်း ဒီကိုပါဗျ ဒီcustomerမဟုတ်ဘူးလားဗျ""နာမည်က မှန်တယ် ကျွန်တော်မှာထားတာတော့မဟုတ်ဘူး"
ခပ်ဩဩထွက်လာတဲ့အသံက လူကိုနစ်မြောသွားစေသလိုပဲ ရုပ်ကလည်းချော အသံကလည်း အင်း သူများတွေများ ပီးပြည့်စုံမှုများစားထားသလားပဲ
အရှိန်အဝါတစ်ခုကလည်း ရှိနေသေးတဲ့ ပုံစံနဲ့"ဟို အဲ့တာတော့ မသိဘူးဗျ ဒါလေးတော့ လက်ခံပေးပါနော် ပီးရင် လက်ခံကြောင်းလက်မှတ်လေးတစ်ချက်လောက်ပါဗျ"
"ဘာလို့ လက်မှတ်ထိုးရမှာလဲ"
"လက်ခံကြောင်းလေ"
"ဘာကို လက်ခံကြောင်းလဲ"
"ဟို ပါဆယ်ဗုံးလေးကိုပါဗျ"
ဂင်ဆော့ဂျင်းခမျာ ငိုချင်လက်တို့ပင် ဖြစ်လင့်ကစား စကားကိုတော့ သေချာပြောရှာသည်။
သူ့ခမျာ delivery ပို့ခဲ့သမျှ ဒီလိုရစ်တတ်တဲ့ customer မတွေ့ဘူးတော့ ပြဿနာ ဖြစ်မှာလည်း ကြောက်နေပုံရသည်။
"လက်မခံရင်ရော"
"ဗျာ?"
"ကျစ် လက်မခံရင်ရောလို့"
"ဟို အဲ့လိုဆိုလည်း ပြန်ယူသွားလို့မရဘူးဗျ ဒီက customer လက်ထဲထည့်ပေးရင် ကျွန့်တော့်အလုပ်က ပီးပီဗျ"

YOU ARE READING
𝐓𝐚𝐞𝐉𝐢𝐧{𝐒𝐡𝐨𝐫𝐭 𝐒𝐭𝐨𝐫𝐲}
Fanfiction𝐬𝐭𝐚𝐫𝐭 𝐝𝐚𝐭𝐞[𝟐𝟑.𝟏𝟐.𝟐𝟎𝟐𝟐] 𝐞𝐧𝐝 𝐝𝐚𝐭𝐞 ................ 𝐟𝐨𝐫 𝐦𝐲 𝐜𝐮𝐭𝐢𝐞𝐬 𝐫𝐞𝐚𝐝𝐞𝐫