"တို့ငြင်းပါရစေ"
"တကယ်လို့ရှင်မင်းကမမပြောတာတွေကိုလုပ်ရင်ရော "
"မမပြောသလို မမကိုယုံကြည်ရအောင် ရှင်မင်းနေရင်ရော"
" ပြီးတော့ "
"ရှင်မင်းအလုပ်တွေလဲလုပ်မယ် မမထင်သလိုမဟုတ်တာကိုသက်သေပြမယ်လေ"
"အာ့လိုဆိုရင်ရော မမရှင်မင်းကိုစဉ်းစားပေးမှာလားဟင် "
"တို့မသိသေးဘူးကွယ် "
"ဘာပဲဖြစ်ဖြစ်ပါ မမပြောတဲ့အခြေအနေရောက်အောင်ရှင်မင်းကြိုးစားမယ်"
စကားပြောနေချိန် ရှင်မင်းမေမေပြန်ရောက်လာသည်
"သမီးရှင် "
"ရော့ ဆေးအခုသောက်လိုက်တော့နော် "
"သမီးကေသီ့ကိုလဲကျေးဇူးတင်ပါတယ်ကွယ်စောင့်နေပေးလို့"
"မဟုတ်တာအန်တီရယ် ရပါတယ် အာ့ဆို သမီးပြန်ဦးမယ်ရှင့် "
"အေးအေးသမီး "
"နေဦးနေဦး ရော့ ဒီမယ် သမီးတို့အိမ်အတွက်
ပဲစိမ်းရယ် ဂေါ်ရခါးသီးရယ် ယူသွားဦး သမီး""အယ် မဟုတ်တာအန်တီရယ် ရပါတယ်"
"ခြံထွက်တေပါသမီးရယ်အားမနာနဲ့ယူသွား "
"ဟုတ် ကျေးဇူးတင်ပါတယ်ရှင် "
"အာ့ဆိုသမီးပြန်ပြီအန်တီ"
"အေးအေးသမီးဂရုစိုက်သွား"
"ဟုတ်ကဲ့"
ရှင်မင်းကတော့ငေးကာကြည့်နေသည်
"သမီးရှင် ဒီနေ့စောစောနားတော့ ဆေးသောက်ပြီးပြီမလား အိပ်ရေးဝအောင်အိပ်လိုက်သက်သာမှာပါ နော် သမီလေး"
"ဟုတ်မေမေ"
ကေသီအတွေးပေါင်းများစွာနှင့် အိမ်သို့ပြန်လာသည်
ထိုကလေးမလေးရဲ့စကားကိုယုံကြည်ချင်သည် နှလုံးသားကမသိမသာယိမ်းနေလေပြီ ဦးနှောက်ကတော့ လက်မခံနိုင်သေး
"ဟူးးးး ခက်တယ်ကွယ် "
ကြာရင်လာရင် ခက်ရချေတော့မည်
သူငါ့ကိုစိတ်ကစားနေရင် ငါပဲခံစားရမှာ မဖြစ်သေးပါဘူးလေ စိတ်ထိန်းမိကေသီ စိတ်ထိန်း မဖြစ်နိုင်တာတွေမတွေးနဲ့
YOU ARE READING
ရှင်မင်းရဲ့တစ်ဦးဆိုင်နာမ်
Short Storyအချစ်ကရယူမှုလားပေးဆပ်မှုလားသေချာမသိပေမယ့် မမအပေါ်ထားတဲ့ချစ်ချင်းတွေကတော့တစ်သက်တာအတွက်ပါမမရယ်ပေးဆပ်ချစ်ရတာလဲအချစ်ပဲမလား