Episode-7

1.6K 157 7
                                    

ဒီနေ့မှရိုက်ကူးရေးကအပြန်ကားလမ်းတွေကပိတ်လွန်းနေ၏။ အမြန်လိုနေပါတယ်ဆိုမှ။ ရိပေါ်က YAMAHA ဆိုင်ကယ်ကွင်းမှာလေ့ကျင့်ရေးဆင်းနေတာ တစ်လခန့်ရှိနေပြီဖြစ်သည်။ရှောင်းကျန့်ရဲ့နဂိုစိတ်ကတော့အန္တရာယ်များပြီးစွန့်စားရတဲ့အလုပ်တွေကိုမလုပ် စေချင်ပေမဲ့လည်း ရိပေါ်ကစိတ်အားထက်သန်နေတာမို့ သူ့မှာရိုက်ကူးရေးကမိတ် ဆွေတွေအကူအညီနဲ့ YAMAHA Group မှာရိပေါ်ကိုလေ့ကျင်းရေးဆင်းနိုင်အောင်လုပ်ပေးနိုင်ခဲ့တာဖြစ်သည်။ အခုလည်းရိပေါ်ကလေ့ကျင့်ရေးကိုပြင်းပြင်းထန်ထန်ဆင်းနေရတာကြောင့် အရင်လိုသူ့အနားတောင်တပူးပူးတတွဲတွဲမနေဖြစ်တော့ချေ။ သို့ပေမဲ့ သူတို့နှစ်ယောက်ကြားမှာအလုပ်အရင်ပြီးတဲ့သူက အလုပ်မပြီး‌ေသးပဲ‌ေနာက်ကျနေတဲ့သူဆီလာကြိုတဲ့အ‌ေလ့‌ေလးလုပ်ထားတာမို့ ဒီနေ့တော့သူ့ရဲ့ရိုက်ကူးကအရင်ပြီးတာမို့ ရိပေါ်ရှိရာဆီကိုသူသွားနေတာဖြစ်သည်။ ပြီးရင်သူတို့အတူတူအိမ်ပြန်ရင်းညစာချက်ရန်ဈေးဝင်ဝယ်မည်။ သူကြိုက်တက်တဲ့သားရေစာလေးတွေလည်းလျှောက်စားဦးမည်ဖြစ်၏။ အတွေးနဲ့တင်ရှောင်းကျန့်သွားလေးတွေပေါ်အောင်ပင်ရယ်လိုက္မိသည်။

လေးဆယ့်ငါးမိနစ်ခန့်ကြာမည့်ခရီးကိုတစ်နာရီကျော်လောက် စီးလိုက်ရတာမို့ သူနောက်ကျနေပြီဖြစ်၏။ လေ့ကျင့်ကွင်းမှာရိပေါ်တစ်ယောက်ထဲစောင့်နေရမှာစိုးတာနှင့်ကား‌ေပါ်ကဆင်းတာနှင့်ခြေလှမ်းတို့ကိုခပ်သုတ်သုတ်လေးလှမ်းနေမိသည်။

သို့ပေမဲ့လည်း လေ့ကျင့်ကွင်းဖက်ကို‌ေရာက်ခြင်း မြင်လိုက်ရသည့်မြင်ကွင်းကြောင့် နာမည်တပ်မရသည့်ခံစားချက်တစ်ခု သူ့ရင်ထဲမှာဖြစ်ပွားသွားရသည်။ မိန်းကလေးတစ်ယောက်၊ ရိပေါ်ဘေးနားမှာဆိုင်ကယ်စီးဝတ်စံုဝတ်ထားပြီးအတူထိုင်ကာရယ်မောနေသည့် ချော မောသည့်မိန်းကလေးတစ်ယောက်၊ ထိုမိန်းကလေးပင်ရယ်မောနေသည်လားဆိုတော့မဟုတ် အမြဲတည်တံ့စွာနေတက်ပြီး အထူး သဖြင့်မိန်းကလေးတွေ‌နှင့် ခပ်ကင်းကင်းနေတက်သည့်ရိပေါ်ကပါ ထိုမိန်းကလေးနှင့်အတူလိုက်ပြီးပြုံးရယ်နေတာကြောင့်ပင်။

ရိပေါ်နှင့်ထိုမိန်းကလေးကိုကြည့်ကာရှောင်းကျန့်ရပ်နေသည့်နေရာကနေတစ်လှမ်းမှရှေ့ဆက္မတိုးမိသေး။ ရုတ်တရပ်ကြီးစိတ်ထဲမှာမွန်းကျပ်မှုနှင့်အတူ ဝမ်းနည်းနေသည့်ခံစားချက်ကိုတစ်ပြိုင်ထဲခံစားနေရ၏။ ဘာကြောင့်အခုလိုဖြစ်နေမိလဲဆိုတာကိုလည်း သူမသိပါချေ။

𝙾𝚄𝚁 𝙻𝙾𝚅𝙴 𝚂𝚃𝙾𝚁𝚈(𝙲𝙾𝙼𝙿𝙻𝙴𝚃𝙴)Where stories live. Discover now