အခန်း-၁

946 34 6
                                    

Unicode

ကျန်ပေမြို့
ကျူဖန်စားသောက်ဆိုင်
ဖရဲစေ့မျက်နှာ၊ အနက်ရောင်ဆံပင်နှင့် ၈၅မှတ်ရှိသော အမျိုးသမီးသည်ဆန့်ကျင်ဘက်အခြမ်းတွင် ထိုင်နေသောလင်းဖန်ကိုအထင် သေးစွာကြည့်နေယုံသာမကမျက်နှာပေါ်၌လဲ အထင်အမြင်သေးပုံပေါ်နေသေးသည်။
ခဏကြာတော့ အမျိုးသမီးက မာနကြီးတဲ့လေသံနဲ့ "အရင်ဆုံးငါ့ကိုယ်ငါ မိတ်ဆက်ပေးပါရစေ၊ ငါ့နာမည် ကျူ ရှင်းရပါ၊ ဒီနှစ်အသက် 23 နှစ်ရှိပြီ၊ ကောလိပ်က ဘွဲ့ရပြီးတစ်လစာ ယွမ် နှစ်သိန်း ရှိတယ်"
လင်းဖန်က "ကျွန်တော့်နာမည် လင်းဖန် ပါ၊အသက်23 နှစ်၊ အထက်တန်းကျောင်းပြီးပြီ၊ကျွန်တော့်ရဲ့ လစဉ်လစာက ယွမ် လေးထောင်ပါ"
"အိုး။"
ကျူရှင်းရ က ပေါ့ပေါ့ပါးပါး ပြန်ဖြေလိုက်သည်နှင့် သူမမျက်နှာပေါ်ရှိ အထင်အမြင်သေးမှုမှာ ပို၍ ကြီးထွားလာသည်။
တစ်ချိန်တည်းမှာပင်၊ သူမအမေကိုသူမအပြစ်တင်မိတယ်၊ သူမကို ဘာကြောင့် ဒီလိုဆင်းရဲတဲ့သူနဲ့ မိတ်ဆက်ပေးရတာလဲ!
လင်းဖန်က ချောတယ်။
ဒါပေမယ့် မင်းက ချောတာဘာလုပ်ရမှလဲ။မင်းချောလို့ဘာပိုက်ဆံမှမရပဲ။စောက်ဆင်းရဲသား။
ပညာရေး မှာလည်းမပြည့်စုံ။
အလုပ်ကြည့်ပြန်တော့ လဲမယ်မယ်ရရဘာမှမရှိပေ။လုပ်ရင်လဲပညာအရည်အချင်းကန့်သတ်ထားသည်။
လင်းဖန်သည် သူမနှင့်လုံးဝမထိုက်တန်ချေ။
ကျူရှင်းရသည် သူ့ရှေ့တွင် ဖျော်ရည်ကို ကောက်ယူပြီးဟန်ပါပါသောက်လိုက်သည်။
လင်းဖန်သည် ကျူရှင်းရက တကယ်ကိုလှပကြောင်း ဝန်ခံသည်။
သို့သော် သူမ၏ အထင်သေးသော လေသံနှင့် မထီမဲ့မြင်ပြုသော အမူအရာသည် လင်းဖန်၏ မျက်လုံးထဲတွင်အထင်းသားမြင်ရသည်။
နှစ်ယောက်သား စကားတစ်လုံးမှ မပြောဘဲမျက်နှာချင်းဆိုင် ထိုင်ကြပြီး လေထုသည်ခဏတာ မှုန်မှိုင်းသွားသည် ။
"ဒင်း!"
ထိုအချိန်တွင် လင်းဖန်၏ ...ဖုန်းသည်လျင်မြန်စွာ တုန်ခါသွားသည်။သူ့ဖုန်းကို ထုတ်လိုက်သော်ထူးဆန်းသော မက်ဆေ့ချ်တစ်ခု ကိုတွေ့လိုက်သည်။
[ဒင်း! စာအိတ်အနီ ၇ ဘီလီယံကို လက်ခံရရှိခဲ့သည်။ ]
လင်းဖန်သည် အနည်းငယ်ရယ်စရာကောင်းနေသည်ဟုထင်လိုက်သည်။
7 ဘီလီယံ အနီရောင်စာအိတ်?
ဆိုလိုတာက... ကမ္ဘာပေါ်ရှိလူတိုင်းနီးပါးကသူကို စာအိတ်အနီတွေ ပေးခဲ့ကြတာလား။
အခုဆို မိုဘိုင်းလ်ဖုန်းကြော်ငြာတွေကတကယ်ကို ချဲ့ကားလာပါပြီ။
သာမာန်နေ့တွေမှာဆိုရင်တော့ လင်းဖန်က ကြော်ငြာပိတ်သွားမှာ သေချာပါတယ်။
သို့သော် ဤအချိန်တွင် အလွန်ငြီးငွေ့ပြီး သိချင်နေသော လင်းဖန်သည် OK ကိုနှိပ်လိုက်သည်။
ဘယ်အကြောင်းအရာတွေ ပေါ်လာမလဲဆိုတာကို သူမြင်ချင်နေသေးသည်။
"ဒင်း"
နောက်အခိုက်အတန့်တွင် ဖုန်းစခရင်ပေါ်တွင် ပြိုးပြိုးပြက်ပြက်ပြနေသော အနီရောင်အလင်းတန်းတစ်ခု ပေါ်လာသည်။ဖုန်းစခရင်ပေါ်တွင် အနီရောင်စာအိတ်ပေါ်လာသည်။လင်းဖန်သည် 'ဖွင့်' ကို ချောမွေ့စွာ နှိပ်လိုက်သည်။
"ဒင်း၊ ဂုဏ်ယူပါတယ် မင်း 19,999 ယွမ်ရရှိသည်။"
ထို့နောက် ဖန်သားပြင်ပေါ်တွင် နောက်ထပ်စာအိတ်အနီ ပေါ်လာသည်။လင်းဖန်က 'ဖွင့်' ကို ထပ်နှိပ်သည်။
"Ding! ဂုဏ်ယူပါတယ် မင်း 99 ယွမ် ရခဲ့တယ်"
ထို့နောက် ဖန်သားပြင်ပေါ်တွင် နောက်ထပ်အနီရောင်စာအိတ်အသစ် ပေါ်လာသည်။
လင်းဖန်က 'ဖွင့်' ကို ထပ်နှိပ်သည်။
"Ding! ဂုဏ်ယူပါတယ် မင်း 99 ယွမ် ရခဲ့တယ်"
ထို့နောက် ဖန်သားပြင်ပေါ်တွင် နောက်ထပ်အနီရောင်စာအိတ်အသစ် ပေါ်လာသည်။လင်းဖန်က မတွေးဘဲမနေနိုင်တော့'ဒါက စာအိတ်အနီတွေကို ဆက်တိုက်နှိပ်နေတဲ့ အစီအစဉ်လား။ တကယ့်ကို ပျင်းစရာကြီးပဲ' ဟုတွေးလိုက်သည်။
ဒါကိုတွေးပြီး လင်းဖန်က ဖုန်းကိုပိတ်ပြီးထွက်ချင်လာသည်။
သို့သော်လည်း ထိုအချိန်တွင် ဆဲလ်ဖုန်းအနည်းငယ် တုန်ခါသွားကာ ဘဏ်မှ သူ့ကိုဆက်တိုက် သတိပေးရန် စာတိုတစ်စောင်ပေးပို့ခဲ့သည်။
"တရုတ် Bank က 12:00 မှာ 19,999 ယွမ်ငွေသွင်းပြီးဖြစ်ကြောင်းသတိပေးထားပါတယ်။"
"တရုတ်ကုန်သည်များဘဏ်က 12:00 မှာ99 ယွမ် ငွေသွင်းသွင်းပြီဖြစ်ကြောင်းသတိပေးထားပါတယ်။"
လင်းဖန် လန့်သွားသည်။
ဤပမာဏနှစ်ခုသည် ကျွန်ုပ်လက်ခံရရှိစာအိတ်အနီနှစ်စောင်ဖြစ်ခဲ့သည်။
ဒီ.......
ကြော်ငြာတစ်ခု မဟုတ်ဘူးလား? စာအိတ်ကတကယ့်အနီရောင်စာအိတ်လား။လင်းဖန်သည် စိတ်လှုပ်ရှားမှုနှင့် သံသယအရိပ်အမြွက်ပြကာ အနီရောင်စာအိတ်ကို'ဖွင့်' ကို ထပ်မံနှိပ်လိုက်သည်။
"Ding၊ ဂုဏ်ယူပါတယ် မင်း 29,999 ယွမ်ရထားတယ်။"
"ဒင်း၊ ဂုဏ်ယူပါတယ် မင်းမှာ ယွမ် ၂ဝဝဝ ရတယ်။"
"Ding! ဂုဏ်ယူပါတယ်၊ မင်း ကျွမ်းကျင်တဲ့ကားမောင်းကျွမ်းကျင်မှုကို ရရှိထားပါတယ်။ ပြိုင်ဘက်ကင်းတဲ့ မောင်းနှင်မှုစွမ်းရည်က သင့်ကို ထူးခြားတဲ့ ဆွဲဆောင်မှုတစ်ခု ပေးစွမ်းမှာပါ။"
"Ding! ဂုဏ်ယူပါတယ် မင်း 5 ယွမ် ရခဲ့တယ်"
လင်းဖန်သည် စာအိတ်အနီကို 'ဖွင့်' ရန် ဖန်သားပြင်ကို ဆက်နှိပ် သည်။တစ်ချိန်တည်းမှာပင်၊ဘဏ်က SMSသတိပေးချက်များအ ဆက်မပြတ်ပေးပို့နေသည်။
သူနားလည်လိုက်သည်...
ဒါတွေအားလုံးက တကယ့်အနီရောင် စာအိတ်တွေပါ။
သူ့ဘေးမှာထိုင်နေတဲ့ ကျူရှင်းရ သည် လင်းဖန်က စကားမပြောဘဲဖုန်းစခရင်ကို ပုတ်နေတာကိုတွေ့တော့ အနည်းငယ်မျက်မှောင် ကြုတ်သွားသည်။
ကျူရှင်းရသည် သူမ၏လည်ပင်းကို အပေါ်နည်းနည်းမြင့်ကာ လင်းဖန်၏ ဖုန်းစခရင်ကိုစိုက်ကြည့်လိုက်သည်။
"ဂုဏ်ယူပါတယ် မင်း 5 ယွမ်ရတယ်"
ဒီမှာကြည့်...
ကျူရှင်းရ၏ နှလုံးသားသည် ဒေါသနှင့်မထီမဲ့မြင်ပြုခြင်း နှစ်မျိုးလုံးပေါ်လာခဲ့သည်။ငါဟာ ပညာအရည်အချင်း မြင့်မားပြီးဝင်ငွေကောင်းတဲ့ မိန်းမချောတစ်ယောက်ပါ။သူမနှင့် စကားပြောရန် အခွင့်အရေးကိုမယူဘဲဘာလို့ အနီရောင်စာအိတ်ကို ဒေါ်လာအနည်းငယ်ဖြင့် ဖမ်းယူနေသနည်း။ကျူရှင်းရကမတ်တပ်ထရပ်ပြီး အေးစက်စွာဖြင့်"မင်းလည်း ငါတို့နှစ်ယောက်မသင့်တော်ဘူးလို့ခံစားရတယ်မလား၊အဲ့ဒါကြောင့်ငါတို့နှစ်ယောက်ဒီမှာပဲရပ်ကြရအောင်၊ငါလုပ်စရာရှိလို့အရင်သွားပြီ"
စကားပြောပြီးနောက်အပြင်သို့ထွက်သွားလိုက်သည်။
"Ding! Lamborghini တစ်စီးရလို့ ဂုဏ်ယူပါတယ်။"
လင်းဖန်သည် စာအိတ်အနီများကိုဆက်လက် မှာယူချင်သောအခါ အချိန်သည်12:01 သို့ ပြောင်းလဲသွားသည်။
ထို့နောက် မျက်နှာပြင်ပေါ်တွင် ဒိုင်ယာလော့ဂ်ဘောက်စ်တစ်ခုပေါ်လာသည်။
[အရိပ်အမြွက်- နောက်လာမည့်စာအိတ်အနီရှေ့တွင် ၂၃ နာရီနှင့် ၅၉ မိနစ်ရှိသေးသည်။ ]
[သတိပေးချက်- ယွမ် 10,000 သုံးစွဲတိုင်း၊စာအိတ်အနီ 1 စောင် ချက်ချင်းရနိုင်သည် ]
လင်းဖန်သည် ဖုန်းကို အိတ်ကပ်ထဲသို့ဖြည်းညှင်းစွာ ထည့်လိုက်သည်။ထိုအချိန်တွင် သူ့အိတ်ကပ်ထဲတွင်ကားသော့အပိုတစ်ခုကို Lamborghini ကားသော့။စာအိတ်အနီလေးကို Lamborghini ရခဲ့ပါတယ်။
ဒါပေမယ့် ကားသော့က ငါ့ရဲ့အိတ်ကပ်ထဲကိုဘယ်လိုရောက်သွားတာလဲ။
စာအိတ်အနီတွေ.. အကုန်မှန်တယ်။
ကျူရှင်းရ သည် ဖုန်းကို ဒေါ်လာအနည်းငယ်ဖြင့် အနီရောင်စာအိတ်ကို ကိုင်ဆောင်ထားဆဲဟု ထင်နေသည့် လင်းဖန်အားငုံ့ကြည့်လိုက်သည်။စိတ်ထဲမှာ ပိုလို့တောင် မထီမဲ့မြင် ခံစားရတယ်။ဒီလိုလူမျိုးက တစ်သက်လုံး နိမ့်ကျတဲ့ပုရွက်ဆိတ်သာ ဖြစ်နိုင်သည်။
ဒါကိုစဉ်းစားရင်း ကျူရှင်းရက ခြေလမ်းများမရပ်တန့်ပဲအပြင်သို့ထွက်လာခဲ့သည်။
ဒီအချိန်မှာ လူတော်တော်များများက တံခါးနားမှာ ရပ်နေကြသည်။
ခပ်ဝေးဝေးက စောက်ရမ်းမိုက် စူပါပြိုင်ကားတစ်စီးကို အံ့အားသင့်လွန်းတဲ့ မျက်လုံးတွေနဲ့ ကြည့်ပြီး အံ့ဩတကြီး ထပ်ခါထပ်ခါကြည့်နေကြတယ်။
"Lamborghini!"
'ထို့ပြင်၊ ၎င်းသည် ပြည်တွင်းရောင်းအား10 သန်းဖြင့် Lamborghiniကားကြီး'
"ဒီငွေမှင်ပုံစံ... အရမ်းလှတာပဲ!"
"တကယ်တော့ ဒီကားကို ကျန်ပေ့ က ဘယ်သူပိုင်လဲမသိဘူး။"
အနွေးထည်ဝတ်ထားတဲ့ အင်တာနက်နာမည်ကြီးမိန်းကလေးဟာ Lamborghini နားကို လျှောက်လာပြီး လက်နှချောင်းထောင်ကာဆယ်လ်ဖီဆွဲနေသည်။
ကျူးရှင်းရ သည် စူပါပြိုင်ကားကို မနာလိုစိတ်ဖြင့် ကြည့်နေသည်။
ဒီကားပိုင်ရှင်ကို ငါလက်ထပ်ချင်တယ်။ကျူးရှင်းရသညစားသောက်ဆိုင်မှ လင်းဖန် ထွက်လာသည်ကိုမြင်သောအခါသူမ၏ မျက်နှာသည် ချက်ချင်းပင် မထီမဲ့မြင်ပြုလာသည်။မသင့်တော်ဘူးလို့ ပြောထားပြီးသားဆိုတာ သူက ဘာလို့ ခေါင်းမာမာနဲ့ လိုက်နေသေးတာလဲ။
"ငါဒီကို တစ်ယောက်တည်း ကားမောင်းလာတာ၊ လိုက်ပို့ပေးစရာ မလိုဘူး"
စကားပြောနေရင်း၊ ကျူရှင်းရက BMWကားသော့ကို သူ့လက်ထဲမှာ ကိုင်ထားသည်။
သူမသည် လင်းဖန်ကိုသူတို့ နှစ်ယောက်ကြားကကွာဟချက်အ ကြောင်းကို ပိုသိစေချင်သည်။
ငါ BMW ကားတစ်စီးပိုင်တယ်၊ ဒါပေမယ့်သူက ကားမပြောနဲ့စက်ဘီးတောင်တတ်နိုင်တဲ့ပုံမပေါ်ပေ။
လင်းဖန်က "ငါမင်းကိုလိုက်ပို့ဖို့မဟုတ်ဘူး"
စကားများကျလာကာ Lamborghini ကားသော့ကို ထုတ်ယူကာ ပေါ့ပေါ့ပါးပါး နှိပ်လိုက်သည်။ကားမီးများ ပွင့်လာပြီး ဟွန်းသံ မြည်လာသည်။ထို့နောက် Lamborghini ရှေ့သို့ လျှောက်သွားကာ ကားတံခါးကိုဖွင့်ကာ ထိုင်လိုက်သည်။လင်းဖန်သည် ကားမောင်းခဲပြီး စူပါကားကိုဘယ်တော့မှ မမောင်းဖူးပေ။ဒါပေမယ့်လမ်ဘော်ဂီနီပေါ်တက်ချိန်မှာတော သူဟာ ဆယ်စုနှစ်ပေါင်းများစွာမောင်းနှင်ခဲ့တဲ့ ဝါရင့်သမားတစ်ယောက်ဖြစ်ပုံရပါတယ်။ ကားထဲကအရာအားလုံးကိုကောင်းကောင်းသိတယ်။ အဲ့ဟာကအံ့ဩစရာပေ။
ကားရှေ့မှာ ဆယ်လ်ဖီရိုက်နေတဲ့နာမည်ကြီး မိန်းကလေးက ကားရှေ့ကိုလျှောက်လာပြီး လင်းဖန်ကိုကြည့်ပြီး စိတ်လှုပ်ရှားစွာ အော်ပြောသည်။ သူက ချောလဲချောပြီးပိုက်ဆံလဲချမ်းသာသည်။
အင်တာနက်နာမည်ကြီး မိန်းကလေးကစိတ်လှုပ်ရှားစွာနဲ့ ကားပြတင်းပေါက်ကို မှီပြီး "လူချောလေး အတူတူ ထမင်းစားဖို့
အချိန်ရှိလား"
"ငါ ... အခုစားလာတယ်။" လင်းဖန်က
ပြောသည်။
"ရုပ်ရှင်အတူတူသွားကြည့်ရင် ဘယ်လိုလဲ၊ ဇာတ်ကားကောင်းတွေ မကြာသေးခင်ကမှ ထွက်ရှိခဲ့တာ။" အင်တာနက်နာမည်ကြီးသူက ထပ်ပြောပြန်တယ်။"တောင်းပန်ပါတယ် နောက်မှပါ အခုကလုပ်စရာရှိသေးတယ်" လင်းဖန်က ပြောသည်။
"ကိုလူချော၊ WeChat ကို အရင်အပ်ရအောင်။" နာမည်ကြီးမိန်းကလေးက ထပ်ပြီးအော်ပြောတယ်။
သို့သော် ယခုအချိန်တွင် လင်းဖန် သည်ပြတင်းပေါက်ကိုပိတ်ကာ ယာဉ်ကိုစတင်အသုံးပြုခဲ့ပြီး အင်တာနက်နာမည်ကြီးသူပြောသည်ကို မကြားခဲ့ရပေ။
အရှိန်မြှင့်မောင်းနှင် မှုနှင့်အတူ Lamborghini အမြောက်ကျည်ဖြင့် ပစ်လွှတ်လိုက်သလိုမောင်းထွက်သွားခဲ့သည်။
ဒီဟာတွေ...
အားလုံးက ကျူရှင်းရရဲ့ မျက်လုံးထဲမှာ ရှိနေတယ်။
သူမ လုံးဝ ထိတ်လန့်သွားသည်။လင်းဖန်သည် စူပါကားကိုအမှန်တကယ် ပိုင်ဆိုင်သည်။
သူက ဆင်းရဲသားမလား !
သူမနဲ့ချိန်းတွေ့ ထမင်းစားခဲ့သည်။ပြီးတော့ သူနဲ့တောင်မတန်ဘူးလို့ပြောလိုက်မိသေးသည်။

ကမ္ဘာပေါ်မှာငါကအချမ်းသာဆုံးပဲWhere stories live. Discover now