အီဂျန်နိုတစ်ယောက် ကျောင်းရောက်ရောက်ခြင်း အတန်းတောင်မတက်နိုင်ပဲ ကျောင်းဝန်းထဲ
တစ်ယောက်သောသူကို ကျီးကန်းတောင်းမှောက် လိုက်ရှာနေမိတယ်တကယ်ဘယ်တွေသွားသဝေထိုးနေတာလဲ
နာမျိုးရိုးရယ်မနက်က ကျောင်းတူတူသွားမယ်ဆိုပြီး အိမ်ရှေ့သွားခေါ်တော့လည်း ကိုယ်တော်က ကျောင်းကိုသွားနှင့်ပြီတဲ့လေ
အခုကျောင်းရောက်ကတည်းကလိုက်ရှာနေတာ ၁၅မိနစ်လောက်ရှိပြီ လူမပြောနဲ့ အရိပ်တောင်မတွေ့သေး
ကျောင်းဝန်းတစ်ပတ်မျက်စိကစားရင်းထပ်ရှာမိတော့ အခုမှ ကျောင်းထဲဝင်လာတဲ့ ဆံပင်ပန်းရောင်နဲ့ နာမျိုးရိုးး
နေပါအုံး ကျောင်းကိုသွားတာ ကြာပြီဆိုပြီး ဘာလို့အခုမှကျောင်းထဲဝင်လာရတာလဲ ဘေးမှာလည်း တစ်ခါမှမမြင်ဖူးတဲ့ ကောင်လေးတစ်ယောက်နဲ့ပြုံးပျော်လို့
'နာဂျယ်မင်း'
ကျနော် အသံကိုဖိကာကျယ်ကျယ်အော်ခေါ်လိုက်တော့ ဘေးကကောင်လေးနဲ့စကားပြောရင်းလှမ်းကြည့်လာတယ်
အစကပြုံးပျော်နေတဲ့မျက်နှာက ကျနော်ကိုမြင်တော့ ရှုံ့မဲ့သွားသေးတယ်
'နာဂျယ်မင်း'
'ဘာလဲ အီဂျန်နို'
သူရှေ့ကိုရောက်အောင်သွားပြီး နာမည်ကိုထပ်ခေါ်လိုက်တော့ ပြန်ဖြေလာတာ ဘုနဲ့ဘောက်
'ကျောင်းကိုသွားတာကြာလှပြီဆိုပြီး ဘာလို့အခုမှကျောင်းထဲဝင်လာတာလဲ ဘယ်တွေလျှောက်သွားနေတာလဲ'
'အဲ့တာငါ့အပိုင်းလေ ငါဘာငါဘယ်သွားသွား မင်းနဲ့ဆိုင်လား'
'နာဂျယ်မင်း'
'ဘာလဲ အီဂျန်နို'
အကောင်းမေးတော့လည်း အကောင်းပြန်မဖြေ အရင်တုန်းကဆို ကျောင်းသွားရင်အတူတူသွားနေကြကို ဒီနေ့ကျမှ ကျနော့်ကိုစိတ်ဆိုးပြီး တစ်မိုးအောက်ကအပျင်းကြီးနာဂျယ်မင်းက ကျောင်းတွေကို အစောကြီးထထွက်သွားတယ်တဲ့လေ
'မင်းကဘယ်သူလဲ'
'မဂ်လာပါ ကျနော့်နာမည်က ပတ်ဂျီဆောင်းပါ ဂျယ်မင်းနီး Hyung ရဲ့တ...'
YOU ARE READING
ငါချစ်တဲ့ 'နာနာ' နဲ့ မင်းချစ်တဲ့ 'နိုနို'
Fanfiction'မင်းနာမည်ကဘယ်သူလဲ' 'ကြောင်တောင်"နဲ့ငါနာမည်က နာဂျယ်မင်း' 'မှားတယ် မှားတယ် မင်းနာမည်က 'ငါချစ်တဲ့နာနာ' 'ကိုယ့်နာမည်ကိုကော ဘယ်လိုခေါ်လဲသိလား' 'ရားးမင်းတကယ်လွတ်နေပြီပဲ မင်းနာမည်အီဂျန်နိုလေ' မဟုတ်ဘူး ကိုယ်နာမည်က 'မင်းချစ်တဲ့နိုနို' အဲ့တာကြောင့် ❤️ 'ငါ...