ဒီခုံတန်းလေးမှာ ဟီဆွန်းတစ်ယောက်တည်း ရှိနေခဲ့တာ အချိန်အတော်ကြာပြီ ။ အခု သူတစ်ယောက်တည်းဖြစ်နေပေမယ့် လွန်ခဲ့တဲ့ တစ်လလောက်ကတော့ ကောင်လေးတစ်ယောက်ရှိနေခဲ့တယ် ။ အတိအကျပြောရရင် သူချစ်မြတ်နိုးမိနေတဲ့ ကောင်လေးတစ်ယောက်ပဲ ။ ဒီခုံတန်းလေးက အိမ်နဲ့သိပ်မဝေးတဲ့ ပန်းခြံလေးတစ်ခုထဲမှာရှိတယ် ။ ဟိုး..ငယ်ငယ်ကတည်းက သူဒီခုံတန်းလေးမှာ ညနေခင်းတိုင်း လာလာထိုင်ခဲ့တာ ။ တစ်ညနေတော့ သူထိုင်နေကြ ခုံတန်းလေးမှာ အခြားတစ်ယောက်က ကြိုရောက်နှင့်နေခဲ့တယ် ။ သူ့နာမည်က..... ဆောင်းဟွန်း တဲ့ ။
" ဒီခုံမှာ လာထိုင် နေကြလား "
အရင်ကတည်းက အပြင်လူတွေနဲ့ ဆက်ဆံရတာနည်းတဲ့ဟီဆွန်းအတွက် အဲ့ဒီကောင်လေးရဲ့မေးခွန်းတွေကိုဖြေဖို့ အယောင်ယောင်အမှားမှားဖြစ်နေခဲ့တယ် ။ သူ့ကိုယ်သူ ခုံရဲ့အစွန်းတစ်ဖက်ကို ရောက်အောင်တိုးထိုင်လိုက်ရင်း
" အင်း ၊ ကိုယ် ထိုင်နေကြ "
"ကျွန်တော့်နာမည်က...ဆောင်းဟွန်းပါ ၊ အစ်ကိုအဆင်ပြေသလို ခေါ် လို့ရပါတယ်၊ စိတ်မရှိနဲ့နော် ၊ ကျွန်တော်လည်း ဒီခုံတန်းလေးမှာ လာလာထိုင်ချင်တယ် ''
ဆောင်းဟွန်း ဆိုတဲ့ နာမည်လေးကိုပဲ ဟီဆွန်းတိုးတိုးလေးပြန်ရေရွတ်နေမိတယ် ။ သူက လုံးဝတစ်ယောက်တည်းဖြစ်နေခဲ့တဲ့လူပေမယ့် ပတ်ဝန်းကျင်မှာ သူကြားနေကြနာမည်တွေအများကြီးရှိပါတယ်။ ဒီလိုနာမည်ကိုတော့ မကြားဖူးဘူး ။ ဆောင်းဟွန်း တဲ့ ။ အသံလေးကတော့ချိုအေးပြီး ခပ်ငယ်ငယ်ကောင်လေးဖြစ်မယ့်ပုံပါ။
" ဟို ၊ အစ်ကို့နာမည်လည်း ပြောဦးလေ"
သူကငြိမ်နေတော့ ဆောင်းဟွန်းက ပြန်မေးတယ် ။အင်း ကြည့်ရတာတော့ ခပ်စွာစွာလေးလည်း ဖြစ်မယ့်ပုံပဲ ။
"အဲ.. ၊ ကိုယ့်နာမည်က ဟီဆွန်း "
သူ့နာမည်ကိုပြောလိုက်တော့ ဆောင်းဟွန်းဆိုတဲ့ကောင်လေးဆီက ရယ်သံတိုးတိုးလေးထွက်လာတယ် ။ ဟီဆွန်းလည်း မျက်မှောင်ကြုံ့လိုက်ပြီး
YOU ARE READING
F.A.T.E (Milkcarrot) [One short]
Fanfictionအဖြူရောင်မေတ္တာတွေနဲ့ တိတ်တဆိတ်ချစ်ခဲ့ကြတဲ့ကောင်လေးနှစ်ယောက်အကြောင်းပြောပြမယ်...။ Date of uploading: May 21 2023 This story is not my own*