အချစ်ဆိုတာကလေ အရမ်းချိုမြိန်တဲ့ ပျားရည်နဲ့ တူသတဲ့။ ပျားရည်ကို တစ်စက်ချင်း အရသာ ခံသောက်ရင် ချိုမြိန်နေပေမယ့် ဇွတ်တရွတ်သောက်လိုက်မိလို့ သီးသွားရင် အသက်သေတဲ့ထိတောင်မှ ဖြစ်နိုင်တယ်လေ။
ချစ်တတ်ရင် ချိုနေမှာ မှန်ပေမယ့် မချစ်တတ်ရင် ကိုယ်ကိုယ်တိုင် ပြန်သတ်နေသလို ဖြစ်သွားမှာ ။
ခင်လေ ပါပါးနဲ့ မေမေတို့ ချစ်တဲ့ပုံစံလေးကို သဘောကျလိုက်တာ။ ပါပါးကလဲ မေမေ့ကို ချစ်ကြောင်းအမြဲတမ်းပြောတတ်သလို သူချစ်ကြောင်းလဲ အပြုအမူတွေကတစ်ဆင့် သိနိုင်တယ်လေ။
မေမေကတော့ တစ်မျိုး မထင်ရင် မထင်သလို စိတ်ကောက်တတ်ပေမယ့် မေမေ ပါပါးကို ချစ်ကြောင်း မပြောရင်တောင်မှ သိနိုင်တယ်လေ။ ပါပါးနဲ့ မေမေ နှစ်ယောက်လုံးက ပွင့်လင်းတယ်။ အဲ့အချက်တွေက ခင့်ကို အချစ်ရှ်ိကြောင်းပြနေသလိုပဲ။“ငယ်လေးခင် ....”
“ရှင် မေမေ”
“ချစ်ခွင့်ပန်တဲ့ ကောင်လေးကိုဗရုတ်သုတ်ခ ခိုင်းလိုက်ပြန်ပြီဆို”
မေမေဘယ်လိုသိသွားတာပါလိမ့်။
“ေမေမ့ကို ကြီးကြီးမိုးပြောတာလား ...ကြီးကြီးမိုး”
မျက်လုံးပြူးကာ ကြီးကြီးမိုးကို ကြည့်လိုက်တော့ မျက်စိပျက် မျက်နှာပျက်ဖြင့် ခေါင်းရမ်းပြနေသည်။
“မဆိုင်တဲ့သူတွေ ပတ်မရမ်းစမ်းနဲ့ ငယ်လေးခင်”
“ကြီးကြီးမိုး မပြောရင် ဘယ်သူပြောတာလဲ”
“ဒီလောက်သိချင်နေတာလား”
မေမေက ခင့် နားရွက် တစ်ဖက်ကိုလိမ်ရင်း ပြောမှ ခင် ခေါင်းရမ်းမိသည်။
ကြီးကြီးမိုး မပြောလဲ မေမေ့ဆီ ဒီသတင်းကတော့ ရောက်မှာ အမှန်ပင်။ ဟိုကောင်ေလးကလဲ ခင့်ဆီက အဖြေရဖို့ဆိုရင် ဘာနေနေ လုပ်မည်ဆို၍ ထိုင်ထ အခါ တစ်ရာ လုပ်ခိုင်းလိုက်တာဖြစ်သည်။
“ထိုင်ထ အခါတစ်ရာ လုပ်ခိုင်းတာ ဘာဖြစ်သွားမှာလဲ မေမေရာ”
“ခမျာ မတ်တပ်တောင်မရပ်နိုင်ဘူးဆိုတာ ခင်လေး မသိဘူးလား”
YOU ARE READING
အချစ်များသူ့ဆီမှာ
Short Storyမက အ လွန်းလို့ ဘယ်လိုလုပ်မလဲ Side story of "A tale of Tailor"