Sehun 's pov
ကျွန်တော့်ရဲ့နာမည်က Oh Sehun ပါ ကျွန်တော့်အသက်က ၂၀, uni ပထမနှစ် ကျောင်းသားတစ်ယောက်ပေါ့
ကျွန်တော် ကျွန်တော့်ရဲ့ ချစ်သူနဲ့ အတူတူနေပါတယ်
ကျွန်တော့်ချစ်သူအကြောင်း ခင်ဗျားတို့ကို ပြောပြရအုံးမယ်
ကျွန်တော့်ချစ်သူဆိုလို့ ကောင်မလေးတစ်ယောက်လို့ ခင်ဗျားတို့ထင်နေ မှာပေါ့
အဲဒါ့ဆိုရင်တော့ ခင်ဗျားတို့ အထင်တွေမှားသွားပါပြီကျွန်တော်အရမ်းချစ်ရတဲ့သူက Xiao Luhanဆိုတဲ့ ကျွန်တော့်ထက် အသက်၎နှစ်ကြီးတဲ့ ၂၄နှစ်အရွယ် ယောကျာင်္းလေး တစ်ယောက်ပေါ့
့
သူနဲ့ကျွန်တော်စတွေ့တာ ကျွန်တော် အလယ်တန်းကျောင်းသားဘ၀ကပေါ့
သူက အေးဆေးတည်ငြိမ်တယ် စာလည်းတော်တယ် ချစ်ဖို့ကောင်းတယ် မိန်းကလေး တွေကြားမှာလည်း နာမည်ကြီးတဲ့သူတစ်ယောက်ပါကျွန်တော် သူ့ကိုအားကျမိတယ် သူနဲ့ကျွန်တော် တစ်ယောက်နဲ့တစ်ယောက်တော်တော်ခင်လာကြတယ်
ကျောင်းမှာလည်းတော်တော်တွဲဖြစ်လာတယ် ကျွန်တော် နားမလည်တဲ့စာတွေရှိရင်လည်း သူကရှင်းပြတယ် သူကတော့ ကျွန်တော့်ကို ညီတစ်ယောက်လိုဂရုစိုက်ပါတယ် အချိန်တွေကြာလာတော့ ကျွန်တော့်ရဲ့ ရင်ခုန်သံ တွေ အရောင်ပြောင်းလာခဲ့တယ်၂နှစ်ကြာတော့ ကျွန်တော်သူ့ကိုဖွင့်ပြောခဲ့တယ် သူကလည်း ကျွန်တော့်ကို လက်ခံခဲ့ပါတယ်
သူကတစ်ယောက်တည်းနေတာဆိုတော့ စိတ်မချလို့ ကျွန်တော်သူ့အိမ်မှာလာနေမယ်ပြောတော့ ခွင့်ပြုခဲ့တယ် တစ်ခါတစ်လေမှ ကျွန်တော် အိမ်ပြန်ဖြစ်တယ်သူကကျွန်တော့်ရဲ့ first loveပါ။ ကျွန်တော့်ဘ၀မှာ ပထမဆုံး အားကျမိတဲ့သူ ကျွန်တော်ပထမဆုံးချစ်မိတဲ့သူပေါ့
ကျွန်တော့်စိတ်ထဲမှာတော့ သူ ကျွန်တော့ကို အခုထိအမြဲတမ်း ညီတစ်ယောက်လိုပဲ ဆက်ဆံတယ်လို့ထင်မိတယ်
ဒါပေမဲ့ ကျွန်တော်အတွက်တော့ သူ့ဘေးနားမှာ ဒီလိုလေးနေနေရတာကိုက ပျော်ရွှင်ပြီး ကျေနပ်စရာပါပဲ