Me & You

1.7K 187 24
                                    


Song Recommended - Just The Way You Are [Bruno Mars]


Breaking New / Male idols Park Sunghoon & Sim Jake are dating!


The Beginning of this story

တနေ့တာအချိန်ဇယား ပြီးဆုံးသွားတဲ့အခါမှာတော့ ကွန်ဒိုကိုပြန်ရန်အတွက် တက်ကြွသော ခြေလှမ်းတွေဖြင့် မန်နေဂျာရဲ့ကားပေါ်သို့ အလျှင်အမြန်တက်လိုက်သည်။ ဒီနေ့က သာမန်ပိတ်ရက်တစ်ရက်သာ ဖြစ်တာကြောင့် သိပ်မများလှတဲ့ ရှုတင်တွေကို အပြတ်ဖြတ်ရင်း ညနေခင်းမှာတော့ အိမ်မှာသာ နေရန် ဆုံးဖြတ်လိုက်သည်။



"ဘယ်အချိန်ရောက်မှာလဲ ကိုယ်မင်းအိမ်မှာ စောင့်နေတယ် ဘေဘီ..."


ကားစီးရင်းဖြင့် ဆယ်လ်ခါတစ်ပုံတင်ရန်အတွက် ဖုန်းထုတ်လိုက်ချိန်ကွက်တိမှာပင် ရောက်ရှိလာသော တစ်စုံတစ်ယောက်ဆီမှ ဝင်စာ။

"အခု အိမ်ပြန်နေတဲ့ လမ်းမှာ ချစ်တယ်နော် နဲနဲလောက်စောင့်ဦး"

လျှင်မြန်တဲ့လက်ချောင်းတွေက ပြန်စာပို့လိုက်တော့ ချက်ချင်းပင်ရောက်ရှိလာသည့် အသဲပုံ အီမိုတီကွန်တစ်ခု။ ဆိုလိုတာက သူဘယ်လောက်နေနေစောင့်နိုင်ပါတယ်ပေ့ါ။ သိပ်ချစ်ဖို့ကောင်းတဲ့လူ~






အိမ်တံခါး လျှို့ဝှက်နံပါတ်ကို ရိုက်ထည့်ကာ အထဲဝင်လာလိုက်တော့ ဧည့်ခန်းမှာကြိုဆိုနေတဲ့ နှင်းဆီအနီပန်းစည်းနှင့်အတူ မရိုးနိုင်တဲ့ ပိုစ့်ကဒ်တစ်ခုက စားပွဲပေါ်မှာ အခန့်သားပင်။ ပန်းစည်းကိုပွေ့ယူလိုက်ကာ နမ်းရှိုက်လိုက်ပြီးသည့်နောက်မှာတော့

"ဒီနေ့ညလဲ ကိုယ်နဲ့အတူကုန်ဆုံးပေးလို့ ကျေးဇူးပါ ဘေဘီ "

ဆိုသော ပိုစ့်ကတ်ဒ်လေးကို လုပ်နေကြအတိုင်း ဘူးလေးထဲထည့်လိုက်သည်။ ဒါနဲ့ဆို ပိုစ့်ကဒ်ရတာ အခုပေါင်း  "၁၈၀" တစ်နည်းအားဖြင့် ခြောက်လ..



အပေါ်ထပ်ကိုချွတ်ကာ ဆိုဖာပေါ်ပစ်လှဲလိုက်တော့ ပါးပြင်ပေါ်ကျရောက်လာသော အနမ်းနွေးနွေးနှင့်အတူ စတော်ဘယ်ရီရေချိူးဆပ်ပြာနံ့က သင်းခနဲပင်။

"ပြန်ရောက်ပြီလား ဘေဘီ ကိုယ်ညစာ လုပ်ပေးရမလား"

"ဟင့်အင်း diet လုပ်နေလို့ မစားတော့ဘူး အဲ့အစား ဟွန်းကဖက်ထားပေးနော် "


Dating New // SungJake (one-shot)Where stories live. Discover now