နေဝင်ချိန်တို့မုန်းပါသည်(Uni+Zg)

380 14 27
                                    

"ငါဒီမှာထိုင်လို့ရမလား"

ဘောပင်ကိုင်ထားတဲ့လက်တွေကရပ်တန့်သွားရပြီး မျက်ဝန်းနက်နက်လေးဆီကအကြည့်တွေဟာသူ့ထံပါးသို့ဆိုက်ရောက်လာခဲ့သည်။

တစ်တန်းလုံးရဲ့ပစ်ပယ်မှုကိုခံထားရတဲ့လူတစ်ယောက်ရဲ့ဘေးမှာမှဘာလို့ရွေးထိုင်ချင်ရတာတဲ့လဲ..လူတွေနဲ့ရောရောနှောနှောမနေတက်တဲ့သူ့စိတ်ကိုဒီလူကအကဲမခက်တက်ဘူးလား

"ဖြေပါအုံး ငါဒီမှာထိုင်လို့ရမလားဟင်"

"တစ်ခြားနေရာတွေကဘာဖြစ်နေလို့လဲ"

"သူတို့ကဆူညံလွန်းတယ် မင်းနဲ့ငါကျတော့ကီးကိုက်တယ်လို့ထင်မိလို့လေ ငါကအေးအေးဆေးဆေးပဲနေတတ်တာပါ မင်းစိတ်ရှုပ်အောင်မလုပ်ပါဘူး"

အင်္ကျီလက်ရှည်အဖြူနဲ့ဘဲခေါင်းစိမ်းရောင်ပုဆိုးလေးကိုကော့ကျော့နေအောင်ဝတ်ထားတဲ့လူကလူချမ်းသာစာရင်းဝင်ထဲကဖြစ်မည်..နှင်လွှတ်ပြန်ရင်လည်းမကောင်းတတ်သည်ကြောင့်ခေါင်းငြိမ့်လိုက်ရပါတော့တယ်။

"ဝေးးးး မင်တစ်ကယ်ပြောတာလား"

"တိတ်တိတ်မနေရင်တော့မင်းဒီနေရာမှာမြဲမှာမဟုတ်ဘူး "

"OK "

လက်ငြိုးနှင့်လက်မလေးကိုအဝိုင်းပုံစံလုပ်ပြကာသွားအဖြီးသားလေးနဲ့ကောင်လေး မဟူရာရောင်ဆံသားတို့ကကောက်ကောက်လေးတွေနဲ့ ဘယ်ဘက်ပါးမို့လေးမှာမှဲ့နက်လေးတစ်လုံးရှိတယ်။သွားလေးတွေကဖွေးဥနေခဲ့ပြီးကိုယ်လုံးကလုံးလုံးသေးသေးလေးပါ။

"မင်းနာမည်ဘယ်လိုခေါ်လဲ"

"မြူခိုးယံ.."

လူတွေနဲ့မရောတက်ဘူးဆိုတဲ့လူကအကြည့်စူးစူးလေးတွေနဲ့နာမည်မေးလာတော့ သူ့ရင်ထဲမှာကုလားဘုရားလှည့်နေရသလို ခုန်ပေါက်နေခဲ့သည်။ဒီပုံအတိုင်းဆိုနှစ်ယောက်ကအဆင်ပြေမယ့်ပုံပဲ သူလည်းပဲအရဲစွန့်ကာနာမည်မေးဖို့ကြံနေစဉ်..

"လွန်းသုခမောင်"

"ဟင် "

"ငါ့နာမည်"

"အော်.."

အေးတိအေးစက်ဆက်ဆံရေးတွေကိုသူသိပ်မုန်းတယ်။မျက်နှာသေနဲ့စာပြန်ရေးနေတဲ့လူရဲ့လက်ရေးတွေကပဲပင်ပေါက်ဓာတ်လိုက်နေသလိုလို...စိတ်ထဲကနေဟားတိုက်ရယ်မိပါသော်လည်းအပြင်မှာတော့ထုတ်မရယ်ခဲ့ပေ လူသားအချင်းချင်းလေးစားရမယ်မလား

<နေဝင်ချိန်တို့မုန်းပါသည်>Место, где живут истории. Откройте их для себя