6

267 54 22
                                    

[Unicode]

ထန်ရွှီအတန်းချိန်တွင် ထန်ချော့ထိုင်ခုံက နောက်ဆုံးမှရေလျှင် ဒုတိယမြောက်နေရာမှ အရှေ့ဆုံးခုံသို့ ပြောင်းသွားတော့သည်။

Engineering courses တွေက တကယ်ပျင်းရိစရာကောင်းလှသည်။ အတန်းထဲတွင် ဖော်မြူလာများအပြင် ထပ်လေ့လာရသည်ကလည်း ဖော်မြူလာများသာ။ သို့ပေမယ့် ထန်ရွှီအတန်းချိန်ဆိုလျှင်တော့ တစ်မူထူး၍ လူစည်ကားနေတော့သည်။ အမြဲလိုလို သူ့အတန်းချိန်တွင် မျက်စိအစာကျွေးရန် လာထိုင်နေကြသူများရှိပြီး သေချာသလောက် အကုန်လုံးက မိန်းကလေးများဖြစ်ကြသည်။

အစပိုင်းမှာတော့ ထန်ရွှီ ထိုအခြေအနေကို အရေးမထားဘဲ ရယ်ရယ်မောမောနှင့် နောက်ပြောင်၍ပြောလိုက်သေးသည်။ "ငါ ခဏနေကျ အတန်းထဲမှာ မေးခွန်းတွေမေးမှာ။ အခေါ်ခံရတဲ့သူက မဖြေနိုင်ဘူးဆိုရင် အပြစ်ဒဏ်အနေနဲ့ ဖော်မြူလာတွေကို ပြန်ကူးရမှာနော်။"

သို့တောင်မှ ကျောင်းသူများရဲ့ ကောင်လေးချောချောလေးကို ထိုင်ကြည့်ချင်နေသည့်ခံစားချက်က လုံးဝပျောက်ကွယ်သွားခြင်းမရှိ။

တစ်နေ့မှာတော့ ထန်ရွှီ အတန်းထဲရောက်လာချိန် စာသင်ခန်းလေးထဲ ကျောင်းသားများပြည့်နှက်နေပြီးဖြစ်ကြောင်း တွေ့လိုက်ရပြီး ထန်ချော့ကတော့ ကျောပိုးအိတ်ကိုလွယ်ထားရင်း လူသွားလမ်းဘေးတွင် မတ်တပ်ရပ်လျက် လက်ထဲတွင်လည်း အိမ်စာစာအုပ်များ အထပ်လိုက်ထွေးပိုက်ကိုင်ထား၍ သူ့ကို အူကြောင်ကြောင်လေးကြည့်နေလေသည်။

သူ စင်ပေါ်သို့လျှောက်သွားပြီး လေးလေးပင်ပင်သက်ပြင်းချလိုက်သည်။ "ကျောင်းသားတို့၊ မင်းတို့ ငါ့အတန်းကို ဘယ်လိုစိတ်ဝင်စားမှုမျိုးနဲ့မဆို လာတက်တာကို မကန့်ကွက်ထားပေမယ့် အဲ့တာက ငါ့အတန်းထဲကကျောင်းသားတွေကို အနှောင့်အယှက်မဖြစ်စေရဘူးဆိုတဲ့ အခြေအနေတစ်ခုအောက်မှာပဲ ဖြစ်ရမယ်။" ထို့နောက်မှာတော့ သူ ထန်ချော့ရှိရာဘက်သို့ မေးငေါ့ပြပြီး ဆက်ပြောလာသည်။ "အခု၊ တစ်ယောက်လောက် ကိုယ့်အတန်းခေါင်းဆောင်လေးကို နေရာဖယ်ပေးလိုက်လို့ရမလား။"

'ကိုယ့်ရဲ့အတန်းခေါင်းဆောင်' ဆိုတဲ့စကားတစ်ခွန်းက ထန်ချော့ကို စာသင်ချိန်တစ်ခုလုံး အိပ်မက်မက်နေသလိုခံစားသွားရစေတော့သည်။

Si Xu Wan Qian ||Myanmar Translation|| Wo Geschichten leben. Entdecke jetzt