ပြတင်းပေါက်တံခါးကိုမြန်မြန်ပိတ်ထားတော့ဂင်ဂိုရွက်တွေကကြွေပြီးလေနဲ့လွင့်လာပြီး
ဒုက္ခလှလှတွေလည်းသယ်လာတယ်လို့ကြားတယ်
ဂရုစိုက်ပါဦး.ဉယျာဉ်မှူးရေ~
_________________________________
ကိုရီးယားနိုင်ငံဘူဆန်မြို့စွန်ကရွာနားလေးမှာပန်းပင်နဲ့သစ်ပင်မျိုးစိတ်တွေပျိုးထောင်တဲ့ဉယျာဉ်မှူးရှိတယ်။ဉယျာဉ်မှူးပက်ခ်ဂျီမင်ကသူ့မိဘတွေမရှိတော့တဲ့အချိန်တည်းကပန်းပင်တွေစိုက်ပြီးဉယျာဉ်မှူးလေးလုပ်ကာဘဝကိုအေးအေးချမ်းချမ်းဖြတ်သန်းနေသတဲ့။အဲ့ကနေ့ကပြတင်းပေါက်လေးသာပိတ်ဖို့မမေ့ခဲ့ရင်ဉယျာဉ်မှူးလေးဘဝလည်းပြောင်းလဲသွားမှာမဟုတ်ဘူးလေ။
အိမ်နောက်ဖေးကသီးနှံစိုက်ခင်းလေးကိုရေလောင်းပေါင်းသင်ပြီးဂျီမင်အိမ်ထဲဝင်လာကိုယ်လက်သန့်စင်လိုက်သည်။ဆောင်းဦးဝင်လာပြီဖြစ်ပြီးရာသီဉတုကလည်းအနည်းငယ်အေးစိမ့်နေသည်။ပန်းပင်ငယ်တစ်ချို့ကလည်းဖူးပွင့်လာပြီမလို့နောက်ရက်ကျမြို့ပေါ်ကိုသွားရောင်းရတော့မည်.။
ပြတင်းပေါက်တံခါးကိုဖွင့်လိုက်တာနဲ့ဆောင်းဦးလေပြေများတိုက်ခတ်လာသည်။အိမ်ရှေ့ကဂင်ဂိုရွက်တွေလည်းအဝါရောင်သန်းနေချေပြီ။မနက်ပိုင်းငရုတ်သီးဆွတ်ဖို့မေ့သွားတာမလို့ဂျီမင်ပြတင်းပေါက်ပိတ်ဖို့မေ့သွားကာခမောက်ဆောင်းရင်းအပြင်ကိုအမြန်ပြေးထွက်ရတော့သည်။
အဲ့ချိန်ဂင်ဂိုသစ်ရွက်ကြွေလေးသည်ဆောင်းဦးလေပြေနဲ့အတူအခန်းထဲလွင့်လာတော့သည်။အဲ့ပြတင်းပေါက်ကနေခွကျော်လာတဲ့ခြေတံဖြူဖြူလေး.
ခြံစည်းရိုးနဲ့ကပ်နေတဲ့ပြတင်းပေါက်ကနေကျော်လာတဲ့ကောင်လေးကအေးနေတဲ့ရာသီဉတုနှင့်မှမလိုက်.ဘောင်းဘီတိုနဲ့အင်ကျ.လက်ပြက်ကလေးကိုဝတ်ထားသည်။အိမ်ထဲကိုစူးစမ်းကြည့်ပြီးကုလားထိုငပေါ်ထိုင်ထားတဲ့စောင်ထူကြီးကိုတွေ့တာနဲ့ယူခြုံတော့သည်။အိမ်ကိုစောင်းကြီးခြုံပြီးဟိုသွားဒီသွားလုပ်ရင်းဉယျာဉ်မှူးရဲ့ကင်မ်ချီဟင်းရည်နဲ့ဝက်သားထမင်းကိုလည်းယူစားသည်။အချိုတည်းရန်ထားထားသောဖရဲသီးတွေကိုယူစားသည်။
YOU ARE READING
Window
Fanfictionအဲ့နေ့ကသူသာပြတင်းပေါက်ကိုပိတ်ထားမယ်ဆိုရင်ဒုက္ခလှလှလေးတွေလည်းဝင်လာနိုင်မှာမဟုတ်တော့ဘူး . One short~ . #3-Jijin~17.1.2023 #1-Jijin~6.2.2023