He

1.7K 160 37
                                    

This story can be an omegaverse or simple mpreg.
It depends on your own imagination.



Unicode


ဆောင်းဟွန်း ဒီနေ့ အလုပ်ကပြန်ရောက်လာတော့ ခါတိုင်းလို အိမ်ရှေ့ခန်းမှာရှိနေတတ်တဲ့ သူ့ချစ်သူလေး ကရှိမနေ။

အဲဒီအစား သူ့ရဲ့တရားဝင်အိမ်ထောင်ဖက် အမျိုးသားကလေးကတော့ ကုတင်မဝယ်နိုင်သေးတဲ့ သူတို့ရဲ့အိပ်ခန်းကျဉ်းကျဉ်းကလေးက မွေ့ရာပျော့ပျော့ကလေးထက် လှဲလျောင်းနေတာကိုတွေ့ရတာပါပဲ ။
အသက်ကိုမှန်မှန်ရှူပြီး အိပ်ပျော်နေတဲ့ပုံလေးက အပြစ်ကင်းပြီး ချစ်ဖို့ကောင်းလွန်းလို့ ဆောင်းဟွန်းခမျာ တစ်နေကုန် အချိန်ပိုင်းအလုပ်မျိုးစုံက ပင်ပန်းလာတွေကိုတောင် မေ့သွားရောပဲ ။

ချစ်ဖို့ကောင်းတဲ့ သူ့အပိုင်လေးမှာ တနေကုန် ဘယ်လောက်ပင်ပန်းနေလို့လဲမသိ ။ အိပ်ပျော်နေတာများ နှစ်နှစ်ခြိုက်ခြိုက် ။
လွတ်နေတဲ့ စောင်ကိုဆွဲယူလိုက်ရင်း ဆူထွက်နေတဲ့ ဗိုက်လုံးလုံးလေးကိုပါ လုံခြုံသွားအောင် ခြုံပေးပြီး နဖူးနုနုလေးကို သာသာကလေးနမ်းမိတဲ့အထိ ဆောင်းဟွန်းမှာ ကြည်နူးစိတ်အတိပဲရှိနေခဲ့တာပါ ။

ဒါပေမဲ့ ခပ်နွေးနွေးကလေး ပူနေတဲ့ နဖူးပြင်ကြောင့် ဆောင်းဟွန်းမှာ လက်တွေ့အခြေအနေတစ်ချို့ကို သတိဝင်လာပြီး သက်ပြင်းလေးလေးတွေက အပြုံးတွေအစား နေရာဝင်ယူကုန်လာတယ် ။

တကယ်တော့ ဆောင်းဟွန်းက ဂျယ်ယွန်းကို သိပ်အားနာနေတာ ။

သူသိပ်ချစ်ရတဲ့ ဒီအမျိုးသားသေးသေးလေးဟာ ဆောင်းဟွန်းကချစ်တာထက်ကို ဆောင်းဟွန်းကို ပိုချစ်ဟန်တူပါတယ် ။

ရွှေဇွန်းကိုက်ပြီး မွေးကတည်းက ပြည့်စုံနေတဲ့ သူ့ဘဝနဲ့ အသိုင်းအဝိုင်းတစ်ခုလုံးကို စွန့်ပစ်ပြီး ဆောင်းဟွန်းလို အခြေအနေမရှိတဲ့ သာမန်လူတန်းစား မိဘမဲ့တစ်ယောက်ရင်ခွင်ထဲကို ပစ်ဝင်လာခဲ့တာနဲ့တင် တခြားရှင်းပြစရာစကားလုံးတွေမလိုတော့ဘူးလေ ။

အချစ်တစ်ခုတည်းနဲ့ အရာရာကို မျက်စိမှိတ်ပြီး ဖြတ်ကျော်ဖို့တွေးထားဟန်ရှိတဲ့ သူချစ်တဲ့ အထက်တန်းလွှာက သခင်လေးက သူနဲ့အတူ ဘဝကိုဖြတ်သန်းရတဲ့အခါလည်း ဘယ်လိုအခက်အခဲတွေကြုံကြုံ ကြိတ်မှိတ်ပြီး သည်းခံနေရှာတာကို တွေ့ရတဲ့အခါ အားနာစိတ်ပိုရတာက ဆောင်းဟွန်း ။

You've reached the end of published parts.

⏰ Last updated: Jan 05, 2023 ⏰

Add this story to your Library to get notified about new parts!

REMEMBER | sj (m.p)Where stories live. Discover now